ဘယ္ေတာ့မွ ခ်မ္းသာလာဖို႔မရွိတဲ့ လူတစ္ေယာက္ရဲ့ စရိုက္လကၡဏာမ်ား

ဘယ်တော့မှ ချမ်းသာလာဖို့မရှိတဲ့ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာများ

သင်လည်း ဒီအချက်တွေထဲမှာ တစ်ခုခုနဲ့ ငြိနေရင် အချိန်မီ ပြင်ဆင်နိုင်ဖို့ပါ

လူတိုင်း လူချမ်းသာ ဖြစ်ချင်ကြပါလိမ့်မယ်။ မချမ်းသာချင်တဲ့သူကတော့ ခပ်ရှားရှားပါ။ ဆိုတော့ လူတိုင်း လူချမ်းသာဖြစ်ချင်ပေမယ့်

ဘာလို့ အခြားလူနည်းစုတွေလို့ အခုထိမချမ်းသာသေးတာလဲဆိုတာ သိဖို့လိုပါတယ်။ အခု ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ လူချမ်းသာမဖြစ်မယ့် စရိုက်လက္ခဏာတွေပါ

(၁) အလုပ်မရှိတဲ့လူ

ဒါကတော့ရှင်းပါတယ်။ အလုပ်မရှိဘူးဆိုရင် ချမ်းသာဖို့ လမ်းစမရှိဘူးဆိုတဲ့ သဘောပါ။ မိဘအမွေက ဆယ်သက်စာလောက် ထိုင်စားလို့ မကုန်ဘူးဆိုရင်တော့ ခြွင်းချက်ပေါ့။

မိမွေးတိုင်းဖမွေးတိုင်း ခပ်ယိုင်ယိုင် ဘဝကို ဖြတ်သန်းရသူအတွေအဖို့ အလုပ်ရှိခြင်းမရှိခြင်းက တကယ် ချမ်းသာဖို့ ရှိခြင်းမရှိခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

(၂) ဝင်ငွေထက် ထွက်ငွေက ပိုများနေသူ

ဒါကလည်း ရှင်းပါတယ်။ လူတစ်ယောက်ဟာ ကိုယ်ရှာနိုင်တာထက် ပိုသုံးရင် ဘယ်မှာ ချမ်းသာတော့မှာလဲ။ တစ်ခြားအဓိပ္ပါယ်က ကိုယ်ရှာနိုင်တာထက် ပိုသုံးဖို့အတွက် အခြား ငွေတိုးပေးသူတွေထံကနေ

ပိုက်ဆံ မဖြစ်မနေ ယူရတော့မှာပါ။ ဒီအကျင့်ကိုသာ မဖျောက်နိုင်ရင် သင်ဟာ ချမ်းသာဖို့ မပြောပါနဲ့ အကြွေးနွံနစ်ပြီး ခေါင်းတောင် ထူနိုင်မှာ မဟုတ်ပါဘူး။

(၃) ငွေစုဆောင်းတဲ့အကျင့် မရှိသူ

အလုပ်ရှိတဲ့လူတိုင်း ချမ်းသာလိမ့်မယ်လို့တော့ ကံသေကံမ ပြောလို့မရပါဘူး။ ဒါပေမယ့် ဝင်ငွေရှိနေတာက ဝင်ငွေမရှိတဲ့လူထက်တော့ ချမ်းသာဖို့ နီးစပ်ပါတယ်။ သို့သော်လည်း ဘယ်လိုအခြေအနေမှာ

ချမ်းသာဖို့ အခွင့်အလန်းပိုရှိမလဲဆိုတော့ ကိုယ်ရှာထားတဲ့ငွေကို အသုံးနဲ့အဖြုန်း ခွဲခြားပြီး၊ စုသင့်တန်စု တတ်မယ့် အရည်အချင်း ပိုင်ဆိုင်ဖို့ လိုပါတယ်။ ငွေကို တစ်ခြားနည်းနဲ့ ပိုများအောင် လုပ်တတ်ဖို့ လိုပါတယ်။ ဥပမာ ရင်းနီးမြှုပ်နှံမှုမျိုးပေါ့။

