Unicode
လူဖြစ်လာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ လူများစွာ ရှိပါတယ်။သို့သော် ၎င်းတို့ရဲ့ရုန်းကန်မှုများအားဖြင့်
၎င်းတို့ဟာ လူ သို့မဟုတ် အသံမဲ့တိရိစ္ဆာန်များရဲ့အခက်အခဲကို စာနာနားလည်လာတတ်ကြပါတယ်။Ustaz Ebit Lew အမည်ရှိ လူသိများတဲ့ပရဟိတသမားတစ်ဦးဟာ
တံတားအောက်မှာ နှစ်လကြာနေထိုင်နေတဲ့ အသက်ကြီးတဲ့ ဦးလေးရဲ့အကြောင်းကို သူ့ရဲ့ Facebook page မှာ မျှဝေပေးခဲ့ပါတယ်။
ဦးလေးဟာ ငွေရေးကြေးရေးအခက်အခဲရှိနေပေမဲ့ သူဟာ ကြောင်အမြောက်အမြားကို မွေးစားပြီး သူနေထိုင်တဲ့ သူ့ရဲ့ကားကို မျှဝေပေးခဲ့ပါတယ်။
Ebit Lew က “ အသက် ၇၅နှစ်အရွယ် ဦးလေးက ဈေးရဲ့အလယ်ဗဟိုတံတားအောက်က သူ့ရဲ့ကားလေးထဲမှာ နှစ်လ ကြာနေထိုင်နေတာကို ကြားလိုက်ရတော့
ကျွန်တော် shock ရသွားခဲ့တယ်၊ဦးလေးက အရမ်းသဘောကောင်းတယ်၊ ကြောင်လေးတွေကို သူ့ရဲ့ကားထဲမှာ နေခိုင်းသေးတယ်” လို့ ရေးသားထားပါတယ်။
Ebit Lew က “ အသက် ၇၅နှစ်အရွယ် ဦးလေးက ဈေးရဲ့အလယ်ဗဟိုတံတားအောက်က သူ့ရဲ့ကားလေးထဲမှာ နှစ်လ ကြာနေထိုင်နေတာကို ကြားလိုက်ရတော့
ကျွန်တော် shock ရသွားခဲ့တယ်၊ဦးလေးက အရမ်းသဘောကောင်းတယ်၊ ကြောင်လေးတွေကို သူ့ရဲ့ကားထဲမှာ နေခိုင်းသေးတယ်” လို့ ရေးသားထားပါတယ်။
ထို့နောက် Ebit Lew က အဆိုပါ ဦးလေးအား အခြားဆက်သွယ်ပေးလို့ရတဲ့မိသားစုဝင်တွေမရှိဘူးလားလို့ မေးတော့ ဦးလေးက သူတစ်ယောက်တည်းသာ
နေထိုင်ပြီး မိသားစုဝင်များက မရှိတော့ကြောင်း ပြောပြရင်း ငိုကြွေးနေခဲ့ပါတယ်။အထူးသဖြင့် Ebit Lew က အိမ်အတွင်းရှိ လိုအပ်တဲ့ ရေခဲသေတ္တာ၊
အဝတ်လျှော်စက်နှင့်အိပ်ရာများကိုလည်းဝယ်ယူမည်ဟု ပြောလိုက်တဲ့အခါ ဦးလေးဟာ Ebit Lew ထံမှ ထိုကဲ့သို့သော အကူအညီများကို ရရှိခဲ့ခြင်းကြောင့်
သူဟာ အားလည်းနာသလို သူ့ကိုယ်သူ အရှက်ရသလို ခံစားမိသွားခဲ့ပြီး “ အိမ်နဲ့တင် ကျေနပ်နေပါပြီ ၊ ငါ့ကိုယ်ငါ အရှက်ရမိတယ် ၊ ငါ ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ ” လို့ ဆိုကာ မေးမြန်းနေခဲ့ပါတယ်။
သို့သော် Ebit Lew က ဦးလေးရရှိခဲ့တဲ့ဒီကြင်နာမှုက ကြောင်လေးတွေကို ပြုစုပေးခဲ့တဲ့ဦးလေးရဲ့ကြင်နာမှုအတွက်ကြောင့်ပါ လို့ ထို့ကဲ့သို့ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
“ ဒါဟာ ကြောင်လေးတွေကို ချစ်တဲ့ဦးလေးအတွက် ကောင်းချီးတစ်ခုပါ ၊ ဘုရားသခင်က ဦးလေးရဲ့အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးလိမ့်မယ်” လို့ Ebit Lew က ထပ်မံပြောကြားခဲ့ပါသေးတယ်။
ကျွန်တော်တို့လည်း ဦးလေးရဲ့လိုအပ်နေတဲ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့် ဦးလေးအတွက် အလွန်ဝမ်းမြောက်မိပါတယ်။
အထူးသဖြင့် ဦးလေးဟာ အခက်အခဲများရှိနေသော်လည်း ကြောင်လေးတွေကို ရအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကြောင့် ဦးလေးကို အထူးဘဲ ဂုဏ်ယူမိပါတယ်ဗျာ။
