အမြင့်ပေရာနဲ့ချီတဲ့တံတားတစ်စင်းရဲ့အောက်ကို ကြိုးများဖြင့် ခိုတွဲပြီး ရေပူကန်တစ်ခုဖန်တီးကာ အုပ်စုလိုက် စွန့်စားခဲ့ကြတဲ့ အာဂသူငယ်ချင်းတစ်စု

Unicode

ကြယ်တွေအောက်မှာ ဝိုင်တစ်ခွက် နဲ့ မနွေးတနွေးရေပူကန်ထဲမှာ ထိုင်နေရတာလောက် ဇိမ်ရှိတာ ဘာမှမရှိတော့ဘူးထင်ပါတယ်။ ရှည်လျားတဲ့တစ်နေ့တာအပြီး ရေပူကန်ထဲမှ

ာ အေးအေးလူလူ အနားယူရတာ ဒါမှမဟုတ် နည်းနည်းလေး အနားယူရတာကို လူတိုင်းက နှစ်သက်ကြပါတယ်။ ခုလည်း ရေပူကန်ကိုတကယ်ကြိုက်တဲ့

သူငယ်ချင်းတစ်စုကတော့ ၎င်းတို့ရဲ့ရေပူရေကန်လိုအပ်ချက်များကို သက်သာစေဖို့၊ ၎င်းတို့က အလွန်ပူပြင်းတဲ့ tubbing လို့ခေါ်တဲ့အရာအတွက်

ထိတ်လန့်ရင်ထိတ်ဖိုဖွယ်ရေပူကန်ကို အမြင့်ပေတစ်ခုဆီသို့ သယ်ဆောင်သွားပြီးနောက် ၎င်းတို့အတွက် ပြီးပြည့်စုံတဲ့နေရာဖြစ်တဲ့ တံတားပေါ်ကနေ ၎င်းတို့ရဲ့လက်လုပ်ရေပူကန်ကိုတွဲလောင်းချဖို့ စိတ်ကူးခဲ့ကြပါတယ်။

ထားချင်တဲ့ရေပူကန်ရဲ့တည်နေရာကို တွေ့ရှိပြီးနောက်မှာ ၎င်းတို့ဟာ တောင်တက်ကြိုးများကိုကျောက်ချပြီး ကြီးမားလှတဲ့ တံတားကြီးရဲ့တစ်ဖက်တစ်ချက်စီကနေ

ပါဝင်ပစ္စည်းတစ်ခုစီကို ပို့ဆောင်သယ်ယူခဲ့ကြပါတယ်။ ထို့ပြင် ရေပူရေချိုးကန်တစ်ခုဖြစ်ဖို့ ရေနွေးလိုအပ်တာကြောင့် ၎င်းတို့ဟာ

ခရီးဆောင်အပူပေးစက်ကိုပါတပ်ဆင်ခဲ့ကြပြီး ၎င်းတို့ဆောက်နေတဲ့အရာက မယုံနိုင်လောက်အောင်လေးလံတဲ့အတွက် ထိန်းချုပ်တွယ်တန်းထားတဲ့သံကြိုးတွေ

ခိုင်ခံ့နေဖို့ သေချာပါတယ်။ ဒါဟာ ရှည်လျားတဲ့ ပရောဂျက်တစ်ခုဖြစ်တာကြောင့် ၎င်းတို့ဟာ ခရီးဆောင်အပူပေးစက်နဲ့ အပူပေးနိုင်တဲ့ဟင်းချိုအချို့ကိုလည်း ယူဆောင်လာခဲ့ကြပါသေးတယ်။

ဒီကိရိယာအားလုံးအတွက် အကြံအဖန်လုပ်ခြင်းက အလွန်ခက်ခဲပေမဲ့လည်း ဒီသူငယ်ချင်းတစ်ခုက အလွန်ပူပြင်းတဲ့ ပိုက်နှင့်ပတ်သက်ရင် ကျွမ်းကျင်သူများဖြစ်ကြသလို

၎င်းတို့အားလုံးရဲ့လုံခြုံရေးအတွက်သေချာအောင်လည်း အထက်ကတံတားနဲ့ ၎င်းတို့ကြားကို တောင်တက်ကြိုးများဖြင့်လည်း ချိတ်ဆက်ထားပါတယ်။

ဒါဟာ အန္တရာယ်ရှိတဲ့အလုပ်တစ်ခုဖြစ်ပြီး ဓာတ်ပုံထဲကအတိုင်း တောင်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းကတောင် ကြောက်စရာကောင်းနေသလို ၎င်းရေပူကန်ပေါ်က

သူငယ်ချင်းတွေကတော့ အေးဆေးဖြစ်နေပြီး တော်တော်လေး စွန့်စားရဲကြပါတယ်။၎င်းထိတ်သည်းရင်ဖိုစရာကောင်းတဲ့စွန့်စားခန်းကတော့

၎င်းတို့သူငယ်ချင်းတွေကတစ်ယောက်ရဲ့မွေးနေ့အတွက် ဂုဏ်ပြုဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေခဲ့ပါတယ်။ ၎င်းတို့ရဲ့ရေပူကန်တည်ဆောက်ပုံအဆင့်ဆင့်ကို ဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။

သင်ကော ဒီစွန်းစားခန်းကိုဘယ်လိုမြင်လားဗျာ။ ဒီရေပူကန်ကို ဘယ်လိုတွေ တွေးတောပြီးဆောက်လုပ်ခဲ့ဆိုလဲဆိုတာမသိနိုင်ပေမဲ့လည်း

အဆုံးမှာ ဘယ်သူမှမရှိတဲ့နေရာတစ်ခုမှာ အပန်းဖြေအနားယူရတာက ကျွန်တော်တို့အနေနဲ့ ကြိုးများဖြင့် တွဲလောင်းကျထားတဲ့ ပေရာနှင့်ချီတဲ့

ရေပူကန်ထဲမှာ ထိုင်နေရသည့် ခံစားချက်ကို စိတ်ကူးမယဉ်ကြည့်နိုင်ပေမဲ့ အလွန်တန်ဖိုးရှိမေမှာ သေချာပါတယ်။

Mia (KB Chimmy one)

Reference : buzznicked

Zawgyi

















Mia (KB Chimmy one)

Reference : buzznicked