သန႔္ရွင္းေရးလုပ္ေနရင္းသစ္႐ြက္မ်ားျဖင့္အသည္းပုံကိုပုံေဖာ္ကာအိမ္ကိုလြမ္းေဆြးတမ္းတေနခဲ့ရတဲ့ ျပည္ပေရာက္လုပ္သားတစ္ဦး

Unicode

သန့်ရှင်းရေးလုပ်နေရင်း သစ်ရွက်များဖြင့် အသည်းပုံကိုပုံဖော်ကာ အိမ်ကိုလွမ်းဆွေးတမ်းတနေခဲ့ရတဲ့ ပြည်ပရောက်လုပ်သားတစ်ဦး

ဒူဘိုင်းမြို့ရှိ Ramesh Gangarajam Gandi အမည်ရှိသန့်ရှင်းရေးလုပ်သားတစ်ဦးဟာ လူသွားလမ်းရှိသစ်ရွက်ခြောက်များကို သန့်ရှင်းရေးလုပ်နေရင်

း ကြမ်းပြင်ခင်းပေါ်မှာ သစ်ရွက်များဖြင့် အသည်းပုံကို ဖော်နေခဲ့ပါတယ်။ဂရုဏာသက်မိအောင်နှလုံးသားကို ထိမိသွားစေခဲ့တဲ့ ၎င်းဓာတ်ပုံဟာ

လူသိများပျံ့နှံ့သွားခဲ့ပြီးနောက်မှာ netizen များစွာက အဆိုပါအလုပ်သမားရဲ့အတွေးများကို အလွယ်တကူ ခန့်မှန်းမိကြောင်း အချင်းချင်းပြောဆိုနေခဲ့ကြပါတယ်။

တစ်ကယ်လည်း မိသားစုများနှင့် ဝေးကွာပြီး အလုပ်လုပ်နေရတဲ့အခြားလူများစွာကဲ့သို့နည်းတူ အဆိုပါသန့်ရှင်းရေးလုပ်သားအမျိုးသားဟာလည်း သူ့ရဲ့မိသားစုကို အရမ်းလွမ်းနေပြီး ၎င်းတို့နှင့် အတူတူ ရှိနေချင်ခဲ့ပါတယ်။

အဆိုပါအမျိုးသားက အိန္ဒိယနိုင်ငံ Telangana ပြည်နယ်ရှိ အိမ်စောင့်ဝန်ထမ်းတစ်ဦးအဖြစ်ကနေ သူ့မိသားစုကို ပိုမိုကောင်းမွန်တဲ့အနာဂတ်ဘဝကို ပေးနိုင်မယ့်အာမခံချက်ဖြင့် သူဟာ ဒူဘိုင်းမြို့သို့ ထွက်ခွါလာခဲ့တာပါ။

လူသွားလမ်းမှာ သန့်ရှင်းရေးလုပ်နေရင်း အရွက်များနှင့်သစ်ခက်များကို သူကိုယ်တိုင်သတိမထားမိလိုက်ဘဲ နှလုံးသားပုံအဖြစ်ဖန်တီးနေခဲ့တဲ့၎င်းအချိန်တုန်းက

သူဟာ တစ်နှစ်နီးပါးမျှမတွေ့ရတဲ့ Latha အမည်ရှိသူ့ရဲ့ဇနီးဖြစ်သူကို စဉ်းစားနေခဲ့ကြောင်း Ramesh အမည်ရှိအဆိုပါအမျိုးသားက နောက်ပိုင်းမှာ ပြန်လည်ပြောပြပေးခဲ့ပါတယ်။

တစ်စုံတစ်ယောက်က အတွေးတွေထွေပြားပြီး နှလုံးသားပုံဆွဲတဲ့သူ့ကို ရုတ်တရက်မြင်လိုက်တော့ ဓာတ်ပုံကို အမိအရရိုက်သွားခဲ့ပုံဘဲလို့ Ramesh က ဆိုထားခဲ့ပါတယ်။

