ခင္ပြန္းဆုံးၿပီးေနာက္ သားသမီးေတြကို လိုေလေသးမရွိေအာင္ထားႏိုင္ဖို႔ တစ္ရက္ကို ဓာတ္ေငြ႕ဆလင္ဒါလုံးေပါင္း ၁၀၀ အထိ အကူအညီမပါဘဲ ကိုယ္တိုင္ပို႔ေဆာင္ေပးေနတဲ့ မိခင္

Unicode

အလေးချိန် 30 ကီလိုဂရမ်ခန့်ရှိတဲ့ ဓာတ်ငွေ့ဆလင်ဒါတစ်ခုကို သယ်ဆောင်ရန် ခွန်အားလိုအပ်ပေမဲ့လည်း ဒီအသက် 30 နှစ်အရွယ် Khairunissa

အမည်ရှိအမျိုးသမီးတစ်ဦးကတော့ တစ်ကြိမ်လျှင် ဓာတ်ငွေ့ဆလင်ဒါ 1 ဘူး မဟုတ်ဘဲ 2 ဘူးမှ 4 ဘူးကို အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။ သူမ ဟာ ဂတ်စ်ဆလင်ဒါ

၄ လုံးကို တပြိုင်နက် တွန်းနိုင်ပြီး ၎င်းက သူမအတွက် အားစိုက်ထုတ်စရာ သိပ်မလိုပုံပါဘဲ။ ဓာတ်ငွေ့ဆလင်ဒါရောင်းချသူအဖြစ် အတွေ့အကြုံ ၃ နှစ်ရှိပြီဖြစ်သော မလေးရှားနိုင်ငံ Terengganu ပြည်နယ်မှ Khairunissa ဟာ တစ်ကြိမ်လျှင် ဓာတ်ငွေ့ဆလင်ဒါ

၂ လုံးကို သယ်ဆောင်ကာ တိုက်ခန်းတွေမှာနေထိုင်တဲ့ ဖောက်သည်များထံပို့ဆောင်ဖို့ လှေကားကိုသာ အသုံးပြုလေ့ရှိပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက သူမဟာ သယ်ယူပို့ဆောင်ရေးနှင့် လော်ရီကားမောင်းခြင်းအပါအဝင် ယောက်ျားများလုပ်လေ့ရှိသည့် လေးလံတဲ့အလုပ်တွေကို

လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ အခုချိန်ထိ ဒါတွေအားလုံးကို ဘယ်သူ့အကူအညီမှ မယူဘဲ သူမကိုယ်တိုင်လုပ်နေလျက်ရှိပါတယ်။ “ ကျွန်မခင်ပွန်းဆုံးပြီးကတည်းက

ယောက္ခမနဲ့ အလုပ်တွဲလုပ်တယ်။ ကျွန်မက အစပိုင်းမှာတော့ forklift ယာဉ်မောင်းဖြစ်ပြီး ကျွန်တော်လုပ်ရမှာက ဆလင်ဒါတွေကို နောက်တွဲယာဉ်တွေကနေ ရွှေ့ဖို့ပါပဲ ”

လို့ Khairunissa က ပြောကြားခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်တွေမှာ လူအင်အားနည်းပါးခြင်းကြောင့် ဓာတ်ငွေ့ဆလင်ဒါများကို ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းလုပ်ငန်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ၊

သူမဟာ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အလုပ်ချိန်တစ်လျှောက် တစ်နေ့မှာ ဓာတ်ငွေ့ဆလင်ဒါ ၆၀ မှ ၁၀၀ ကြား ပို့ဆောင်ပေးနိုင်ပါတယ်။ “လော်ရီကားကို

မောင်းနှင်ပြီး ဓာတ်ငွေ့ဆလင်ဒါတွေ ပို့ရတဲ့အခါ အစပိုင်းမှာတော့ ကျွန်မ ရှက်မိတယ်။ ဒါပေမယ့် အဲ့တာက အချိန်နဲ့အမျှ ပျောက်ကွယ်သွားပြီး အထူးသဖြင့်

