ဓါတ္ပုံ႐ိုက္ဖို႔ ဖဲ့ယူၾကတဲ့ ေ႐ႊျမန္မာ ေတြေၾကာင့္ ပ် က္စီးမႈ မ်ားျပားလာေနတဲ့ သႏၲာေက်ာက္တန္းမ်ား

Unicode

ဓါတ်ပုံရိုက်ဖို့ ဖဲ့ယူကြတဲ့ ရွှေမြန်မာ တွေကြောင့် ပျ က်စီးမှု များပြားလာနေတဲ့ သန္တာကျောက်တန်းများ

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း ပြင်ကောက် ကျေး ရွာအနီးက ပင်လယ်ကမ်းခြေရှိ သန္တာကျောက်တန်းများကို လာရောက်ကြည့်ရှု သူများလာသည့်အတွက် ကျိုးပဲ့ ပျက်စီးမှုများ ရှိလာနေ၍ ထိန်းသိမ်းရန် လို

အပ်လာနေကြောင်း သိရပါတယ်။ ၂ဝ၁၉ ခုနှစ်မှစ ၍ အဆိုပါ သန္တာကျောက်တန်းများကို လူသိများလာပြီး ယခုကဲ့သို့ ပွင့်လင်းရာသီတွင် လစဉ် ရာနှင့်ချီသည့် လည်ပတ် သူများက ကျောက်ခက်၊ ကျောက်

ပန်းများအား ချိုးဖဲ့ယူ၍ ဓာတ်ပုံ ရိုက်ခြင်း၊ အမှတ် တရအဖြစ် ချိုးယူဆောင်ခြင်းများကြောင့် တဖြည်း ဖြည်း ပျက်စီးလာ နေကြောင်း သိရပါတယ်။ သန္တာ ကျောက်တန်းဟာ သက်တမ်း သိပ်မရင့် သေးတဲ့အ

တွက် တက်နင်းမိ တာနဲ့ကို ကျိုးပါတယ်။ တချို့ကျတော့ အိမ်မှာအလှ ထားဖို့ဖြစ်ဖြစ် လက်ဆောင်ပေးဖို့ဖြစ်ဖြစ် ဖဲ့ယူသွားပါတယ်။ အချို့က ကိုင်ပြီး ဓါတ်ပုံရိုက်ဖို့ ဖဲ့ကြပါတယ်။ နှမြောဖို့ကောင်းပါတယ်။ ဒါ

တွေကို လာကြည့်တဲ့လူတွေကလည်း ဆင်ခြင်သင့်ပါတယ်။ ဒီလိုလုပ်နေကြရင် မကြာခင်ပျက်စီးသွားပါလိမ့်မယ်။ သန္တာကျောက်တန်း၊ ကျောက်ပန်းခက်များရှိသည့်နေရာမှာ ကမ်းခြေနှင့် ပေ ၃ဝဝ ကျော်

ပေါက်ရောက်နေ၍ လတစ်လ၏ ဒီရေတက်ကျချိန် ဖြစ်သည့်ရက်များတွင် လူအများ စုံပြုံကာ တက်နင်းကျော်ဖြတ် သွားကြည့် ကြပါတယ်။ မာန်အောင် မြို့ နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အဆိုပါ

သန္တာကျောက်တန်း အနီးတစ်ဝိုက်တွင် အသိပညာပေး ဆိုင်းဘုတ်များ ကပ်ထားပေးသော်လည်း လို က်နာသူ နည်းပါးနေ သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ကလည်း အဆိုပါသန္တာကျော

က်တန်းများမှ ကျောက်ပန်း၊ ကျောက်ခက် များကိုလာရောက် လေ့လာသူများက ချိုးဖဲ့ယူဆောင်မှုများရှိခဲ့ သည့်အတွက် လူမှုကွန်ရက်များတွင် ဝေဖန်ပြစ်တင်မှု များလည်းရှိခဲ့သည်။ သန္တာကျောက်တန်းများ

သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၂၅ သန်းခန့်ကတည်ရှိပြီး ကမ္ဘာ့ပင်လယ်ပြင်၏ သုည ဒဿမ ၂ ရာ ခိုင်နှုန်းကို ဖုံးလွှမ်းလျက်ရှိသည်ဟု သိရသည် အဆို ပါသန္တာကျောက်တန်းများတွင် မျိုးစိတ်ပေါင်း ၇ဝဝ

ကျော်ရှိပြီး ၎င်းတို့မှ ထုတ်လုပ်သော ပရိုတိန်းသည် ခရမ်းလွန် ရောင်ခြည်၏ ဘေးရန်ကို တွန်းလှန်ကာကွယ်ကာ လူသားမျိုးနွယ်စုနှင့် ရေနေသတ္တဝါများ ၏ အစာကွင်းဆက် များဖြစ်သည်ဟု သိရသည်။

ဒီရေရိုက်ခတ်မှု၊ မုန်တိုင်းတိုက်ခတ် မှုများကို ကာကွယ်ပေးသော ကြားခံဇုံ ဖြစ်၍ သန္တာကျောက်တန်းများ မပျက်စီးစေရန် ဂရုတစိုက် ကာကွယ်ထိန်းသိ မ်းရန်လို အပ်လျက်ရှိ သည်ဟု သိရသည်။

Crd

Zawgyi

ဓါတ္ပုံ႐ိုက္ဖို႔ ဖဲ့ယူၾကတဲ့ ေ႐ႊျမန္မာ ေတြေၾကာင့္ ပ် က္စီးမႈ မ်ားျပားလာေနတဲ့ သႏၲာေက်ာက္တန္းမ်ား

