ယုန္တစ္ေကာင္ငါးက်ပ္… မစားနဲ႔။ ငါးဆယ္ျဖစ္မွ စားပါ…(ပညာေပးပံုျပင္ေလးပါ။)

ယုန်တစ်ကောင်ငါးကျပ်… မစားနဲ့။ ငါးဆယ်ဖြစ်မှ စားပါ…(ပညာပေးပုံပြင်လေးပါ။)

တစ်ခါကသားအဖနှစ်ယောက် အလွန်စည်ကားသော ဈေးကြီးတစ်ဈေးအတွင်းသို့ ရောက်ရှိလာသောအခါအသက်၁၀နှစ်ခန့်ရှိသားငယ်မှ အဖေဖြစ်သူအား ဗိုက်ဆာတယ်အဖေ ရှေ့မှာယုန်ကင်တွေရောင်းနေတယ်… သားကိုဝယ်ကျွေးပါတဲ့…။

သား… တစ်ကောင်ဘယ်လောက်လဲ သွားမေးလိုက်လို့ …အဖေကပြောလိုက်ပါတယ်။ အဲ့ဒါနဲ့သားဖြစ်သူလည်း ယုန်ကင်သည်ကိုသွားမေးတော့… ယုန်တစ်ကောင်ငါးကျပ်လို့ဈေးသည်ကပြန်ပြောပါတယ်။

သားဖြစ်သူလည်း အဖေတစ်ကောင်ငါးကျပ်တဲ့ဗျ…။ သားကိုဝယ်ကျွေးနော်ဆိုတော့… အေဖက သူ၏လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တစ်ဆယ်တန်လေးတစ်ရွက်ကိုကြည့်ရင်း အံကိုကြိတ်ပြီး သားဖြစ်သူကိုပြောလိုက်ပါတယ်။

ယုန်တစ်ကောင်ကိုငါးကျပ်တဲ့လား… မစားပါနဲ့အုံးသားရယ်။ လာသွားရအောင် သား… ဗိုက်ဆာနေရင်အဖေတခြားဟာ ဝယ်ကျွေးပါ့မယ်လို့ပြောပြီး သားဖြစ်သူရဲ့လက်ကိုဆွဲပြီး အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ်။

ပြီးတော့မှ ဘိန်းမုန့်၂ခုတစ်ကျပ်ဖိုး သားဖြစ်သူဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ပါတယ်။ ဒီလိုနဲ့နောင်၁၅နှစ်လောက်ကြာတဲ့အခါ အဲဒီဈေးကြီးထဲကိုပဲ သားအဖနှစ်ယောက် ပြန်ရောက်လာတဲ့အခါ သားဖြစ်သူက ပူဆာပြန်ပါတယ်…။

အဖေ ဟိုမှာယုန်ကင်သည်ရှိသေးတယ်ဗျ… သားကို ယုန်ကင်တစ်ကောင်လောက် ဝယ်ကျွေးပါဆိုတော့…အေဖက သား..တစ်ကောင်ဘယ်လောက်လဲ သွားမေးချည်ဆိုတော့…

လွန်ခဲ့တဲ့ ၁၅နှစ်လောက်က တစ်ကောင်ငါးကျပ်သာရှိတဲ့ယုန်ကင်ဟာ အခု တစ်ကောင်ငါးဆယ်ဖြစ်နေပါပြီ။ ဟာ… အဖေဈေးကြီးလိုက်တာ တစ်ကောင်ငါးဆယ်တဲ့ဗျ…။

ဒီမှာသား ငါးဆယ်မကလို့ ငါးထောင်ဖြစ်နေပါစေ… အခုအချိန်မှာ ငါ့သားစားချင်ရင် တစ်ကောင်မဟုတ်ဘူး နှစ်ကောင်စားလို့… အဖေကပြောတဲ့အခါ

သားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့ ဟင်! ဟိုတခါ သားစားချင်တယ်ဆိုတော့ အဖေ သားကိုဝယ်မကျွေးပဲ အခုကြ နှစ်ကောင်တောင် ဝယ်ကျွေးနေပါ့လားအဖေရ… ဆိုတော့

