Unicode
တိရစ္ဆာန်တွေပေါ် ကြင်နာတရားထားတတ်ဖို့ဆိုတာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေးရှိသင့်တဲ့ စိတ်ထားပါပဲ။ ကလေးတွေကို တိရစ္ဆာန်တွေအပေါ် ကြင်နာတတ်ဖို့
ငယ်ငယ်လေးကတည်းက သင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။ အခုနောက်ပိုင်း တိရစ္ဆာန်တွေ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ သတင်းတွေမြင်တွေ့ရတာ စိတ်မချမ်းမြေ့စရာကောင်းလှပါတယ်။
ဒါပေမဲ့ လူတိုင်းနီးပါး တိရစ္ဆာန်တွေအပေါ်ကြင်နာတရားမထားတတ်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ တချို့တလေလောက်ပါပဲ။
တိရစ္ဆာန်တွေကို ကူညီစောင့်ရှောက်ကယ်တင်ပေးနေတဲ့အဖွဲ့အစည်းတွေလည်း ရှိနေတဲ့အပြင် တိရစ္ဆာန်လေးတွေကို ကယ်တင်ပေးနေတဲ့ အကြင်နာတရားထားတတ်တဲ့ လူကြီး၊ လူငယ်တွေလည်းတွေ့နေရပါတယ်။
မကြာသေးခင်ကလည်း မလေးရှားနိုင်ငံက ကလေးလေးတစ်ဦးဟာ ရေမြောင်းထဲရောက်နေတဲ့ ကြောင်ပေါက်လေးကို ကယ်တင်ပေးခဲ့တဲ့အတွက် တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့
အစည်းက ကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအမည်မသိကလေးလေးဟာ ကြောင်ပေါက်လေးကို ကယ်တင်ဖို့အတွက် မိုးသည်းထန်စွာရွာသွန်းထားတဲ့ ရေမြောင်းထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။
ကြောင်ပေါက်လေးကို ကယ်တင်ခဲ့တဲ့ ကလေးလေးရဲ့အတုယူလောက်စရာလုပ်ရပ်ကို ပြဖို့အတွက် The Malaysia Animal Association က ပုံတွေနဲ့တကွ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။
“ကြောင်ပေါက်လေးရဲ့ဘဝကို ကယ်တင်ဖို့အတွက် ရေမြောင်းထဲဝင်ရဲတဲ့ ဒီကလေးလေးရဲ့လုပ်ရပ်တွေက အရမ်းလေးစားလောက်စရာပါ။
ကလေးလေးတစ်ယောက်ဆီက တိရစ္ဆာန်အပေါ် လူသားဆန်မှုကို အခြားသူတွေ သိမြင်လာစေဖို့ သရုပ်ပြနေသလိုပါပဲ”လို့လည်း ရေးသားထားပါတယ်။ ကလေးတွေရဲ့ဘေးကင်းရေးအတွက်တော့ ရေမြောင်းထဲ ဝင်တဲ့လုပ်ရပ်ကတော့ အတော်လေးအန္တရာယ်များပါတယ်။
ဒါပေမဲ့ ဒီကလေးလေးကတော့ ရေမြောင်းထဲ ရောက်နေတဲ့ ကြောင်ပေါက်လေးရဲ့အသက်ကို သတ္တိရှိစွာနဲ့ စွန့်စားကယ်တင်ပေးခဲ့ပါတယ်။
ဒါ့အပြင် ကြောင်ပေါက်လေး ဘာမှဖြစ်မသွားခင် အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကလေးလေးရဲ့မွန်မြတ်တဲ့အပြုအမူနဲ့ကြင်နာတတ်တဲ့စိတ်ထားလေးက တကယ်ကို စံနမူနာယူထိုက်ပါတယ်။
The Malaysia Animal Association က ဒီသတ္တိရှိတဲ့ကလေးလေးကို ကျေးဇူးတင်ခဲ့တဲ့အပြင် လက်ဆောင်လည်း ပေးချင်ခဲ့ပါတယ်။ ကလေးလေးကို လက်ဆောင်ပေးရမယ်ဆိုရင်