(၄) အပျော်အပါး လောင်းကစား မူးယစ်ဆေး မက်မောသူ

ဒီအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီရင် ချမ်းသာဖို့ မရှိပါဘူး။ ချမ်းသာနေတဲ့သူတွေတောင် ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေရင်တော့ ရှိသမျှပြောင်ပြီး မွဲဖို့သာ ရှိပါတယ်။

သာမန်စွဲလန်းတာမျိုးမဟုတ်ဘဲ၊ အလွန်အကျွံစွဲလန်းရင် စွဲလန်းသလောက် သင့်ပိုင်ဆိုင်မှုမှန်သမျှကို လုံးပါးပါးစေမှာပါ။ ဘယ်တော့မှ အစမပြုမိပါစေနဲ့။

(၅) လက်ဖွာသူ

လှူတာတန်းတာဟာ ကုသိုလ်ရပါတယ်။ ဒါပေမယ့် မလှူတတ်မတန်းတတ်ရင် အကုသိုလ်လည်း ရစေနိုင်သလို၊ သင့်မှာ ရှိသမျှလည်း သဲထဲရေသွန်လိုက်သလို ကုန်တာပဲ အဖက်တင်မှာပါ။

တစ်မူးရှိလို့ တစ်ပဲလှူတာလောက်က အပြစ်မဟုတ်ပေမယ့်၊ ကိုယ့်မှာထမင်းကြမ်းခဲ ဆားဖြူးစားနေရချိန်၊ ဂုဏ်ပကာသနအတွက်

တစ်ခြားဆီက ငွေတိုးရှာပြီး လှူတာတန်းတာမျိုး များများဝါသနာပါလေ၊ ဘယ်နေရာနေနေ လက်ဖွာလေ … သင် ချမ်းသာဖို့ မနီးစပ်လေပါဘဲ။

Credit

ZAwgyi

ဘယ္ေတာ့မွ ခ်မ္းသာလာဖို႔မရွိတဲ့ လူတစ္ေယာက္ရဲ့ စရိုက္လကၡဏာမ်ား

သင္လည္း ဒီအခ်က္ေတြထဲမွာ တစ္ခုခုနဲ႔ ၿငိေနရင္ အခ်ိန္မီ ျပင္ဆင္နိုင္ဖို႔ပါ

လူတိုင္း လူခ်မ္းသာ ျဖစ္ခ်င္ၾကပါလိမ့္မယ္။ မခ်မ္းသာခ်င္တဲ့သူကေတာ့ ခပ္ရွားရွားပါ။ ဆိုေတာ့ လူတိုင္း လူခ်မ္းသာျဖစ္ခ်င္ေပမယ့္

ဘာလို႔ အျခားလူနည္းစုေတြလို႔ အခုထိမခ်မ္းသာေသးတာလဲဆိုတာ သိဖို႔လိုပါတယ္။ အခု ေဖာ္ျပထားတဲ့ အေၾကာင္းအရာေတြကေတာ့ လူခ်မ္းသာမျဖစ္မယ့္ စရိုက္လကၡဏာေတြပါ

(၁) အလုပ္မရွိတဲ့လူ

ဒါကေတာ့ရွင္းပါတယ္။ အလုပ္မရွိဘူးဆိုရင္ ခ်မ္းသာဖို႔ လမ္းစမရွိဘူးဆိုတဲ့ သေဘာပါ။ မိဘအေမြက ဆယ္သက္စာေလာက္ ထိုင္စားလို႔ မကုန္ဘူးဆိုရင္ေတာ့ ႁခြင္းခ်က္ေပါ့။

မိေမြးတိုင္းဖေမြးတိုင္း ခပ္ယိုင္ယိုင္ ဘဝကို ျဖတ္သန္းရသူအေတြအဖို႔ အလုပ္ရွိျခင္းမရွိျခင္းက တကယ္ ခ်မ္းသာဖို႔ ရွိျခင္းမရွိျခင္းနဲ႔ တိုက္ရိုက္အခ်ိဳးက်ပါတယ္။

(၂) ဝင္ေငြထက္ ထြက္ေငြက ပိုမ်ားေနသူ

ဒါကလည္း ရွင္းပါတယ္။ လူတစ္ေယာက္ဟာ ကိုယ္ရွာနိုင္တာထက္ ပိုသုံးရင္ ဘယ္မွာ ခ်မ္းသာေတာ့မွာလဲ။ တစ္ျခားအဓိပၸါယ္က ကိုယ္ရွာနိုင္တာထက္ ပိုသုံးဖို႔အတြက္ အျခား ေငြတိုးေပးသူေတြထံကေန