ဖောက်သည်တွေက အမျိုးသမီးတွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေဆိုရင် သူတို့ကိုကူညီဖို့ ကျွန်မ ဝန်မလေးတော့ဘူး” လို့လည်း သူမက ရှင်းပြခဲ့ပါတယ်။

ဒါ့ပြင် ဖခင်ဖြစ်သူသေဆုံးပြီးနောက်မှာ သူမရဲ့ကလေးတွေကို ၎င်းတို့ဘဝမှာ တစ်စုံတစ်ရာ ချို့တဲ့နေတယ်လို့ သူမ မခံစားရစေလိုကြောင်းကိုလည်း

သူမက ပြောကြားခဲ့တဲ့အပြင် သူမဟာ လက်ရှိမှာ တရုတ်လူမျိုး အသက် 74 နှစ်အရွယ် ယောက္ခမကြီးကို ပြုစုစောင့်ရှောက်နေဆဲဖြစ်ပါတယ်။ Khairunissa ရဲ့

ကတိကဝတ် နှင့် ကြိုးစားအားထုတ်မှုက လေးစားစရာပါဘဲ။ သူမက ကျွန်တော်တို့ထက် ရုပ်ပိုင်းဆိုင်ရာ သန်မာရုံသာမက တစ်နေ့တာမှ

ာ အရာများစွာကို လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိခြင်းကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်သန်စွမ်းသူတစ်ဦးပါဘဲ။

Mia (KB Chimmy one)

Reference : worldofbuzz

Zawgyi

အေလးခ်ိန္ 30 ကီလိုဂရမ္ခန႔္ရွိတဲ့ ဓာတ္ေငြ႕ဆလင္ဒါတစ္ခုကို သယ္ေဆာင္ရန္ ခြန္အားလိုအပ္ေပမဲ့လည္း ဒီအသက္ 30 ႏွစ္အ႐ြယ္ Khairunissa

အမည္ရွိအမ်ိဳးသမီးတစ္ဦးကေတာ့ တစ္ႀကိမ္လွ်င္ ဓာတ္ေငြ႕ဆလင္ဒါ 1 ဘူး မဟုတ္ဘဲ 2 ဘူးမွ 4 ဘူးကို အလြယ္တကူ ကိုင္တြယ္ႏိုင္ပါတယ္။ သူမ ဟာ ဂတ္စ္ဆလင္ဒါ

၄ လုံးကို တၿပိဳင္နက္ တြန္းႏိုင္ၿပီး ၎က သူမအတြက္ အားစိုက္ထုတ္စရာ သိပ္မလိုပုံပါဘဲ။ ဓာတ္ေငြ႕ဆလင္ဒါေရာင္းခ်သူအျဖစ္ အေတြ႕အႀကဳံ ၃ ႏွစ္ရွိၿပီျဖစ္ေသာ မေလးရွားႏိုင္ငံ Terengganu ျပည္နယ္မွ Khairunissa ဟာ တစ္ႀကိမ္လွ်င္ ဓာတ္ေငြ႕ဆလင္ဒါ

၂ လုံးကို သယ္ေဆာင္ကာ တိုက္ခန္းေတြမွာေနထိုင္တဲ့ ေဖာက္သည္မ်ားထံပို႔ေဆာင္ဖို႔ ေလွကားကိုသာ အသုံးျပဳေလ့ရွိပါတယ္။

ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက သူမဟာ သယ္ယူပို႔ေဆာင္ေရးႏွင့္ ေလာ္ရီကားေမာင္းျခင္းအပါအဝင္ ေယာက္်ားမ်ားလုပ္ေလ့ရွိသည့္ ေလးလံတဲ့အလုပ္ေတြကို

လုပ္ကိုင္ခဲ့ပါတယ္။ သူမဟာ အခုခ်ိန္ထိ ဒါေတြအားလုံးကို ဘယ္သူ႔အကူအညီမွ မယူဘဲ သူမကိုယ္တိုင္လုပ္ေနလ်က္ရွိပါတယ္။ “ ကြၽန္မခင္ပြန္းဆုံးၿပီးကတည္းက

