live-streaming host မ်ားအား လက္ေဆာင္ေပးရန္ မိခင္ျဖစ္သူရဲ႕ဘဏ္အေကာင့္ကေန ေဒၚလာ ၁၀၁,၃၃၄ အထိကို ခိုးယူသုံးစြဲခဲ့တဲ့ ဆယ္ေက်ာ္သက္မိန္းကေလး

Unicode

live-streaming host များအား လက်ဆောင်ပေးရန် မိခင်ဖြစ်သူရဲ့ဘဏ်အကောင့်ကနေ ဒေါ်လာ ၁၀၁,၃၃၄ အထိကို ခိုးယူသုံးစွဲခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေး

တရုတ်နိုင်ငံနှင့်အာရှရှိအခြားနေရာတော်တော်များများရှိ လူအများစုဟာ ၎င်းတို့ရဲ့နေထိုင်မှုပုံစံကို တိုက်ရိုက် livestreaming လုပ်ပြီး ၎င်းတို့ရဲ့ followerများမှ

လက်ဆောင်အတုများကို ရယူခြင်းဖြင့် ၎င်းမှ ဝင်ငွေများစွာကို အမှန်တကယ်ရရှိနေပါတယ်။ဥပမာအားဖြင့် livestreaming လုပ်နေစဉ်အတွင်း အစားအစာစားပြပြီး

သူမရဲ့ကြည့်ရှုသူများကို အံ့ဩစေတတ်တဲ့ Yuka Kinoshita အမည်ရှိမိန်းကလေးတစ်ယောက်လိုပါဘဲ။ Yuka Kinoshita ကဲ့သို့သော host များဟာ

၎င်းတို့ရဲ့ကြည့်ရှုသူများက ပေးပို့တဲ့ virtual လက်ဆောင်များမှ ငွေများစွာကို ရရှိကြပြီး ၎င်းငွေပမာဏဟာ လူတိုင်းကို အတော်လေးတုန်လှုပ်သွားစေနိုင်ပါတယ်။

ဈေးအပေါဆုံးလက်ဆောင်များမှာ ဝ.၁ ယွမ် (ဝ.၀၂ ဒေါ်လာခန့်) တန်ဖိုးရှိတဲ့ပန်းများ ဖြစ်ပေမဲ့ အထင်ကြီးခံချင်သူတွေကတော့ ၎င်းတို့ရဲ့ host များအား

ယွမ် ၃,၃၅၀ (ဒေါ်လာ ၅၀၀) တန်ဖိုးရှိတဲ့ paradise island တွေကိုလည်း လက်ဆောင်အဖြစ် ပေးတတ်ကြပါတယ်။သို့သော် ဤ ‘livestreaming host ‘ တွေဟာ

၎င်းတို့ရဲ့လက်မှုပညာအတွက် ငွေအမြောက်အများကိုရရှိနေသော်လည်း အခြားတစ်ဖက်ခြမ်းမှာတော့ ၎င်းတို့ကို ကြည့်ရှုရန် အကြွေစေ့ဖြင့် ကိုယ့်ရဲ့ဝင်ငွေများကို သုံးဖြုန်းနေကြတဲ့သူများသာဖြစ်နေပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ Liu အမည်ရှိမိခင်တစ်ဦးဟာ အသက် ၁၆နှစ်အရွယ် သမီးဖြစ်သူ Xiao Ya ဟာ သူမရဲ့ကျူရှင်ကြေးကို ချောမောကြည့်ကောင်းတဲ့

livestreaming host များထံသို့ virtual လက်ဆောင်များကို ပေးပို့ခဲ့ရုံသာမက သမီးဖြစ်သူဟာ livestreaming app ကို တည်ထောင်တဲ့

Beijing MeeLive Network Technology ကုမ္ပဏီအား ငွေပေးချေရန် သူမရဲ့ဘဏ်အကောင့်ကိုပါ အသုံးပြုခဲ့ကြောင်းကို သိလိုက်ရပြီးနောက် သူမဟာ

အတော်လေးကို တုန်လှုပ်သွားခဲ့ရပါတယ်။ထို့နောက် မိခင်ဖြစ်သူ Liu ဟာ ယွမ် ၆၅၇,၀၀၀( ဒေါ်လာ ၁၀၁,၃၃၄ ) ပြန်အမ်းပေးရန် အဆိုပါကုမ္ပဏီကိုတရားစွဲဆိုခဲ့ပါတယ်

