
Unicode

စွဲမက်ဖွယ်ကောင်းသော 6-packsကြွက်သားအပြည့်နှင့် ဝယ်သူများအား ဆွဲဆောင်နေသော ဖရဲသီးသည် နာမည်ကြီးနေ

အမျိုးသားများအနေနှင့် ခန္ဓာကိုယ်ကြွက်သားအလှ 6-packsအား လိုချင်ကြပြီး ထိုသို့ပြည့်စုံသူများကို အချို့သော မိန်းကလေးများမှာ မြင်ရင်လည်း ကြွေဆင်းကာ အားကျကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Ho Chi Minh City ခရိုင် ၁ လမ်းဘေးတွင် ခန္ဓာကိုယ်ကြွက်သားများအား ပေါ်အောင် အင်္ကျီမပါပဲ ဈေးရောင်းနေသော

မိုင်အန်တီအမည်ရှိအမျိုးသားသည်လူမှုကွန်ယက်တွင် ရေပန်းစားလျက်ရှိသည်။

အမျိုးသားသည်ကီချိနိုင်ငံသားဖြစ်ပြီးကိုးရီးယားအမည်အားဖြင့် Lewonဟု ခေါ်ဆိုပြီးအသက်၄၀အရွယ် အားကစားခန်းမတွင်

လေ့ကျင့်သူတစ်ဦးဖြစ်သည်။ယခုလိုထူးခြားသောအသွင်အပြင်နှင့်လမ်းဘေးတွင်ဖရဲသီးရောင်းနေရခြင်း အကြောင်းမှာဗီယက်နမ်ရှိ

အားကစားခန်းမအား ကြော်ငြာသည့် အနေနှင့် ဈေးသည်လုပ်နေရခြင်းဖြစ်သည်ဟု သိရသည်။

အမျိုးသားသည် လမ်းဘေးတွင် ဖရဲသီးလှည်းအား ရပ်ထားပြီး ဈေးဝယ်သူများအား ဆွဲဆောင်နေခြင်းဖြင့် လူတော်တော်များများလည်း ဝိုင်းကြည့်နေကြပြီး

ဖရဲသီးပဲဝယ်စားရမလား လူပဲထိုင်ကြည့်ရမလား ဆိုပြီး ဖြစ်နေကြသည်။

Crd

Zawgyi










Crd