ဒီမှာသား… ဟိုတခါ အဖေဝယ်မကျွေးခဲ့တာ အဲဒီတုန်းက သားအဖနှစ်ယောက်ဆင်းဆင်းရဲရဲနဲ့ ဘဝကိုဖြတ်သန်းနေတဲ့အချိန်မှာ အဖေ့လက်ထဲ တစ်ဆယ်တန်လေးတစ်ရွက်ပဲ ရှိတယ်ငါ့သား…။

အဲဒီအချိန်တုန်းက ယုန်တစ်ကောင်ငါးကျပ်အဖေဝယ်ကျွေးရင် ရနိုင်ပေမဲ့ အဖေ့လက်ထဲမှာ ကျန်ခဲ့မဲ့ငါးကျပ်တန်တစ်ရွက်က အဖေတို့သားအဖနှစ်ယောက် မနက်ဖြန်အတွက် တကယ်လိုအပ်မဲ့ ဆန်၊ ဆီ၊ ဆား စတာတွေကိုဝယ်ဖို့ မလုံလောက်ဘူးသား။

အဲ့ဒါကြောင့် သားကိုဝယ်ကျွေးချင်တဲ့ဆန္ဒကို ချိုးနှိမ်ပြီး ဘိန်းမုန့်၂ခု တစ်ကျပ်ဖိုးသာ အဖေဝယ်ကျွေးခဲ့တာပါ။ အခုအဖေတို့က အရင်တုန်းကလိုမဟုတ်တော့ဘူးလေ။ အခုအဖေတို့ချမ်းသာနေပြီ။

ငါ့သားစားချင်တာ လုပ်ချင်တာမှန်သမျှကို အခုအချိန်မှာ အဖေအကုန်လုပ်ပေးနိုင်တယ်ငါ့သားတဲ့…။ ပုံပြင်လေးကတော့ဒါပါပဲ…

ကျွန်တော်တို့တစ်တွေလည်း ဘဝကို ကိုယ့်အားကိုယ်ကိုးဖြတ်သန်းနေကြတဲ့အချိန်မှာ လိုချင်တာ.လုပ်ချင်တာ ဝတ်ချင်တာ စားချင်တာမှန်သမျှကို ပုံပြင်ထဲက အဖေဖြစ်သူလို ဆန္ဒကို ချိုးနှိမ်ထားရပါမယ်။

ကိုယ့်ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာ ပိုက်ဆံရှိချမ်းသာနေတဲ့သူတွေနဲ့ လိုက်ပြီး တန်းမညှိသင့်ပါဘူး.…။ ဥပမာတစ်ခုပြောရရင် အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့ သူတစ်ယောက်ဟာ ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီး စားနိုင်ပါတယ်။

အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး ဝတ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ခင်ဗျားတို့တစ်တွေဟာ အမြဲတမ်းမဟုတ်ပေမဲ့ အခါအားလျှော်စွာ သူဌေးတွေလို ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်သလို

အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး လိုက်ဝတ်နိုင်ပါတယ်.. ဒါပေမဲ့ တန်ဘိုးချင်းတူပေမဲ့ေ ပးဆပ်ရပုံချင်း မတူပါဘူး … ပိုက်ဆံချမ်းသာတဲ့သူဌေးတစ်ယောက်ရဲ့ လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းဟာ မိနစ်ပိုင်းလေးနဲ့ဖြစ်နိုင်ပေမဲ့

ကျွန်တော်တို့တွေရဲ့လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းကတော့ မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပါပဲ နောက်ဆုံးစကားအနေနဲ့ ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ ငါးဆယ်ဖြစ်မှစား.. လို့ပြောလိုက်ပါရစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

ယုန္တစ္ေကာင္ငါးက်ပ္… မစားနဲ႔။ ငါးဆယ္ျဖစ္မွ စားပါ…(ပညာေပးပံုျပင္ေလးပါ။)

တစ္ခါကသားအဖႏွစ္ေယာက္ အလြန္စည္ကားေသာ ေစ်းႀကီးတစ္ေစ်းအတြင္းသို႔ ေရာက္ရွိလာေသာအခါ အသက္၁၀ႏွစ္ခန္႔ရွိသားငယ္မွ အေဖျဖစ္သူအား ဗိုက္ဆာတယ္အေဖေေရွ႕မွာယုန္ကင္ေတြေရာင္းေနတယ္… သားကိုဝယ္ေကြၽးပါတဲ့…။

