ႏွစ္ေပါင္း ၂၅၀၀ သက္တမ္းရွိတာေတာင္ လုံးဝေဟာင္းႏြမ္းသြားျခင္းမရွိတဲ့ Goujian ဘုရင္ရဲ႕ ဓား

ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့ဟာ၁၉၆၅ခုနှစ်ကတရုတ်နိုင်ငံHubeiပြည်နယ်ကရှေးဟောင်းသင်္ချိုင်းတစ်ခုမှာအရိုးစုဘေးရှိသစ်သားသေတ္တာအတွင်းကနေ အံဖွယ်ဓားတစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သမိုင်းပညာရှင်များရဲ့ လေ့လာချက်အရ ဒီဓားဟာ ရှေးနှစ်ပေါင်း ၂၅၀၀ ခန့်(ဘီစီ ၄၉၆) ဝန်းကျင်မှာ စိုးစံခဲ့တဲ့ Yue ရဲ့ ရှေးဘုရင် Goujian က ပိုင်ဆိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဲဒီနောက်မှာတော့ ဒီရှေးဟောင်းဓားကို Sword of Goujian လို့ ခေါ်ခဲ့ကြပါတယ်။

အံ့သြစရာကောင်းတာကတော့ နှစ် ၂၅၀၀ သက်တမ်းရှိတဲ့ တရုတ်ဓားဟာ ဟောင်းနွမ်းခြင်းမရှိတဲ့အပြင် အသစ်အတိုင်းနဲ့ စာရွက် အရွက် ၂၀ ကို လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

ဓားထိပ်ကနေ လက်ကိုင်အထိကို အရှည် ၂၂ လက်မ ရှိပြီး သူ့ရဲ့ အောက်ခြေမှာ ရှေးဟောင်းစာများနှင့် ကမ္ပည်းရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီဓားကို ယွီဘုရင်ဟာ ကိုယ်ရေးကိုယ်တာအသုံးပြုဖို့အတွက်သာ ထုလုပ်ထားပုံပေါ်တယ်လို့ ပညာရှင်များက ယူဆထားကြပါတယ်။

ရှေးခေတ် တရုတ်စစ်သည်တော်များဟာ ရန်သူများကို တိုက်ခိုက်ရာမှာ အံ့ဖွယ်ဓားများကို ကိုင်ဆောင်ကြသလိုအသက်အန္တရယ်ကာကွယ်တဲ့ သံချပ်ကာများကိုလည်း ဝတ်ဆင်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုခေတ်ကာလများကဓားပန်းထိမ်ဆရာအများအပြားဟာသူတို့ရဲ့စစ်သည်တော်များနှင့်ထင်ရှားကျော်ကြားတဲ့ရုပ်ပုံများကိုစိတ်ကြိုက်ပုံဖော်ပြီး ဓားများကို အကောင်းဆုံး ထုလုပ်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်သည်တော်များအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဓားတွေကို အဓိကထားလုပ်ကြတာ ဖြစ်ပါတယ်။ ဓားတွေကို အများအားဖြင့် ကြေးနှင့်ကြေးနီကဲ့သို့သော အရည်အသွေးမြင့် ပစ္စည်းများဖြင့် ထုလုပ်ထားတာဖြစ်ပါတယ်။

ဓားရဲ့ လက်ကိုင်များကိုလည်း ထင်ပေါ်မှုရှိအောင် အဖိုးတန်ကျောက်မျက်ရတနာများ နှင့် သလင်းကျောက်များဖြင့် အလှဆင်ထားတာပါ။

တစ်ခါတလေ မှာတော့ လူအများ ငေးမောစရာဖြစ်အောင် ဆွဲဆောင်မှုရှိတဲ့ အချို့ပုံစံများဖြင့် အလှဆင်ထားကြတာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ဓားတွေရဲ့အရည်အသွေးကိုကြည့်ခြင်းအားဖြင့်လည်းကိုင်ဆောင်ခဲ့သူရဲ့ထင်ရှားကျော်ကြားမှုကိုအဲ့ဒီခေတ်ကတွက်ဆနိုင်တယ်လို့ ဆိုပါတယ်။ Credit

Zawgyi

ေရွးေဟာင္းသုေတသနအဖြဲ႕တစ္ဖြဲ႕ဟာ၁၉၆၅ခုႏွစ္ကတ႐ုတ္ႏိုင္ငံHubeiျပည္နယ္ကေရွးေဟာင္းသခ်ႋဳင္းတစ္ခုမွာအ႐ိုးစုေဘးရွိသစ္သားေသတၱာအတြင္းကေန အံဖြယ္ဓားတစ္ေခ်ာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