ထို့နောက် Ramesh ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ဇနီးဖြစ်သူနှင့်လက်ထပ်ခဲ့ပြီး သူဟာ တစ်လအကြာမှာဘဲ အလုပ်လုပ်ဖို့ ဒူဘိုင်းသို့ လာခဲ့ရကြောင်းကို ပြောပြခဲ့ပါတယ်။

ထို့အပြင် “ ကျွန်တော်အပါအဝင် လူတိုင်းလိုလိုဟာ ယခုလိုကာလမှာ သူတို့ရဲ့မိသားစုဝင်တွေကို ပြန်တွေ့ရဖို့အတွက် စိုးရိမ်နေကြရတယ် ၊ ဒါဟာ

အိမ်နဲ့ဝေးရာမှာ အလုပ်လုပ်သွားလုပ်တဲ့လူတွေရဲ့ သောကပါဘဲ ၊ အဲ့တာတွေအပြင် ခရီးအသွားအလာကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ဟာ အိမ်လည်းမပြန်နိုင်ခဲ့ကြဘူး “လို့လည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။

သူ့ရဲ့အသည်းပုံရဲ့ဓာတ်ပုံကို ဇနီးဖြစ်သူက မြင်ခဲ့ရပြီးနောက်မှာ သူမက အရမ်းကိုပျော်ရွှင်နေခဲ့ရကြောင်းနှင့် သူက ၎င်းအသည်းပုံကိုဆွဲနေတဲ့အချိန်မှာ

ဘယ်သူက သူပုံကို ခိုးရိုက်နေခဲ့လဲဆိုတာကို တကယ်မသိသလို ၎င်းဓာတ်ပုံကို ပြန်မြင်တော့ သူ ထိတ်လန့်သွားခဲ့ရသေးကြောင်းကိုလည်း Ramesh က ထပ်မံ ပြောပြခဲ့ပါသေးတယ်။

Crd

Zawgyi

သန႔္ရွင္းေရးလုပ္ေနရင္း သစ္႐ြက္မ်ားျဖင့္ အသည္းပုံကိုပုံေဖာ္ကာ အိမ္ကိုလြမ္းေဆြးတမ္းတေနခဲ့ရတဲ့ ျပည္ပေရာက္လုပ္သားတစ္ဦး

ဒူဘိုင္းၿမိဳ႕ရွိ Ramesh Gangarajam Gandi အမည္ရွိသန႔္ရွင္းေရးလုပ္သားတစ္ဦးဟာ လူသြားလမ္းရွိသစ္႐ြက္ေျခာက္မ်ားကို သန႔္ရွင္းေရးလုပ္ေနရင္

း ၾကမ္းျပင္ခင္းေပၚမွာ သစ္႐ြက္မ်ားျဖင့္ အသည္းပုံကို ေဖာ္ေနခဲ့ပါတယ္။ဂ႐ုဏာသက္မိေအာင္ႏွလုံးသားကို ထိမိသြားေစခဲ့တဲ့ ၎ဓာတ္ပုံဟာ

လူသိမ်ားပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္မွာ netizen မ်ားစြာက အဆိုပါအလုပ္သမားရဲ႕အေတြးမ်ားကို အလြယ္တကူ ခန္႔မွန္းမိေၾကာင္း အခ်င္းခ်င္းေျပာဆိုေနခဲ့ၾကပါတယ္။

တစ္ကယ္လည္း မိသားစုမ်ားႏွင့္ ေဝးကြာၿပီး အလုပ္လုပ္ေနရတဲ့အျခားလူမ်ားစြာကဲ့သို႔နည္းတူ အဆိုပါသန႔္ရွင္းေရးလုပ္သားအမ်ိဳးသားဟာလည္း သူ႔ရဲ႕မိသားစုကို အရမ္းလြမ္းေနၿပီး ၎တို႔ႏွင့္ အတူတူ ရွိေနခ်င္ခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားက အိႏၵိယႏိုင္ငံ Telangana ျပည္နယ္ရွိ အိမ္ေစာင့္ဝန္ထမ္းတစ္ဦးအျဖစ္ကေန သူ႔မိသားစုကို ပိုမိုေကာင္းမြန္တဲ့အနာဂတ္ဘဝကို ေပးႏိုင္မယ့္အာမခံခ်က္ျဖင့္ သူဟာ ဒူဘိုင္းၿမိဳ႕သို႔ ထြက္ခြါလာခဲ့တာပါ။