ထို့အပြင် ကုမ္ပဏီဟာ အရွယ်မရောက်သေးသူများအား ဝက်ဆိုက်သို့ ဝင်ရောက်ဝယ်ယူခြင်းကို ရပ်တန့်ရန်နည်းလမ်းတစ်ခုရှိသင့်ကြောင်း Liu က ကုမ္ပဏီအား ဆိုခဲ့ပါတယ်။

သို့ပေမဲ့ တရားရုံးက Xiao Ya ဟာ မိခင်ဖြစ်သူရဲ့ဘဏ်အချက်အလက်တွေကို ခိုးယူခဲ့ရင်တောင် ၎င်းပြစ်မှုဟာ Liu နှင့် ကုမ္ပဏီတို့ကြားကမဟုတ်ဘဲ

သမီးဖြစ်သူနှင့်သူမကြားက ပြဿာနာသာဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ထို့အပြင် Xiao Ya ဟာ ကနေဒါမှာရှိနေတာကြောင့် Beijing MeeLive ကုမ္ပဏီက

ငွေပေးချေမှုများအား Liu မှခွင့်ပြုချက်ရှိ၊မရှိကို ဆုံးဖြတ်နိုင်မဲ့ လွယ်ကူတဲ့ခြေရာခံနိုင်ခြင်းများမရှိနေခဲ့ပါဘူး
ထို့ကြောင့် Liu ဟာ ပေကျင်းမြို့အမှတ် ၃

အလယ်အလတ်ပြည်သူ့တရားရုံးတွင် အယူခံတင်ခဲ့ပြီး သူမရဲ့ငွေများကို အနည်းဆုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းပြန်ရနိုင်ရန်အတွက်သာ မျှော်လင့်ကြီးစွာ မျှော်လင့်နေခဲ့ရပါတယ်။

Crd

Zawgyi

live-streaming host မ်ားအား လက္ေဆာင္ေပးရန္ မိခင္ျဖစ္သူရဲ႕ဘဏ္အေကာင့္ကေန ေဒၚလာ ၁၀၁,၃၃၄ အထိကို ခိုးယူသုံးစြဲခဲ့တဲ့ ဆယ္ေက်ာ္သက္မိန္းကေလး

တ႐ုတ္ႏိုင္ငံႏွင့္အာရွရွိအျခားေနရာေတာ္ေတာ္မ်ားမ်ားရွိ လူအမ်ားစုဟာ ၎တို႔ရဲ႕ေနထိုင္မႈပုံစံကို တိုက္႐ိုက္ livestreaming လုပ္ၿပီး ၎တို႔ရဲ႕ followerမ်ားမွ

လက္ေဆာင္အတုမ်ားကို ရယူျခင္းျဖင့္ ၎မွ ဝင္ေငြမ်ားစြာကို အမွန္တကယ္ရရွိေနပါတယ္။ဥပမာအားျဖင့္ livestreaming လုပ္ေနစဥ္အတြင္း အစားအစာစားျပၿပီး

သူမရဲ႕ၾကည့္ရႈသူမ်ားကို အံ့ဩေစတတ္တဲ့ Yuka Kinoshita အမည္ရွိမိန္းကေလးတစ္ေယာက္လိုပါဘဲ။ Yuka Kinoshita ကဲ့သို႔ေသာ host မ်ားဟာ

၎တို႔ရဲ႕ၾကည့္ရႈသူမ်ားက ေပးပို႔တဲ့ virtual လက္ေဆာင္မ်ားမွ ေငြမ်ားစြာကို ရရွိၾကၿပီး ၎ေငြပမာဏဟာ လူတိုင္းကို အေတာ္ေလးတုန္လႈပ္သြားေစႏိုင္ပါတယ္။

ေစ်းအေပါဆုံးလက္ေဆာင္မ်ားမွာ ၀.၁ ယြမ္ (၀.၀၂ ေဒၚလာခန႔္) တန္ဖိုးရွိတဲ့ပန္းမ်ား ျဖစ္ေပမဲ့ အထင္ႀကီးခံခ်င္သူေတြကေတာ့ ၎တို႔ရဲ႕ host မ်ားအား

