စီးလာတဲ့ဖိနပ္အား လမ္းေဘးမွကေလးကိုေပးၿပီး ေျခဗလာျဖင့္လမ္းေလွ်ာက္ခဲ့တဲ့ ၂ႏွစ္အ႐ြယ္ကေလးေလးရဲ႕ (႐ုပ္သံ)

Unicode

အသက် ၂နှစ်သာရှိသေးတဲ့ Cheikh Faizal ဆိုတဲ့ ကလေးလေးဟာ ဖခင်ဖြစ်သူနဲ့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာရှိတဲ့ MRT ဘူတာရုံအနီးမှာ လမ်းလျှောက်လာခဲ့ပါတယ်။ လမ်းလျှေက်လာရင်း Faizal ဟာလမ်းဘေးမှာထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့ သားမိ ၂ယောက်ကို တွေ့လိုက်ပါတယ်။

လမ်းဘေးမှာ ထီးလေးကိုအကာအကွယ်ယူပြီးထိုင်နေတဲ့ အသက်ရွယ်တူ လမ်းဘေးကလေးလေးကိုတွေ့တော့ Faizal ဟာထိုကလေးအနားကို သွားခဲ့ပါတယ်။

ကလေးကလေးနားရောက်တော့ ဖိနပ်မရှိတာကို Faizal တစ်ယောက်တွေ့လိုက်ရပါတယ်။ အဲ့ဒါနဲ့ သူ့ဆီမှာပါလာတဲ့ ဖိနပ်နဲ့ ခြေအိတ်ကို မဆိုင်းမတွပဲချွတ်ကာ

ထိုကလေးလေးရှေ့မှာ ဒူးထောက်ချလိုက်ပြီး သေသေချာချာ စီးပေးခဲ့ပါတယ်။ Faizal နဲ့ ထိုကလေးလေးဟာ အသက်အရွယ်အားဖြစ်

သိပ်မကွာပေမဲ့ ညီကိုအရင်းအချာတစ်ယောက်လို တရင်းတနှီးနဲ့ ပွေ့ဖက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီနောက် Faizal တစ်ယောက် ခြေဗလာနဲ့ လမ်းဆက်လျှောက်ခဲ့ပါတယ်။

လမ်းတစ်လျှောက် အိုးမဲ့ အိမ်မဲ့ မိသားစုတွေ ထပ်တွေ့တော့ ပိုက်ဆံအချို့ နဲ့ သူဆော့နေတဲ့ ထရပ်ကားလေးကို ပေးထားခဲ့ပါသေးတယ်။

ပြီးတဲ့အခါ ထိုအိုးမဲ့ အိမ်မဲ့ ကလေးတွေကို သူငယ်ချင်းဖွဲ့ပြီးသူနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်တိုင်းပြေးတိုင်း ကစားခဲ့ကြပါတယ်။

အသက်အရွယ်အားဖြင့် ငယ်ရွယ်ပေမဲ့ လူသားဆန်ပြီး အကြင်နာတရားရှိလိုက်ပုံက အသက်အရွယ်နဲ့တောင်မလိုက်ပါဘူး။

Faizal ရဲ့ စိတ်ဓာတ်လေးကိုတော့တကယ့်ကို လေးစားချင်စရာကောင်းပြီးလူသားမျိုနွယ်တွေအတွက်တော့ သင်ခန်းစာယူစရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Crd

Vedio

Zawgyi

အသက္ ၂ႏွစ္သာရွိေသးတဲ့ Cheikh Faizal ဆိုတဲ့ ကေလးေလးဟာ ဖခင္ျဖစ္သူနဲ႔အတူ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ မွာရွိတဲ့ MRT ဘူတာ႐ုံအနီးမွာ လမ္းေလွ်ာက္လာခဲ့ပါတယ္။ လမ္းေလွ်က္လာရင္း Faizal ဟာလမ္းေဘးမွာထိုင္ေနတဲ့ အိုးမဲ့အိမ္မဲ့ သားမိ ၂ေယာက္ကို ေတြ႕လိုက္ပါတယ္။

လမ္းေဘးမွာ ထီးေလးကိုအကာအကြယ္ယူၿပီးထိုင္ေနတဲ့ အသက္႐ြယ္တူ လမ္းေဘးကေလးေလးကိုေတြ႕ေတာ့ Faizal ဟာထိုကေလးအနားကို သြားခဲ့ပါတယ္။

ကေလးကေလးနားေရာက္ေတာ့ ဖိနပ္မရွိတာကို Faizal တစ္ေယာက္ေတြ႕လိုက္ရပါတယ္။ အဲ့ဒါနဲ႔ သူ႔ဆီမွာပါလာတဲ့ ဖိနပ္နဲ႔ ေျခအိတ္ကို မဆိုင္းမတြပဲခြၽတ္ကာ

ထိုကေလးေလးေရွ႕မွာ ဒူးေထာက္ခ်လိုက္ၿပီး ေသေသခ်ာခ်ာ စီးေပးခဲ့ပါတယ္။ Faizal နဲ႔ ထိုကေလးေလးဟာ အသက္အ႐ြယ္အားျဖစ္

သိပ္မကြာေပမဲ့ ညီကိုအရင္းအခ်ာတစ္ေယာက္လို တရင္းတႏွီးနဲ႔ ေပြ႕ဖက္ၿပီး ႏႈတ္ဆက္ခဲ့ပါတယ္။အဲ့ဒီေနာက္ Faizal တစ္ေယာက္ ေျခဗလာနဲ႔ လမ္းဆက္ေလွ်ာက္ခဲ့ပါတယ္။

လမ္းတစ္ေလွ်ာက္ အိုးမဲ့ အိမ္မဲ့ မိသားစုေတြ ထပ္ေတြ႕ေတာ့ ပိုက္ဆံအခ်ိဳ႕ နဲ႔ သူေဆာ့ေနတဲ့ ထရပ္ကားေလးကို ေပးထားခဲ့ပါေသးတယ္။

ၿပီးတဲ့အခါ ထိုအိုးမဲ့ အိမ္မဲ့ ကေလးေတြကို သူငယ္ခ်င္းဖြဲ႕ၿပီးသူနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လိုက္တိုင္းေျပးတိုင္း ကစားခဲ့ၾကပါတယ္။

အသက္အ႐ြယ္အားျဖင့္ ငယ္႐ြယ္ေပမဲ့ လူသားဆန္ၿပီး အၾကင္နာတရားရွိလိုက္ပုံက အသက္အ႐ြယ္နဲ႔ေတာင္မလိုက္ပါဘူး။

Faizal ရဲ႕ စိတ္ဓာတ္ေလးကိုေတာ့တကယ့္ကို ေလးစားခ်င္စရာေကာင္းၿပီးလူသားမ်ိဳႏြယ္ေတြအတြက္ေတာ့ သင္ခန္းစာယူစရာတစ္ခုလိုျဖစ္လာခဲ့ပါတယ္။

အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။

Crd