လူသြားလမ္းမွာ သန္႔ရွင္းေရးလုပ္ေနရင္း အ႐ြက္မ်ားႏွင့္သစ္ခက္မ်ားကို သူကိုယ္တိုင္သတိမထားမိလိုက္ဘဲ ႏွလုံးသားပုံအျဖစ္ဖန္တီးေနခဲ့တဲ့၎အခ်ိန္တုန္းက

သူဟာ တစ္ႏွစ္နီးပါးမွ်မေတြ႕ရတဲ့ Latha အမည္ရွိသူ႔ရဲ႕ဇနီးျဖစ္သူကို စဥ္းစားေနခဲ့ေၾကာင္း Ramesh အမည္ရွိအဆိုပါအမ်ိဳးသားက ေနာက္ပိုင္းမွာ ျပန္လည္ေျပာျပေပးခဲ့ပါတယ္။

တစ္စုံတစ္ေယာက္က အေတြးေတြေထြျပားၿပီး ႏွလုံးသားပုံဆြဲတဲ့သူ႔ကို ႐ုတ္တရက္ျမင္လိုက္ေတာ့ ဓာတ္ပုံကို အမိအရ႐ိုက္သြားခဲ့ပုံဘဲလို႔ Ramesh က ဆိုထားခဲ့ပါတယ္။

ထို႔ေနာက္ Ramesh ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွာ ဇနီးျဖစ္သူႏွင့္လက္ထပ္ခဲ့ၿပီး သူဟာ တစ္လအၾကာမွာဘဲ အလုပ္လုပ္ဖို႔ ဒူဘိုင္းသို႔ လာခဲ့ရေၾကာင္းကို ေျပာျပခဲ့ပါတယ္။

ထို႔အျပင္ “ ကြၽန္ေတာ္အပါအဝင္ လူတိုင္းလိုလိုဟာ ယခုလိုကာလမွာ သူတို႔ရဲ႕မိသားစုဝင္ေတြကို ျပန္ေတြ႕ရဖို႔အတြက္ စိုးရိမ္ေနၾကရတယ္ ၊ ဒါဟာ

အိမ္နဲ႔ေဝးရာမွာ အလုပ္လုပ္သြားလုပ္တဲ့လူေတြရဲ႕ ေသာကပါဘဲ ၊ အဲ့တာေတြအျပင္ ခရီးအသြားအလာကန႔္သတ္ခ်က္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ဟာ အိမ္လည္းမျပန္ႏိုင္ခဲ့ၾကဘူး “လို႔လည္း ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

သူ႔ရဲ႕အသည္းပုံရဲ႕ဓာတ္ပုံကို ဇနီးျဖစ္သူက ျမင္ခဲ့ရၿပီးေနာက္မွာ သူမက အရမ္းကိုေပ်ာ္႐ႊင္ေနခဲ့ရေၾကာင္းႏွင့္ သူက ၎အသည္းပုံကိုဆြဲေနတဲ့အခ်ိန္မွာ

ဘယ္သူက သူပုံကို ခိုး႐ိုက္ေနခဲ့လဲဆိုတာကို တကယ္မသိသလို ၎ဓာတ္ပုံကို ျပန္ျမင္ေတာ့ သူ ထိတ္လန္႔သြားခဲ့ရေသးေၾကာင္းကိုလည္း Ramesh က ထပ္မံ ေျပာျပခဲ့ပါေသးတယ္။

Crd