ေယာကၡမနဲ႔ အလုပ္တြဲလုပ္တယ္။ ကြၽန္မက အစပိုင္းမွာေတာ့ forklift ယာဥ္ေမာင္းျဖစ္ၿပီး ကြၽန္ေတာ္လုပ္ရမွာက ဆလင္ဒါေတြကို ေနာက္တြဲယာဥ္ေတြကေန ေ႐ႊ႕ဖို႔ပါပဲ ”

လို႔ Khairunissa က ေျပာၾကားခဲ့ပါတယ္။ သူမဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ လူအင္အားနည္းပါးျခင္းေၾကာင့္ ဓာတ္ေငြ႕ဆလင္ဒါမ်ားကို ကိုင္တြယ္ျခင္းႏွင့္ သယ္ေဆာင္ျခင္းလုပ္ငန္းတြင္ ပါဝင္လာခဲ့ျခင္းျဖစ္ၿပီး ၊

သူမဟာ မနက္ ၈ နာရီမွ ညေန ၅ နာရီအထိ အလုပ္ခ်ိန္တစ္ေလွ်ာက္ တစ္ေန႔မွာ ဓာတ္ေငြ႕ဆလင္ဒါ ၆၀ မွ ၁၀၀ ၾကား ပို႔ေဆာင္ေပးႏိုင္ပါတယ္။ “ေလာ္ရီကားကို

ေမာင္းႏွင္ၿပီး ဓာတ္ေငြ႕ဆလင္ဒါေတြ ပို႔ရတဲ့အခါ အစပိုင္းမွာေတာ့ ကြၽန္မ ရွက္မိတယ္။ ဒါေပမယ့္ အဲ့တာက အခ်ိန္နဲ႔အမွ် ေပ်ာက္ကြယ္သြားၿပီး အထူးသျဖင့္

ေဖာက္သည္ေတြက အမ်ိဳးသမီးေတြ ဒါမွမဟုတ္ သက္ႀကီး႐ြယ္အိုေတြဆိုရင္ သူတို႔ကိုကူညီဖို႔ ကြၽန္မ ဝန္မေလးေတာ့ဘူး” လို႔လည္း သူမက ရွင္းျပခဲ့ပါတယ္။

ဒါ့ျပင္ ဖခင္ျဖစ္သူေသဆုံးၿပီးေနာက္မွာ သူမရဲ႕ကေလးေတြကို ၎တို႔ဘဝမွာ တစ္စုံတစ္ရာ ခ်ိဳ႕တဲ့ေနတယ္လို႔ သူမ မခံစားရေစလိုေၾကာင္းကိုလည္း

သူမက ေျပာၾကားခဲ့တဲ့အျပင္ သူမဟာ လက္ရွိမွာ တ႐ုတ္လူမ်ိဳး အသက္ 74 ႏွစ္အ႐ြယ္ ေယာကၡမႀကီးကို ျပဳစုေစာင့္ေရွာက္ေနဆဲျဖစ္ပါတယ္။ Khairunissa ရဲ႕

ကတိကဝတ္ ႏွင့္ ႀကိဳးစားအားထုတ္မႈက ေလးစားစရာပါဘဲ။ သူမက ကြၽန္ေတာ္တို႔ထက္ ႐ုပ္ပိုင္းဆိုင္ရာ သန္မာ႐ုံသာမက တစ္ေန႔တာမွ

ာ အရာမ်ားစြာကို လုပ္ေဆာင္ႏိုင္သည့္ စြမ္းရည္ရွိျခင္းေၾကာင့္ စိတ္ဓာတ္ပိုင္းဆိုင္ရာလည္း ႀကံ့ခိုင္သန္စြမ္းသူတစ္ဦးပါဘဲ။

Mia (KB Chimmy one)

Reference : worldofbuzz