ယြမ္ ၃,၃၅၀ (ေဒၚလာ ၅၀၀) တန္ဖိုးရွိတဲ့ paradise island ေတြကိုလည္း လက္ေဆာင္အျဖစ္ ေပးတတ္ၾကပါတယ္။သို႔ေသာ္ ဤ ‘livestreaming host ‘ ေတြဟာ

၎တို႔ရဲ႕လက္မႈပညာအတြက္ ေငြအေျမာက္အမ်ားကိုရရွိေနေသာ္လည္း အျခားတစ္ဖက္ျခမ္းမွာေတာ့ ၎တို႔ကို ၾကည့္ရႈရန္ အေႂကြေစ့ျဖင့္ ကိုယ့္ရဲ႕ဝင္ေငြမ်ားကို သုံးျဖဳန္းေနၾကတဲ့သူမ်ားသာျဖစ္ေနပါတယ္။

တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕ရွိ Liu အမည္ရွိမိခင္တစ္ဦးဟာ အသက္ ၁၆ႏွစ္အ႐ြယ္ သမီးျဖစ္သူ Xiao Ya ဟာ သူမရဲ႕က်ဴရွင္ေၾကးကို ေခ်ာေမာၾကည့္ေကာင္းတဲ့

livestreaming host မ်ားထံသို႔ virtual လက္ေဆာင္မ်ားကို ေပးပို႔ခဲ့႐ုံသာမက သမီးျဖစ္သူဟာ livestreaming app ကို တည္ေထာင္တဲ့

Beijing MeeLive Network Technology ကုမၸဏီအား ေငြေပးေခ်ရန္ သူမရဲ႕ဘဏ္အေကာင့္ကိုပါ အသုံးျပဳခဲ့ေၾကာင္းကို သိလိုက္ရၿပီးေနာက္ သူမဟာ

အေတာ္ေလးကို တုန္လႈပ္သြားခဲ့ရပါတယ္။ထို႔ေနာက္ မိခင္ျဖစ္သူ Liu ဟာ ယြမ္ ၆၅၇,၀၀၀( ေဒၚလာ ၁၀၁,၃၃၄ ) ျပန္အမ္းေပးရန္ အဆိုပါကုမၸဏီကိုတရားစြဲဆိုခဲ့ပါတယ္

ထို႔အျပင္ ကုမၸဏီဟာ အ႐ြယ္မေရာက္ေသးသူမ်ားအား ဝက္ဆိုက္သို႔ ဝင္ေရာက္ဝယ္ယူျခင္းကို ရပ္တန္႔ရန္နည္းလမ္းတစ္ခုရွိသင့္ေၾကာင္း Liu က ကုမၸဏီအား ဆိုခဲ့ပါတယ္။

သို႔ေပမဲ့ တရား႐ုံးက Xiao Ya ဟာ မိခင္ျဖစ္သူရဲ႕ဘဏ္အခ်က္အလက္ေတြကို ခိုးယူခဲ့ရင္ေတာင္ ၎ျပစ္မႈဟာ Liu ႏွင့္ ကုမၸဏီတို႔ၾကားကမဟုတ္ဘဲ

သမီးျဖစ္သူႏွင့္သူမၾကားက ျပႆာနာသာျဖစ္ေၾကာင္း မိန္႔ၾကားခဲ့ပါတယ္။ထို႔အျပင္ Xiao Ya ဟာ ကေနဒါမွာရွိေနတာေၾကာင့္ Beijing MeeLive ကုမၸဏီက

ေငြေပးေခ်မႈမ်ားအား Liu မွခြင့္ျပဳခ်က္ရွိ၊မရွိကို ဆုံးျဖတ္ႏိုင္မဲ့ လြယ္ကူတဲ့ေျခရာခံႏိုင္ျခင္းမ်ားမရွိေနခဲ့ပါဘူး


ထို႔ေၾကာင့္ Liu ဟာ ေပက်င္းၿမိဳ႕အမွတ္ ၃

အလယ္အလတ္ျပည္သူ႔တရား႐ုံးတြင္ အယူခံတင္ခဲ့ၿပီး သူမရဲ႕ေငြမ်ားကို အနည္းဆုံး သို႔မဟုတ္ တစ္စိတ္တစ္ပိုင္းျပန္ရႏိုင္ရန္အတြက္သာ ေမွ်ာ္လင့္ႀကီးစြာ ေမွ်ာ္လင့္ေနခဲ့ရပါတယ္။

Crd