နောက်ဆုံးစာမေးပွဲကို အကြိမ်ပေါင်းများစွာကျရှုံးခဲ့လို့ နားထဲကို Bluetooth ကိရိယာထည့်ထားပြီး လှည့်စားခဲ့တဲ့ ဆေးကျောင်းသား အဖမ်းခံရ

Unicode

အိန္ဒိယနိုင်ငံရှိ ဆေးကျောင်းသားတစ်ဦးဟာ သူ့ရဲ့ ဘွဲ့လွန်စာမေးပွဲကို ဖြေဆိုနိုင်ရန် သူ့ရဲ့အတွင်းနားကို Bluetooth ကိရိယာ ထည့်ထားပြီ

း ဘွဲ့လွန်စာမေးပွဲကို လိမ်လည်မှုဖြင့် မကြာသေးမီကမှ အဖမ်းခံခဲ့ရပါတယ် ။ အိန္ဒိယနိုင်ငံရှိ Mahatma Gandhi ဆေးဘက်ဆိုင်ရာကောလိပ်ရှိ နောက်ဆုံး MBBS (ဆေးပညာဘွဲ့၊ ခွဲစိတ်ဘွဲ့) စာမေးပွဲမှာ ဆေးကျောင်းသား 78 ဦး ပါဝင်ခဲ့ပါတယ် ။

ဒါပေမယ့် သူတို့ထဲက အမည်မဖော်လိုတဲ့ ဆေးကျောင်းသားဟာလွန်ခဲ့တဲ့၁၁နှစ်ကဝင်ခွင့်ရရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နောက်ဆုံးအကြိမ်ကို

အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပြီး အခုက သူ့ရဲ့ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ် ။သူ့အခွင့်အရေးကို ထပ်မဆုံးရှူံးရအောင် ထိုအမျိုးသားက Bluetooth ကိရိယာကို နားထဲမှာ ခွဲစိတ်ထည့်သွင်းကာ လှည့်စားသွားပုံရပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ Vyapam လိမ်လည်မှုမှာသတင်းပေးသူ ဒေါက်တာ Anand Rai ကကြီးမားတဲ့ ဝင်ခွင့်စာမေးပွဲမှ

အကြံအဖန်ပြုလုပ်ခြင်းမှာဘလူးတုသ်ကိရိယာကိုထည့်သွင်းခြင်းကလွယ်ကူပြီးအိန္ဒိယမှာ2013ခုနှစ်အထိအသုံးပြုခဲ့တယ်လို့အခိုင်အမာဆိုခဲ့ပါတယ် ။

JRose (KB Chimmy one)

Reference : odditycentral

Zawgyi







JRose (KB Chimmy one)
