တစ္ခ်ိန္ကဘီလူးၿမိဳ႕ေတာ္ (သို႔မဟုတ္) ဘီလူးမ်ားေနခဲ့ဟန္ရွိတဲ့ အီသီယိုးပီးယားက ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕

Unicode

တစ်ချိန်ကဘီလူးမြို့တော် (သို့မဟုတ်) ဘီလူးများနေခဲ့ဟန်ရှိတဲ့ အီသီယိုးပီးယားက ရှေးဟောင်းမြို့တစ်မြို့

တစ်ချိန်က အီသီယိုးပီးယားမှာ ပျောက်ကွယ်သွားခဲ့ရတဲ့ ရှေးဟောင်းမြို့တစ်မြို့ကို သုတေသန ပညာရှင်များက ဘီလူးကြီးများရဲ့အိမ်လို့လည်း ယူဆခဲ့ကြဖူးပါတယ်။

ယင်းမြို့ဟောင်းဟာ အစောပိုင်း အေဒီ ၁၀ ရာစုနှင့် ၁၅ ရာစုကြားမှာ အီဂျစ်အိန္ဒိယတို့အပြင် နိုင်ငံတကာကုန်သွယ်ရေးကောင်းမွန်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီး ဒေသအသီးသီးက

လူမျိုးများစွာနှင့်အတူ နေထိုင်ခဲ့ကြပုံပေါ်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။ အဆိုပါ လူမျိုးတွေဟာ အများသောအားဖြင့် အစ္စလာမ့်ဘာသာကို ယုံကြည်ကိုးကွယ်ကြတာ ဖြစ်ပါတယ်။

ပညာရှင်များက ဒီမြို့ကို ပြန်လည်တူးဖော်ခဲ့ရာမှာလည်း ၁၂ ရာစုက တည်ဆောက်ထားတဲ့ ဗလီတစ်ခု အစ္စလာမ့်သင်္ချိုင်းများနှင့် ခေါင်းကျောက်များ၊

ဖန်အိုးအပိုင်းအစများ၊ ကျောက်သားပုံဆောင်ခဲများ၊ ကာနီလီယံ၊ ဖန်ပုတီးစေ့များ၊ နွားချေးခွံများနှင့် မဒါဂတ်စကာ၊ မော်လ်ဒိုက်၊ ယီမင်နိုင်ငံတို့မှ အိုးခွက်များနှင့် တရုတ်ပစ္စည်းအချို့များအပြင် အီဂျစ်ကကြေးနှင့် ငွေဒင်္ဂါးများပါ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေသခံလယ်သမားများကလည်း ယင်းကဲ့သို့ နှစ်ပေါင်းများစွာက အိုးခွက်များနှင့် ဒင်္ဂါးပြားများကို ရရှိခဲ့ကြပါတယ်။ ဒီလိုမြေအောက်တွေကနေ တန်ဖိုးကြီး

ရတနာတွေကို တွေ့ရှိရတာဟာ အီသီယိုးပီးယားမှာ တစ်ချိန်က အလွန်ချမ်းသာ ကြွယ်ဝမှုရှိခဲ့ကြောင်းကို မီးမှောင်ထိုးပြနေတာပါ။ ဒါ့အပြင် ပိုပြီးအံ့သြစရာ

ကောင်းတာကတော့ ကျောက်တုံးအချို့ရဲ့ ကြီးမားတဲ့အရွယ်အစားဟာ ထိုဧရိယာမှာ ဘီလူးကြီးများနေထိုင်ရာ ဒေသဖြစ်ခဲ့တယ်ဆိုပြီ ဒဏ္ဍာရီတစ်ခုရှိလည်း ရှိခဲ့တာ တွေ့ရပါတယ်။

ဘာလို့လဲဆိုတော့ မြို့ရဲ့မီတာ ၅၀၀ နှင့် ၁၀၀၀ မီတာ ပတ်လည်မှာ ကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် နံရံများပါရှိပြီး