သမိုင္းပညာရွင္မ်ားရဲ႕ ေလ့လာခ်က္အရ ဒီဓားဟာ ေရွးႏွစ္ေပါင္း ၂၅၀၀ ခန္႔(ဘီစီ ၄၉၆) ဝန္းက်င္မွာ စိုးစံခဲ့တဲ့ Yue ရဲ႕ ေရွးဘုရင္ Goujian က ပိုင္ဆိုင္ခဲ့တာလို႔ ဆိုပါတယ္။

အဲဲဒီေနာက္မွာေတာ့ ဒီေရွးေဟာင္းဓားကို Sword of Goujian လို႔ ေခၚခဲ့ၾကပါတယ္။

အံ့ၾသစရာေကာင္းတာကေတာ့ ႏွစ္ ၂၅၀၀ သက္တမ္းရွိတဲ့ တ႐ုတ္ဓားဟာ ေဟာင္းႏြမ္းျခင္းမရွိတဲ့အျပင္ အသစ္အတိုင္းနဲ႔ စာ႐ြက္ အ႐ြက္ ၂၀ ကို လြယ္လြယ္ကူကူ ျဖတ္ေတာက္ႏိုင္ခဲ့ပါတယ္။

ဓားထိပ္ကေန လက္ကိုင္အထိကို အရွည္ ၂၂ လက္မ ရွိၿပီး သူ႔ရဲ႕ ေအာက္ေျခမွာ ေရွးေဟာင္းစာမ်ားႏွင့္ ကမၸည္းေရးထိုးထားတာ ျဖစ္ပါတယ္။

ဒီဓားကို ယြီဘုရင္ဟာ ကိုယ္ေရးကိုယ္တာအသုံးျပဳဖို႔အတြက္သာ ထုလုပ္ထားပုံေပၚတယ္လို႔ ပညာရွင္မ်ားက ယူဆထားၾကပါတယ္။

ေရွးေခတ္ တ႐ုတ္စစ္သည္ေတာ္မ်ားဟာ ရန္သူမ်ားကို တိုက္ခိုက္ရာမွာ အံ့ဖြယ္ဓားမ်ားကို ကိုင္ေဆာင္ၾကသလိုအသက္အႏၲရယ္ကာကြယ္တဲ့ သံခ်ပ္ကာမ်ားကိုလည္း ဝတ္ဆင္ၿပီး တိုက္ပြဲဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ထိုေခတ္ကာလမ်ားကဓားပန္းထိမ္ဆရာအမ်ားအျပားဟာသူတို႔ရဲ႕စစ္သည္ေတာ္မ်ားႏွင့္ထင္ရွားေက်ာ္ၾကားတဲ့႐ုပ္ပုံမ်ားကိုစိတ္ႀကိဳက္ပုံေဖာ္ၿပီး ဓားမ်ားကို အေကာင္းဆုံး ထုလုပ္ၾကတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ စစ္သည္ေတာ္မ်ားအတြက္ အေရးႀကီးဆုံးျဖစ္တဲ့ ဓားေတြကို အဓိကထားလုပ္ၾကတာ ျဖစ္ပါတယ္။ ဓားေတြကို အမ်ားအားျဖင့္ ေၾကးႏွင့္ေၾကးနီကဲ့သို႔ေသာ အရည္အေသြးျမင့္ ပစၥည္းမ်ားျဖင့္ ထုလုပ္ထားတာျဖစ္ပါတယ္။

ဓားရဲ႕ လက္ကိုင္မ်ားကိုလည္း ထင္ေပၚမႈရွိေအာင္ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား ႏွင့္ သလင္းေက်ာက္မ်ားျဖင့္ အလွဆင္ထားတာပါ။

တစ္ခါတေလ မွာေတာ့ လူအမ်ား ေငးေမာစရာျဖစ္ေအာင္ ဆြဲေဆာင္မႈရွိတဲ့ အခ်ိဳ႕ပုံစံမ်ားျဖင့္ အလွဆင္ထားၾကတာ ျဖစ္ပါတယ္။

ထူးျခားတာကေတာ့ဓားေတြရဲ႕အရည္အေသြးကိုၾကည့္ျခင္းအားျဖင့္လည္းကိုင္ေဆာင္ခဲ့သူရဲ႕ထင္ရွားေက်ာ္ၾကားမႈကိုအဲ့ဒီေခတ္ကတြက္ဆႏိုင္တယ္လို႔ ဆိုပါတယ္။ Credit