ရခိုင္ျပည္နယ္၊ မာန္ေအာင္ကြၽန္း ျပင္ေကာက္ ေက်း ႐ြာအနီးက ပင္လယ္ကမ္းေျခရွိ သႏၲာေက်ာက္တန္းမ်ားကို လာေရာက္ၾကည့္ရႈ သူမ်ားလာသည့္အတြက္ က်ိဳးပဲ့ ပ်က္စီးမႈမ်ား ရွိလာေန၍ ထိန္းသိမ္းရန္ လို

အပ္လာေနေၾကာင္း သိရပါတယ္။ ၂ဝ၁၉ ခုႏွစ္မွစ ၍ အဆိုပါ သႏၲာေက်ာက္တန္းမ်ားကို လူသိမ်ားလာၿပီး ယခုကဲ့သို႔ ပြင့္လင္းရာသီတြင္ လစဥ္ ရာႏွင့္ခ်ီသည့္ လည္ပတ္ သူမ်ားက ေက်ာက္ခက္၊ ေက်ာက္

ပန္းမ်ားအား ခ်ိဳးဖဲ့ယူ၍ ဓာတ္ပုံ ႐ိုက္ျခင္း၊ အမွတ္ တရအျဖစ္ ခ်ိဳးယူေဆာင္ျခင္းမ်ားေၾကာင့္ တျဖည္း ျဖည္း ပ်က္စီးလာ ေနေၾကာင္း သိရပါတယ္။ သႏၲာ ေက်ာက္တန္းဟာ သက္တမ္း သိပ္မရင့္ ေသးတဲ့အ

တြက္ တက္နင္းမိ တာနဲ႔ကို က်ိဳးပါတယ္။ တခ်ိဳ႕က်ေတာ့ အိမ္မွာအလွ ထားဖို႔ျဖစ္ျဖစ္ လက္ေဆာင္ေပးဖို႔ျဖစ္ျဖစ္ ဖဲ့ယူသြားပါတယ္။ အခ်ိဳ႕က ကိုင္ၿပီး ဓါတ္ပုံ႐ိုက္ဖို႔ ဖဲ့ၾကပါတယ္။ ႏွေျမာဖို႔ေကာင္းပါတယ္။ ဒါ

ေတြကို လာၾကည့္တဲ့လူေတြကလည္း ဆင္ျခင္သင့္ပါတယ္။ ဒီလိုလုပ္ေနၾကရင္ မၾကာခင္ပ်က္စီးသြားပါလိမ့္မယ္။ သႏၲာေက်ာက္တန္း၊ ေက်ာက္ပန္းခက္မ်ားရွိသည့္ေနရာမွာ ကမ္းေျခႏွင့္ ေပ ၃ဝဝ ေက်ာ္

ေပါက္ေရာက္ေန၍ လတစ္လ၏ ဒီေရတက္က်ခ်ိန္ ျဖစ္သည့္ရက္မ်ားတြင္ လူအမ်ား စုံၿပဳံကာ တက္နင္းေက်ာ္ျဖတ္ သြားၾကည့္ ၾကပါတယ္။ မာန္ေအာင္ ၿမိဳ႕ နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ အဆိုပါ

သႏၲာေက်ာက္တန္း အနီးတစ္ဝိုက္တြင္ အသိပညာေပး ဆိုင္းဘုတ္မ်ား ကပ္ထားေပးေသာ္လည္း လို က္နာသူ နည္းပါးေန ေသးေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂ဝ၂ဝ ျပည့္ႏွစ္ကလည္း အဆိုပါသႏၲာေက်ာ

က္တန္းမ်ားမွ ေက်ာက္ပန္း၊ ေက်ာက္ခက္ မ်ားကိုလာေရာက္ ေလ့လာသူမ်ားက ခ်ိဳးဖဲ့ယူေဆာင္မႈမ်ားရွိခဲ့ သည့္အတြက္ လူမႈကြန္ရက္မ်ားတြင္ ေဝဖန္ျပစ္တင္မႈ မ်ားလည္းရွိခဲ့သည္။ သႏၲာေက်ာက္တန္းမ်ား

သည္ လြန္ခဲ့ေသာ ႏွစ္သန္းေပါင္း ၂၂၅ သန္းခန႔္ကတည္ရွိၿပီး ကမာၻ႔ပင္လယ္ျပင္၏ သုည ဒႆမ ၂ ရာ ခိုင္ႏႈန္းကို ဖုံးလႊမ္းလ်က္ရွိသည္ဟု သိရသည္ အဆို ပါသႏၲာေက်ာက္တန္းမ်ားတြင္ မ်ိဳးစိတ္ေပါင္း ၇ဝဝ

ေက်ာ္ရွိၿပီး ၎တို႔မွ ထုတ္လုပ္ေသာ ပ႐ိုတိန္းသည္ ခရမ္းလြန္ ေရာင္ျခည္၏ ေဘးရန္ကို တြန္းလွန္ကာကြယ္ကာ လူသားမ်ိဳးႏြယ္စုႏွင့္ ေရေနသတၱဝါမ်ား ၏ အစာကြင္းဆက္ မ်ားျဖစ္သည္ဟု သိရသည္။

ဒီေရ႐ိုက္ခတ္မႈ၊ မုန္တိုင္းတိုက္ခတ္ မႈမ်ားကို ကာကြယ္ေပးေသာ ၾကားခံဇုံ ျဖစ္၍ သႏၲာေက်ာက္တန္းမ်ား မပ်က္စီးေစရန္ ဂ႐ုတစိုက္ ကာကြယ္ထိန္းသိ မ္းရန္လို အပ္လ်က္ရွိ သည္ဟု သိရသည္။

Crd