ဒီလိုတည်ဆောက်နိုင်တာဟာ မြင့်မားတဲ့အရပ်နှင့် ကြီးမားတဲ့ ခွန်အားရှိသူများဟာ တည်ဆောက်နိုင်တာလို့ ယူဆကြတာ ဖြစ်ပါတယ်။
သုသာန်အတွင်းမှာလည်း မြှုပ်နှံထားတဲ့ လူ ၃၀၀ ခန့်ရဲ့ ရုပ်အကြွင်းအကျန်များပါ တွေ့ရှိခဲ့ပါတယ်။ ဒီရုပ်အလောင်းတွေကိုလည်း ဘီလူးတွေရဲ့ သားသမီးတွေလို့ တချို့ကယူဆထားကြပါတယ်။

ဒီမြို့ဟောင်းရဲ့ သုတေသနကို ဆွစ်ဇာလန်နိုင်ငံရှိ Max Van Berchem ဖောင်ဒေးရှင်းနှင့် ဥရောပသုတေသန ကောင်စီတို့ကရန်ပုံငွေ ထောက်ပံ့ထားပေးထားပြီ

း နောက်ထပ်အထောက် အထားများကို ရှာဖွေဖော်ထုတ်ဖို့အတွက် အခြားနေရာများနှင့် မြေအောက်နက်နက်များကို လာမည့်နှစ်တွေမှာ ထပ်မံတူးဖော်မှာ ဖြစ်ပါတယ်။

ယခုအချိန်အထိ ၎င်းတို့ဟာ အနက် ၂.၅ မီတာအထိ တူးဖော်တွေ့ရှိပြီး ယင်းကို ၆ ရာစုအထိလို့ သတ်မှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi

တစ္ခ်ိန္ကဘီလူးၿမိဳ႕ေတာ္ (သို႔မဟုတ္) ဘီလူးမ်ားေနခဲ့ဟန္ရွိတဲ့ အီသီယိုးပီးယားက ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕

တစ္ခ်ိန္က အီသီယိုးပီးယားမွာ ေပ်ာက္ကြယ္သြားခဲ့ရတဲ့ ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕ကို သုေတသန ပညာရွင္မ်ားက ဘီလူးႀကီးမ်ားရဲ႕အိမ္လို႔လည္း ယူဆခဲ့ၾကဖူးပါတယ္။

ယင္းၿမိဳ႕ေဟာင္းဟာ အေစာပိုင္း ေအဒီ ၁၀ ရာစုႏွင့္ ၁၅ ရာစုၾကားမွာ အီဂ်စ္အိႏၵိယတို႔အျပင္ ႏိုင္ငံတကာကုန္သြယ္ေရးေကာင္းမြန္ခဲ့တဲ့ ေနရာတစ္ခုျဖစ္ၿပီး ေဒသအသီးသီးက

လူမ်ိဳးမ်ားစြာႏွင့္အတူ ေနထိုင္ခဲ့ၾကပုံေပၚတယ္လို႔လည္း ဆိုခဲ့ၾကပါတယ္။ အဆိုပါ လူမ်ိဳးေတြဟာ အမ်ားေသာအားျဖင့္ အစၥလာမ့္ဘာသာကို ယုံၾကည္ကိုးကြယ္ၾကတာ ျဖစ္ပါတယ္။

ပညာရွင္မ်ားက ဒီၿမိဳ႕ကို ျပန္လည္တူးေဖာ္ခဲ့ရာမွာလည္း ၁၂ ရာစုက တည္ေဆာက္ထားတဲ့ ဗလီတစ္ခု အစၥလာမ့္သခ်ႋဳင္းမ်ားႏွင့္ ေခါင္းေက်ာက္မ်ား၊