Crd,
Zawgyi
လူျဖစ္လာတာနဲ႔အမွ် စားဝတ္ေနေရးအတြက္ ႐ုန္းကန္လႈပ္ရွားေနရတဲ့ လူမ်ားစြာ ရွိပါတယ္။သို႔ေသာ္ ၎တို႔ရဲ႕႐ုန္းကန္မႈမ်ားအားျဖင့္
၎တို႔ဟာ လူ သို႔မဟုတ္ အသံမဲ့တိရိစာၦန္မ်ားရဲ႕အခက္အခဲကို စာနာနားလည္လာတတ္ၾကပါတယ္။Ustaz Ebit Lew အမည္ရွိ လူသိမ်ားတဲ့ပရဟိတသမားတစ္ဦးဟာ
တံတားေအာက္မွာ ႏွစ္လၾကာေနထိုင္ေနတဲ့ အသက္ႀကီးတဲ့ ဦးေလးရဲ႕အေၾကာင္းကို သူ႔ရဲ႕ Facebook page မွာ မွ်ေဝေပးခဲ့ပါတယ္။
ဦးေလးဟာ ေငြေရးေၾကးေရးအခက္အခဲရွိေနေပမဲ့ သူဟာ ေၾကာင္အေျမာက္အျမားကို ေမြးစားၿပီး သူေနထိုင္တဲ့ သူ႔ရဲ႕ကားကို မွ်ေဝေပးခဲ့ပါတယ္။
Ebit Lew က “ အသက္ ၇၅ႏွစ္အ႐ြယ္ ဦးေလးက ေဈးရဲ႕အလယ္ဗဟိုတံတားေအာက္က သူ႔ရဲ႕ကားေလးထဲမွာ ႏွစ္လ ၾကာေနထိုင္ေနတာကို ၾကားလိုက္ရေတာ့
ကြၽန္ေတာ္ shock ရသြားခဲ့တယ္၊ဦးေလးက အရမ္းသေဘာေကာင္းတယ္၊ ေၾကာင္ေလးေတြကို သူ႔ရဲ႕ကားထဲမွာ ေနခိုင္းေသးတယ္” လို႔ ေရးသားထားပါတယ္။
Ebit Lew က “ အသက္ ၇၅ႏွစ္အ႐ြယ္ ဦးေလးက ေဈးရဲ႕အလယ္ဗဟိုတံတားေအာက္က သူ႔ရဲ႕ကားေလးထဲမွာ ႏွစ္လ ၾကာေနထိုင္ေနတာကို ၾကားလိုက္ရေတာ့
ကြၽန္ေတာ္ shock ရသြားခဲ့တယ္၊ဦးေလးက အရမ္းသေဘာေကာင္းတယ္၊ ေၾကာင္ေလးေတြကို သူ႔ရဲ႕ကားထဲမွာ ေနခိုင္းေသးတယ္” လို႔ ေရးသားထားပါတယ္။
ထို႔ေနာက္ Ebit Lew က အဆိုပါ ဦးေလးအား အျခားဆက္သြယ္ေပးလို႔ရတဲ့မိသားစုဝင္ေတြမရွိဘူးလားလို႔ ေမးေတာ့ ဦးေလးက သူတစ္ေယာက္တည္းသာ
ေနထိုင္ၿပီး မိသားစုဝင္မ်ားက မရွိေတာ့ေၾကာင္း ေျပာျပရင္း ငိုေႂကြးေနခဲ့ပါတယ္။အထူးသျဖင့္ Ebit Lew က အိမ္အတြင္းရွိ လိုအပ္တဲ့ ေရခဲေသတၱာ၊
အဝတ္ေလွ်ာ္စက္ႏွင့္အိပ္ရာမ်ားကိုလည္းဝယ္ယူမည္ဟု ေျပာလိုက္တဲ့အခါ ဦးေလးဟာ Ebit Lew ထံမွ ထိုကဲ့သို႔ေသာ အကူအညီမ်ားကို ရရွိခဲ့ျခင္းေၾကာင့္
သူဟာ အားလည္းနာသလို သူ႔ကိုယ္သူ အရွက္ရသလို ခံစားမိသြားခဲ့ၿပီး “ အိမ္နဲ႔တင္ ေက်နပ္ေနပါၿပီ ၊ ငါ့ကိုယ္ငါ အရွက္ရမိတယ္ ၊ ငါ ဘယ္လို ေက်းဇူးျပန္ဆပ္ရမလဲ ” လို႔ ဆိုကာ ေမးျမန္းေနခဲ့ပါတယ္။
သို႔ေသာ္ Ebit Lew က ဦးေလးရရွိခဲ့တဲ့ဒီၾကင္နာမႈက ေၾကာင္ေလးေတြကို ျပဳစုေပးခဲ့တဲ့ဦးေလးရဲ႕ၾကင္နာမႈအတြက္ေၾကာင့္ပါ လို႔ ထို႔ကဲ့သို႔ ျပန္လည္ ေျဖၾကားေပးခဲ့ပါတယ္။
“ ဒါဟာ ေၾကာင္ေလးေတြကို ခ်စ္တဲ့ဦးေလးအတြက္ ေကာင္းခ်ီးတစ္ခုပါ ၊ ဘုရားသခင္က ဦးေလးရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈကို ေထာက္ပံ့ေပးလိမ့္မယ္” လို႔ Ebit Lew က ထပ္မံေျပာၾကားခဲ့ပါေသးတယ္။
ကြၽန္ေတာ္တို႔လည္း ဦးေလးရဲ႕လိုအပ္ေနတဲ့အကူအညီမ်ားကို ရရွိခဲ့ျခင္းေၾကာင့္ ဦးေလးအတြက္ အလြန္ဝမ္းေျမာက္မိပါတယ္။
အထူးသျဖင့္ ဦးေလးဟာ အခက္အခဲမ်ားရွိေနေသာ္လည္း ေၾကာင္ေလးေတြကို ရေအာင္ ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ေၾကာင့္ ဦးေလးကို အထူးဘဲ ဂုဏ္ယူမိပါတယ္ဗ်ာ။
Crd,