Unicode
ချောကလက်ရောင်အသားအရေနှင့် သူမရဲ ပန်းချီကားတစ်ချပ်ကဲ့သို့ပြိုင်ဘက်ကင်းတဲ့အလှတရားတို့ကြောင့် နာမည်ကြီးနေတဲ့ SINGLE MOTHER တစ်ဦး
ကျွန်တော်တို့တော်တော်များများက ဒီအမျိုးသမီးဘယ်သူလဲဆိုတာကို သေချာစွာ မသိကြပေမယ့် သူမပုံတွေကိုမြင်လိုက်ရတဲ့အခါကျွန်တော်တို့အားလုံးကို အနည်းငယ်အံ့အားသင့်သွားစေမှာတော့ အမှန်ပါဘဲ။
အာဖရိကအမျိုးသမီးတစ်ဦးဟာ ပန်းချီကားတစ်ချပ်ကဲ့သို့လှပပြီး ကလေးနှစ်ယောက်အမေဖြစ်နေသော်လည်း သိသိသာသာကျန်းမာလှပနေပါတယ်။
အဆိုပါ Hamamat Montia အမည်ရှိအမျိုးသမီးဟာ အနောက်အာဖရိက Ghana နိုင်ငံ Bolgatanga မြို့မှဖြစ်ပါတယ်။
သူမဟာ Shea butter လုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတွင်မွေးဖွားကြီးပြင်းလာခဲ့သူပါ။ Hamamat ဟာ မော်ဒယ်တစ်ဦးအဖြစ်စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် Miss Malaika Ghana ဖြစ်လာခဲ့ပြီး သူမဟာ Miss Universe Africa 2007 မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြိုင်ပွဲအပြီးတွင် Hamamat ဟာ လက်ထပ်လိုက်ပြီး ကလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ ထို့နောက် သူမမှာလှပတဲ့သမီးလေးနှစ်ယောက်ရှိလာခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမရဲ့အိမ်ထောင်ရေးဟာ မလှပခဲ့ပါဘူး။
သူမဟာ ကွာရှင်းပြတ်စဲပြီး မြို့တွင်နေထိုင်မှုစရိတ်ကြီးလွန်းတာကြောင့် ကလေးများနှင့်သူမ၏ရွာသို့ပြန်လာခဲ့လိုက်ပါတယ်။သူမ၏ဘဝသစ်နှင့်
အနည်ထိုင်သွားပြီးနောက်မှာ အရာအားလုံးဟာ သူမတို့သုံးယောက်အတွက် တဖြည်းဖြည်းပိုကောင်းလာပါတယ်။
Hamamat ဟာ အသက် ၁၈ နှစ်အရွယ်တွင်ရရှိတဲ့ဂုဏ်ကျက်သရေက သူမလိုချင်တဲ့အရာအားလုံးကိုရနိုင်သည်ဟု သဘောပေါက်ခဲ့တာကြောင့်
သူမ၏နာမည်ကောင်းနှင့်လူမှုမီဒီယာကိုသုံး၍ Hamamat ဟာ သူမ၏ဓာတ်ပုံများနှင့်ဗီဒီယိုများကိုသာမက ရွာငယ်လေးမှလူများ၏တက်ကြွမှုပုံရိပ်တို့ကိုပါ မျှဝေခဲ့ပါတယ်။
သူမဟာ သူမ၏ဇာတ်မြစ် ၊ ရုပ်သွင်ကို အမြဲဂုဏ်ယူနေခဲ့ပြီး သူမနိုင်ငံ၏လှပတဲ့ယဉ်ကျေးမှုကို ကမ္ဘာတစ်ဝှမ်းမှလူများအား မိတ်ဆက်ပေးချင်ခဲ့ပါတယ်။
ထို့နောက် သူမမိသားစု၏ Shea butter အမှတ်တံဆိပ်ဟာ တဖြည်းဖြည်းပို၍ လူကြိုက်များလာပြီး ကမ္ဘာ့ဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။ ေ
နာက်ပိုင်းတွင်သူမဟာအာဖရိကမှသဘာဝအလှအပထုတ်ကုန်များဖြင့် အပန်းဖြေပြီးအလှဆင်နိုင်တဲ့ Hamamat African Village and Spa ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Hamamat က ယနေ့ကဲ့သို့အောင်မြင်နေသော်လည်း အရာရာဟာမလွယ်ကူခဲ့သလို အထူးသဖြင့် သူမဟာ သမီးနှစ်ယောက်မိခင်တစ်ဦးအတွက် ကြိုးစားအားထုတ်မှုလိုအပ်ပြီးအလွန်ကြာမြင့်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သို့ပေမဲ့ဒါတောင်မှ သူမဟာ Single Mother တစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ချက်နှင့်အတူ သူမပျော်ရွှင်ရကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ နှစ်ပေါင်းများစွာရုန်းကန်ခဲ့ပြီးနောက် လက်ရှိ Hamamat ဟာ သူမအမြဲမက်ခဲ့တဲ့ဘဝ၌နေထိုင်နေလျက်ရှိပြီး
သူမ၏ကိုယ်ပိုင် Instagram စာမျက်နှာတွင် followerပေါင်း ၁ သန်းကျော်ရှိသလို သူမ၏ YouTube စာမျက်နှာတွင်လည်း subscriber ပေါင်း ၃၀၀,၀၀၀ ကျော်အထိရှိပါတယ်။
သူမအတွက် ပလက်ဖောင်းများဟာ သူမနှင့်သူမကလေးနှစ်ယောက်တို့ရဲ့လှပတဲ့အချိန်များနှင့် သူမရွာရှိလူများ၏ဘဝကိုပြန်လည်ဝေမျှပေးသည့်နေရာများသာဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့်
Crd
Zawgyi
Crd