သူတို့အဖွဲ့အစည်းက ဝမ်းသာပျော်ရွှင်ရမယ်လို့ ဆိုပါတယ်။ သူတို့အဖွဲ့အစည်းကို ဆက်သွယ်ပြီး ကလေးကို ပေးမယ့်လက်ဆောင်ကို ကလေးကိုယ်တိုင်ဖြစ်ဖြစ်၊ သူ့ရဲ့အုပ်ထိန်းသူဖြစ်ဖြစ်လာယူပေးဖို့ လူမှုကွန်ယက်မှာ ပြောထားပါတယ်။
Crd
Zawgyi
တိရစာၦန္ေတြေပၚ ၾကင္နာတရားထားတတ္ဖို႔ဆိုတာ အသက္အ႐ြယ္မေ႐ြး၊ လူတန္းစားမေ႐ြးရွိသင့္တဲ့ စိတ္ထားပါပဲ။ ကေလးေတြကို တိရစာၦန္ေတြအေပၚ ၾကင္နာတတ္ဖို႔
ငယ္ငယ္ေလးကတည္းက သင္ၾကားေပးဖို႔လည္း လိုအပ္ပါတယ္။ အခုေနာက္ပိုင္း တိရစာၦန္ေတြ ညႇင္းပန္းႏွိပ္စက္ခံရတယ္ဆိုတဲ့ သတင္းေတြျမင္ေတြ႕ရတာ စိတ္မခ်မ္းေျမ့စရာေကာင္းလွပါတယ္။
ဒါေပမဲ့ လူတိုင္းနီးပါး တိရစာၦန္ေတြအေပၚၾကင္နာတရားမထားတတ္ဘူးလို႔ ဆိုလိုတာေတာ့မဟုတ္ပါဘူး။ တခ်ိဳ႕တေလေလာက္ပါပဲ။
တိရစာၦန္ေတြကို ကူညီေစာင့္ေရွာက္ကယ္တင္ေပးေနတဲ့အဖြဲ႕အစည္းေတြလည္း ရွိေနတဲ့အျပင္ တိရစာၦန္ေလးေတြကို ကယ္တင္ေပးေနတဲ့ အၾကင္နာတရားထားတတ္တဲ့ လူႀကီး၊ လူငယ္ေတြလည္းေတြ႕ေနရပါတယ္။
မၾကာေသးခင္ကလည္း မေလးရွားႏိုင္ငံက ကေလးေလးတစ္ဦးဟာ ေရေျမာင္းထဲေရာက္ေနတဲ့ ေၾကာင္ေပါက္ေလးကို ကယ္တင္ေပးခဲ့တဲ့အတြက္ တိရစာၦန္ကယ္ဆယ္ေရးအဖြဲ႕
အစည္းက ေက်းဇူးတင္လို႔မဆုံးျဖစ္ခဲ့ပါတယ္။ အဲဒီအမည္မသိကေလးေလးဟာ ေၾကာင္ေပါက္ေလးကို ကယ္တင္ဖို႔အတြက္ မိုးသည္းထန္စြာ႐ြာသြန္းထားတဲ့ ေရေျမာင္းထဲကို ဝင္ခဲ့တာျဖစ္ပါတယ္။
ေၾကာင္ေပါက္ေလးကို ကယ္တင္ခဲ့တဲ့ ကေလးေလးရဲ႕အတုယူေလာက္စရာလုပ္ရပ္ကို ျပဖို႔အတြက္ The Malaysia Animal Association က ပုံေတြနဲ႔တကြ ေဖ့စ္ဘြတ္မွာ တင္ခဲ့ပါတယ္။
“ေၾကာင္ေပါက္ေလးရဲ႕ဘဝကို ကယ္တင္ဖို႔အတြက္ ေရေျမာင္းထဲဝင္ရဲတဲ့ ဒီကေလးေလးရဲ႕လုပ္ရပ္ေတြက အရမ္းေလးစားေလာက္စရာပါ။
ကေလးေလးတစ္ေယာက္ဆီက တိရစာၦန္အေပၚ လူသားဆန္မႈကို အျခားသူေတြ သိျမင္လာေစဖို႔ သ႐ုပ္ျပေနသလိုပါပဲ”လို႔လည္း ေရးသားထားပါတယ္။ ကေလးေတြရဲ႕ေဘးကင္းေရးအတြက္ေတာ့ ေရေျမာင္းထဲ ဝင္တဲ့လုပ္ရပ္ကေတာ့ အေတာ္ေလးအႏၲရာယ္မ်ားပါတယ္။
ဒါေပမဲ့ ဒီကေလးေလးကေတာ့ ေရေျမာင္းထဲ ေရာက္ေနတဲ့ ေၾကာင္ေပါက္ေလးရဲ႕အသက္ကို သတၱိရွိစြာနဲ႔ စြန႔္စားကယ္တင္ေပးခဲ့ပါတယ္။
ဒါ့အျပင္ ေၾကာင္ေပါက္ေလး ဘာမွျဖစ္မသြားခင္ အသက္ကို ကယ္တင္ေပးခဲ့တဲ့ ကေလးေလးရဲ႕မြန္ျမတ္တဲ့အျပဳအမူနဲ႔ၾကင္နာတတ္တဲ့စိတ္ထားေလးက တကယ္ကို စံနမူနာယူထိုက္ပါတယ္။
The Malaysia Animal Association က ဒီသတၱိရွိတဲ့ကေလးေလးကို ေက်းဇူးတင္ခဲ့တဲ့အျပင္ လက္ေဆာင္လည္း ေပးခ်င္ခဲ့ပါတယ္။ ကေလးေလးကို လက္ေဆာင္ေပးရမယ္ဆိုရင္
သူတို႔အဖြဲ႕အစည္းက ဝမ္းသာေပ်ာ္႐ႊင္ရမယ္လို႔ ဆိုပါတယ္။ သူတို႔အဖြဲ႕အစည္းကို ဆက္သြယ္ၿပီး ကေလးကို ေပးမယ့္လက္ေဆာင္ကို ကေလးကိုယ္တိုင္ျဖစ္ျဖစ္၊ သူ႔ရဲ႕အုပ္ထိန္းသူျဖစ္ျဖစ္လာယူေပးဖို႔ လူမႈကြန္ယက္မွာ ေျပာထားပါတယ္။
Crd