ပိုက္ဆံ မျဖစ္မေန ယူရေတာ့မွာပါ။ ဒီအက်င့္ကိုသာ မေဖ်ာက္နိုင္ရင္ သင္ဟာ ခ်မ္းသာဖို႔ မေျပာပါနဲ႔ အေႂကြးႏြံနစ္ၿပီး ေခါင္းေတာင္ ထူနိုင္မွာ မဟုတ္ပါဘူး။

(၃) ေငြစုေဆာင္းတဲ့အက်င့္ မရွိသူ

အလုပ္ရွိတဲ့လူတိုင္း ခ်မ္းသာလိမ့္မယ္လို႔ေတာ့ ကံေသကံမ ေျပာလို႔မရပါဘူး။ ဒါေပမယ့္ ဝင္ေငြရွိေနတာက ဝင္ေငြမရွိတဲ့လူထက္ေတာ့ ခ်မ္းသာဖို႔ နီးစပ္ပါတယ္။ သို႔ေသာ္လည္း ဘယ္လိုအေျခအေနမွာ

ခ်မ္းသာဖို႔ အခြင့္အလန္းပိုရွိမလဲဆိုေတာ့ ကိုယ္ရွာထားတဲ့ေငြကို အသုံးနဲ႔အျဖဳန္း ခြဲျခားၿပီး၊ စုသင့္တန္စု တတ္မယ့္ အရည္အခ်င္း ပိုင္ဆိုင္ဖို႔ လိုပါတယ္။ ေငြကို တစ္ျခားနည္းနဲ႔ ပိုမ်ားေအာင္ လုပ္တတ္ဖို႔ လိုပါတယ္။ ဥပမာ ရင္းနီးျမႇုပ္ႏွံမႈမ်ိဳးေပါ့။

(၄) အေပ်ာ္အပါး ေလာင္းကစား မူးယစ္ေဆး မက္ေမာသူ

ဒီအခ်က္ေတြထဲက တစ္ခုခုနဲ႔ ကိုက္ညီရင္ ခ်မ္းသာဖို႔ မရွိပါဘူး။ ခ်မ္းသာေနတဲ့သူေတြေတာင္ ဒီအခ်က္ေတြထဲက တစ္ခ်က္ခ်က္နဲ႔ ကိုက္ညီေနရင္ေတာ့ ရွိသမၽွေျပာင္ၿပီး မြဲဖို႔သာ ရွိပါတယ္။

သာမန္စြဲလန္းတာမ်ိဳးမဟုတ္ဘဲ၊ အလြန္အကၽြံစြဲလန္းရင္ စြဲလန္းသေလာက္ သင့္ပိုင္ဆိုင္မႈမွန္သမၽွကို လုံးပါးပါးေစမွာပါ။ ဘယ္ေတာ့မွ အစမျပဳမိပါေစနဲ႔။

(၅) လက္ဖြာသူ

လႉတာတန္းတာဟာ ကုသိုလ္ရပါတယ္။ ဒါေပမယ့္ မလႉတတ္မတန္းတတ္ရင္ အကုသိုလ္လည္း ရေစနိုင္သလို၊ သင့္မွာ ရွိသမၽွလည္း သဲထဲေရသြန္လိုက္သလို ကုန္တာပဲ အဖက္တင္မွာပါ။

တစ္မူးရွိလို႔ တစ္ပဲလႉတာေလာက္က အျပစ္မဟုတ္ေပမယ့္၊ ကိုယ့္မွာထမင္းၾကမ္းခဲ ဆားျဖဴးစားေနရခ်ိန္၊ ဂုဏ္ပကာသနအတြက္

တစ္ျခားဆီက ေငြတိုးရွာၿပီး လႉတာတန္းတာမ်ိဳး မ်ားမ်ားဝါသနာပါေလ၊ ဘယ္ေနရာေနေန လက္ဖြာေလ … သင္ ခ်မ္းသာဖို႔ မနီးစပ္ေလပါဘဲ။

Credit