ဖန္အိုးအပိုင္းအစမ်ား၊ ေက်ာက္သားပုံေဆာင္ခဲမ်ား၊ ကာနီလီယံ၊ ဖန္ပုတီးေစ့မ်ား၊ ႏြားေခ်းခြံမ်ားႏွင့္ မဒါဂတ္စကာ၊ ေမာ္လ္ဒိုက္၊ ယီမင္ႏိုင္ငံတို႔မွ အိုးခြက္မ်ားႏွင့္ တ႐ုတ္ပစၥည္းအခ်ိဳ႕မ်ားအျပင္ အီဂ်စ္ကေၾကးႏွင့္ ေငြဒဂၤါးမ်ားပါ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ေဒသခံလယ္သမားမ်ားကလည္း ယင္းကဲ့သို႔ ႏွစ္ေပါင္းမ်ားစြာက အိုးခြက္မ်ားႏွင့္ ဒဂၤါးျပားမ်ားကို ရရွိခဲ့ၾကပါတယ္။ ဒီလိုေျမေအာက္ေတြကေန တန္ဖိုးႀကီး

ရတနာေတြကို ေတြ႕ရွိရတာဟာ အီသီယိုးပီးယားမွာ တစ္ခ်ိန္က အလြန္ခ်မ္းသာ ႂကြယ္ဝမႈရွိခဲ့ေၾကာင္းကို မီးေမွာင္ထိုးျပေနတာပါ။ ဒါ့အျပင္ ပိုၿပီးအံ့ၾသစရာ

ေကာင္းတာကေတာ့ ေက်ာက္တုံးအခ်ိဳ႕ရဲ႕ ႀကီးမားတဲ့အ႐ြယ္အစားဟာ ထိုဧရိယာမွာ ဘီလူးႀကီးမ်ားေနထိုင္ရာ ေဒသျဖစ္ခဲ့တယ္ဆိုၿပီ ဒ႑ာရီတစ္ခုရွိလည္း ရွိခဲ့တာ ေတြ႕ရပါတယ္။

ဘာလို႔လဲဆိုေတာ့ ၿမိဳ႕ရဲ႕မီတာ ၅၀၀ ႏွင့္ ၁၀၀၀ မီတာ ပတ္လည္မွာ ေက်ာက္တုံးႀကီးမ်ားျဖင့္ ေဆာက္လုပ္ထားေသာ အေဆာက္အအုံမ်ားႏွင့္ နံရံမ်ားပါရွိၿပီး

ဒီလိုတည္ေဆာက္ႏိုင္တာဟာ ျမင့္မားတဲ့အရပ္ႏွင့္ ႀကီးမားတဲ့ ခြန္အားရွိသူမ်ားဟာ တည္ေဆာက္ႏိုင္တာလို႔ ယူဆၾကတာ ျဖစ္ပါတယ္။
သုသာန္အတြင္းမွာလည္း ျမႇဳပ္ႏွံထားတဲ့ လူ ၃၀၀ ခန႔္ရဲ႕ ႐ုပ္အႂကြင္းအက်န္မ်ားပါ ေတြ႕ရွိခဲ့ပါတယ္။ ဒီ႐ုပ္အေလာင္းေတြကိုလည္း ဘီလူးေတြရဲ႕ သားသမီးေတြလို႔ တခ်ိဳ႕ကယူဆထားၾကပါတယ္။

ဒီၿမိဳ႕ေဟာင္းရဲ႕ သုေတသနကို ဆြစ္ဇာလန္ႏိုင္ငံရွိ Max Van Berchem ေဖာင္ေဒးရွင္းႏွင့္ ဥေရာပသုေတသန ေကာင္စီတို႔ကရန္ပုံေငြ ေထာက္ပံ့ထားေပးထားၿပီ

း ေနာက္ထပ္အေထာက္ အထားမ်ားကို ရွာေဖြေဖာ္ထုတ္ဖို႔အတြက္ အျခားေနရာမ်ားႏွင့္ ေျမေအာက္နက္နက္မ်ားကို လာမည့္ႏွစ္ေတြမွာ ထပ္မံတူးေဖာ္မွာ ျဖစ္ပါတယ္။

ယခုအခ်ိန္အထိ ၎တို႔ဟာ အနက္ ၂.၅ မီတာအထိ တူးေဖာ္ေတြ႕ရွိၿပီး ယင္းကို ၆ ရာစုအထိလို႔ သတ္မွတ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္