“ နတ္ ” ဖြက္တာခံခဲ့ရၿပီး (၁၀)ရက္ၾကာမွ႐ြာျပန္ေရာက္လာတာတဲ့ မိန္းကေလးႏွစ္ဦး

Unicode

“ နတ် ” ဖွက်တာတဲ့နော်ဂရုစိုက်ကြဦး၊(၁၀)ရက်ကြာမှရွာပြန်ရောက်လာတာတဲ မိန်းကလေးနှစ်ဦးတအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာက အသက် (၁၆)နှစ်အရွယ် လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးဟာဒီဇင်ဘာလ၆ရက်မနက် ၅ နာရီမှာ ကျေးရွာရှိ နေအိမ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒီနေ့ဒီဇင်ဘာ၉ရက်မနက်မှာ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ ၂ ဦးရဲ့နေအိမ်သို့ရပ်ရွာလူကြီးတွေကို ခေါ်ပြီး အလှူတွေလုပ်ပေးခဲ့တယ်လို့၎င်းကဆိုပါတယ်။

လုံတောက်ကျေးရွာခံတစ်ဦးဖြစ်တဲ့ကိုဘဆွေက“သူတို့ ဗေဒင်ဆရာတွေကို အကူညီတောင်းပြီး အိမ်မှာ ခေါ်ထားလိုက်တယ်။ သူတို့နှစ်ယောက်လည်း ဟိုဘက်(ပျောက်တဲ့နေရာ)ပြန်သွားရမယ်လို့ ခဏခဏပြောတယ်။ မိဘတွေလည်း စိုးရိမ်ပြီးတော့ ဗေဒင်ဆရာတွေကို ခေါ်ထားလိုက်တာ” လို့ ပြောပါတယ်။လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ဟာ အိမ်ပြန်ရောက်တာနဲ့

နတ်တွေ ခေါ်သွားတဲ့နေရာကို ပြန်သွားရမယ်လို့ မကြာခဏ ပြောဆိုနေကြပြီး၎င်းတို့၂ ဦးကိုနတ်တွေ ဖွက်လိုက်တာ ဖြစ်တယ်လို့ ရွာခံတွေက ပြောဆိုနေကြပါတယ်။

နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်း၅နာရီအချိန်မှာ လွေးလဲ့လဲ့ဦးက ပျောက်ဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်ည၉ နာရီမှာ လွေးယဉ်ယဉ်ထွေးကထပ်မံ

ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ကျေးရွာအတွင်းမှာ အခုလိုလူပျောက်တာဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။

အမျိုးသမီးငယ်လုံတောက်ရွာ နမ့်ဆန်မြို့

ဓာတ္ပုံ- Facebook

Crd

Zawgyi

“ နတ္ ” ဖြက္တာတဲ့ေနာ္ဂ႐ုစိုက္ၾကဦး၊(၁၀)ရက္ၾကာမွ႐ြာျပန္ေရာက္လာတာတဲ မိန္းကေလးႏွစ္ဦးတအာင္း(ပေလာင္)ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ

နမ့္ဆန္ၿမိဳ႕နယ္ လုံေတာက္ေက်း႐ြာက အသက္ (၁၆)ႏွစ္အ႐ြယ္ ေလြးလဲ့လဲ့ဦးနဲ႔ ေလြးယဥ္ယဥ္ေထြးတို႔ ၂ ဦးဟာဒီဇင္ဘာလ၆ရက္မနက္ ၅ နာရီမွာ ေက်း႐ြာရွိ ေနအိမ္ကို ျပန္လည္ေရာက္ရွိလာတယ္လို႔ သိရပါတယ္။

ဒီေန႔ဒီဇင္ဘာ၉ရက္မနက္မွာ ေလြးလဲ့လဲ့ဦးနဲ႔ ေလြးယဥ္ယဥ္ေထြးတို႔ ၂ ဦးရဲ႕ေနအိမ္သို႔ရပ္႐ြာလူႀကီးေတြကို ေခၚၿပီး အလႉေတြလုပ္ေပးခဲ့တယ္လို႔၎ကဆိုပါတယ္။

လုံေတာက္ေက်း႐ြာခံတစ္ဦးျဖစ္တဲ့ကိုဘေဆြက“သူတို႔ ေဗဒင္ဆရာေတြကို အကူညီေတာင္းၿပီး အိမ္မွာ ေခၚထားလိုက္တယ္။ သူတို႔ႏွစ္ေယာက္လည္း ဟိုဘက္(ေပ်ာက္တဲ့ေနရာ)ျပန္သြားရမယ္လို႔ ခဏခဏေျပာတယ္။ မိဘေတြလည္း စိုးရိမ္ၿပီးေတာ့ ေဗဒင္ဆရာေတြကို ေခၚထားလိုက္တာ” လို႔ ေျပာပါတယ္။ေလြးလဲ့လဲ့ဦးနဲ႔ ေလြးယဥ္ယဥ္ေထြးတို႔ဟာ အိမ္ျပန္ေရာက္တာနဲ႔

နတ္ေတြ ေခၚသြားတဲ့ေနရာကို ျပန္သြားရမယ္လို႔ မၾကာခဏ ေျပာဆိုေနၾကၿပီး၎တို႔၂ ဦးကိုနတ္ေတြ ဖြက္လိုက္တာ ျဖစ္တယ္လို႔ ႐ြာခံေတြက ေျပာဆိုေနၾကပါတယ္။

ႏိုဝင္ဘာလ ၂၆ ရက္ ညေနပိုင္း၅နာရီအခ်ိန္မွာ ေလြးလဲ့လဲ့ဦးက ေပ်ာက္ဆုံးသြားခဲ့ၿပီးေနာက္ ႏိုဝင္ဘာလ ၂၇ ရက္ည၉ နာရီမွာ ေလြးယဥ္ယဥ္ေထြးကထပ္မံ

ေပ်ာက္ဆုံးသြားခဲ့တာပဲ ျဖစ္ပါတယ္။ေက်း႐ြာအတြင္းမွာ အခုလိုလူေပ်ာက္တာဟာပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ ႐ြာခံေတြက ဆိုပါတယ္။

အမ်ိဳးသမီးငယ္လုံေတာက္႐ြာ နမ့္ဆန္ၿမိဳ႕

ဓာတၸဳံ- Facebook

Crd