Unicode
ကလေးလည်းမဟုတ်ပဲ ဒေါက်မြင့်ဖိနပ်အား ဘယ်ညာမှားစီးပြီး လျှောက်လည်ခဲ့ရာ ညဖက်တွင် ခြေထောက်ကိုက်၍ အိပ်မရခဲ့သော မိန်းကလေး
မိန်းကလေးအများစုမှာ ဒေါက်မြင့်ဖိနပ်အား သဘောကျတတ်ကြပြီး ဝယ်စီးကြရာ အစပိုင်းတွင် စမတ်ကျပြီး လှနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နာကျင်သလို ခံစားရလာပါလိမ့်မည်။
ယခုအခါမှာတော့ စကော့တလန်နိုင်ငံမှ Ayleigh အမည်ရှိသော မိန်းကလေးသည် အဝတ်အစား အလန်းဇယားလေးဝတ်ပြီး ဒေါက်မြင့်ဖိနပ်လေးအား စီးကာ
စတိုင်အပြည့်နှင့် ပဲတွေအများလွန်ပြီး သူငယ်ချင်းတွေနှင့်အတူ ပျော်ရွှင်စွာ လျှောက်ပတ်လည်ခဲ့သည်။ဒေါက်မြင့်ဖိနပ်အား အရမ်းလှချင်၍သာ
စီးခဲ့သောမိန်းကလေးမှာ ဘာတွေလောနေမှန်းမသိ ကိုယ်တိုင်ပင် သတိမထားမိပဲ ဒေါက်ဖိနပ်အား ကြီးကောင်ကြီးမားနှင့် ဘယ်ညာလွဲစီးပြီး ခပ်တည်တည်နှင့်
အပြင်ထွက်ခဲ့သည်။ထို့နောက် အိမ်သို့ပြန်လာစဉ်ထိ မသိသေးပဲ ညဖက်အိပ်မည့်အချိန်တွင် ခြေထောက်မှာ သွေးအေးသွားချိန်ဖြစ်၍ နာကျင်ကိုက်ခဲလာကာ
ဘယ်လိုမှ အိပ်မရ၍ သူငယ်ချင်း ဖြစ်သူထံ ဖုန်းဆက်ရင်ဖွင့်ခဲ့သည်။သူငယ်ချင်းလည်း နေ့ခင်းဖက်ရိုက်ထားသောပုံအား ပြန်ကြည့်ရင်း အဖြေကို ရှာတွေ့ခဲ့ရာ
ရယ်မောခဲ့ရပြီး မိန်းကလေးများအနေဖြင့် ဒေါက်ဖိနပ်စီးသည့်ခါ သတိထားရန် မျှဝေခဲ့သည်။
Crd
Zawgyi
Crd