သား… တစ္ေကာင္ဘယ္ေလာက္လဲ သြားေမးလိုက္လို႔ …အေဖကေျပာလိုက္ပါတယ္။ အဲ့ဒါနဲ႔သားျဖစ္သူလည္း ယုန္ကင္သည္ကိုသြားေမးေတာ့… ယုန္တစ္ေကာင္ငါးက်ပ္လို႔ေစ်းသည္ကျပန္ေျပာပါတယ္။

သားျဖစ္သူလည္း အေဖတစ္ေကာင္ငါးက်ပ္တဲ့ဗ်…။ သားကိုဝယ္ေကြၽးေနာ္ဆိုေတာ့… ေအဖက သူ၏လက္ထဲက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ့ တစ္ဆယ္တန္ေလးတစ္႐ြက္ကိုၾကည့္ရင္း အံကိုႀကိတ္ၿပီး သားျဖစ္သူကိုေျပာလိုက္ပါတယ္။

ယုန္တစ္ေကာင္ကိုငါးက်ပ္တဲ့လား… မစားပါနဲ႔အုံးသားရယ္။ လာသြားရေအာင္ သား… ဗိုက္ဆာေနရင္အေဖတျခားဟာ ဝယ္ေကြၽးပါ့မယ္လို႔ေျပာၿပီး သားျဖစ္သူရဲ႕လက္ကိုဆြဲၿပီး အဲ့ဒီေနရာကေန ထြက္လာခဲ့တယ္။

ၿပီးေတာ့မွ ဘိန္းမုန္႔၂ခုတစ္က်ပ္ဖိုး သားျဖစ္သူဗိုက္ျပည့္ေစဖို႔ ဝယ္ေကြၽးခဲ့ပါတယ္။ ဒီလိုနဲ႔ေနာင္၁၅ႏွစ္ေလာက္ၾကာတဲ့အခါ အဲဒီေစ်းႀကီးထဲကိုပဲ သားအဖႏွစ္ေယာက္ ျပန္ေရာက္လာတဲ့အခါ သားျဖစ္သူက ပူဆာျပန္ပါတယ္…။

အေဖ ဟိုမွာယုန္ကင္သည္ရွိေသးတယ္ဗ်… သားကို ယုန္ကင္တစ္ေကာင္ေလာက္ ဝယ္ေကြၽးပါဆိုေတာ့…ေအဖက သား..တစ္ေကာင္ဘယ္ေလာက္လဲ သြားေမးခ်ည္ဆိုေတာ့…

လြန္ခဲ့တဲ့ ၁၅ႏွစ္ေလာက္က တစ္ေကာင္ငါးက်ပ္သာရွိတဲ့ယုန္ကင္ဟာ အခု တစ္ေကာင္ငါးဆယ္ျဖစ္ေနပါၿပီ။ ဟာ… အေဖေစ်းႀကီးလိုက္တာ တစ္ေကာင္ငါးဆယ္တဲ့ဗ်…။

ဒီမွာသား ငါးဆယ္မကလို႔ ငါးေထာင္ျဖစ္ေနပါေစ… အခုအခ်ိန္မွာ ငါ့သားစားခ်င္ရင္ တစ္ေကာင္မဟုတ္ဘူး ႏွစ္ေကာင္စားလို႔… အေဖကေျပာတဲ့အခါ

သားျဖစ္သူက အံ့ၾသတဲ့မ်က္ႏွာနဲ႔ ဟင္! ဟိုတခါ သားစားခ်င္တယ္ဆိုေတာ့ အေဖ သားကိုဝယ္မေကြၽးပဲ အခုၾက ႏွစ္ေကာင္ေတာင္ ဝယ္ေကြၽးေနပါ့လားအေဖရ… ဆိုေတာ့

ဒီမွာသား… ဟိုတခါ အေဖဝယ္မေကြၽးခဲ့တာ အဲဒီတုန္းက သားအဖႏွစ္ေယာက္ဆင္းဆင္းရဲရဲနဲ႔ ဘဝကိုျဖတ္သန္းေနတဲ့အခ်ိန္မွာ အေဖ့လက္ထဲ တစ္ဆယ္တန္ေလးတစ္႐ြက္ပဲ ရွိတယ္ငါ့သား…။

အဲဒီအခ်ိန္တုန္းက ယုန္တစ္ေကာင္ငါးက်ပ္အေဖဝယ္ေကြၽးရင္ ရႏိုင္ေပမဲ့ အေဖ့လက္ထဲမွာ က်န္ခဲ့မဲ့ငါးက်ပ္တန္တစ္႐ြက္က အေဖတို႔သားအဖႏွစ္ေယာက္ မနက္ျဖန္အတြက္ တကယ္လိုအပ္မဲ့ ဆန္၊ ဆီ၊ ဆား စတာေတြကိုဝယ္ဖို႔ မလုံေလာက္ဘူးသား။

အဲ့ဒါေၾကာင့္ သားကိုဝယ္ေကြၽးခ်င္တဲ့ဆႏၵကို ခ်ိဳးႏွိမ္ၿပီး ဘိန္းမုန္႔၂ခု တစ္က်ပ္ဖိုးသာ အေဖဝယ္ေကြၽးခဲ့တာပါ။ အခုအေဖတို႔က အရင္တုန္းကလိုမဟုတ္ေတာ့ဘူးေလ။ အခုအေဖတို႔ခ်မ္းသာေနၿပီ။

ငါ့သားစားခ်င္တာ လုပ္ခ်င္တာမွန္သမွ်ကို အခုအခ်ိန္မွာ အေဖအကုန္လုပ္ေပးႏိုင္တယ္ငါ့သားတဲ့…။ ပုံျပင္ေလးကေတာ့ဒါပါပဲ…

ကြၽန္ေတာ္တို႔တစ္ေတြလည္း ဘဝကို ကိုယ့္အားကိုယ္ကိုးျဖတ္သန္းေနၾကတဲ့အခ်ိန္မွာ လိုခ်င္တာ.လုပ္ခ်င္တာ ဝတ္ခ်င္တာ စားခ်င္တာမွန္သမွ်ကို ပုံျပင္ထဲက အေဖျဖစ္သူလို ဆႏၵကို ခ်ိဳးႏွိမ္ထားရပါမယ္။

ကိုယ့္ဘဝရပ္တည္ဖို႔ ခက္ခဲေနတဲ့အခ်ိန္မွာ ပိုက္ဆံရွိခ်မ္းသာေနတဲ့သူေတြနဲ႔ လိုက္ၿပီး တန္းမညႇိသင့္ပါဘူး.…။ ဥပမာတစ္ခုေျပာရရင္ အခုလက္ရွိ ပိုက္ဆံခ်မ္းသာတဲ့ သူတစ္ေယာက္ဟာ ထမင္းတစ္ပြဲ ၁၀,၀၀၀ေပးၿပီး စားႏိုင္ပါတယ္။

အက်ႌတစ္ထည္ ၅၀,၀၀၀ေပးၿပီး ဝတ္ႏိုင္ပါတယ္။ အဲ့ဒီလိုပဲ ကြၽန္ေတာ္တို႔ခင္ဗ်ားတို႔တစ္ေတြဟာ အၿမဲတမ္းမဟုတ္ေပမဲ့ အခါအားေလွ်ာ္စြာ သူေဌးေတြလို ထမင္းတစ္ပြဲ ၁၀,၀၀၀ေပးၿပီးစားႏိုင္သလို

အက်ႌတစ္ထည္ ၅၀,၀၀၀ေပးၿပီး လိုက္ဝတ္ႏိုင္ပါတယ္.. ဒါေပမဲ့ တန္ဘိုးခ်င္းတူေပမဲ့ေ ပးဆပ္ရပုံခ်င္း မတူပါဘူး … ပိုက္ဆံခ်မ္းသာတဲ့သူေဌးတစ္ေယာက္ရဲ႕ လုပ္အားနဲ႔ရတဲ့ေငြတစ္သိန္းဟာ မိနစ္ပိုင္းေလးနဲ႔ျဖစ္ႏိုင္ေပမဲ့

ကြၽန္ေတာ္တို႔ေတြရဲ႕လုပ္အားနဲ႔ရတဲ့ေငြတစ္သိန္းကေတာ့ မိနစ္ပိုင္းေလးနဲ႔မျဖစ္ႏိုင္လို႔ပါပဲ ေနာက္ဆုံးစကားအေနနဲ႔ ယုန္တစ္ေကာင္ငါးက်ပ္ မစားနဲ႔ ငါးဆယ္ျဖစ္မွစား.. လို႔ေျပာလိုက္ပါရေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။