ၿခံစည္း႐ိုးရဲ႕ထိပ္ကေန လူေတြကို စိတ္မသက္မသာျဖစ္ေစသလို ေခ်ာင္းၾကည့္ေနခဲ့တဲ့ ေခြးေလးရဲ႕ေရပန္းစားဓာတ္ပုံေနာက္ကြယ္ရွိ အျဖစ္အပ်က္

Unicode

Junebug လို့ခေါ်တဲ့ဒီခွေးမလေးဟာ အလွန်ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးနှင့် စူးစမ်းလိုစိတ်ရှိတဲ့ ခွေးလေးတစ်ကောင်ပါဘဲ။ ဒါပေမယ့် ဟုတ်တယ်၊

သူမက နည်းနည်း ရုပ်ဆိုးနေပါတယ်။ အလေးချိန် 4 ပေါင်ရှိတဲ့ Junebug ၏ ဤဓာတ်ပုံဟာ မကြာသေးမီရက်များအတွင်း အွန်လိုင်းပေါ်မှာ ပေါ်လာခဲ့ပြီး၊

၎င်းပုံမှာ Junebug လေးဟာ မြင့်မားတဲ့ခြံစည်းရိုးတစ်ခု၏ထိပ်မှာ ချောင်းကြည့်နေသည်ကို မြင်တွေ့ရပြီး ၎င်းက ကြည့်ရှုသူတွေကို ကထိကအောက်ဖြစ်စေမဲ့

အလွန်မိုက်မဲတဲ့အကြည့်ဖြင့် ကြည့်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ Junebug လေး၏၎င်းဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး ထိုအချိန်မှစ၍ အွန်လိုင်းမှလူများက

သူမရဲ့အသွင်အပြင်ကို Beetlejuice ၊ Joker နှင့် “It” မှ ကြောက်စရာကောင်းသော လူရွှင်တော်များနှင့်ပင် ခိုင်းနှိုင်းခဲ့ကြပါတယ်။

ဒါပေမဲ့ သူမရဲ့အမူအရာက အနည်းငယ် ကြောက်စရာကောင်းနေတာမှန်ပေမယ့် လက်တွေ့မှာတော့ Junebug လေးနဲ့ ပတ်သက်ပြီး ကြောက်စရာ ဘာမှမရှိပါဘူး။

Dodo ဆိုတဲ့ page က ၎င်းတို့ရဲ့ “ကြောက်စရာ” ခွေးလေးနှင့် ဗိုင်းရပ်စ်ပုံအကြောင်း လေ့လာရန် Junebug လေးရဲ့ပိုင်ရှင် Tim K. ကို ခြေရာခံနိုင်ခဲ့ပါတယ်။

သေချာပါတယ်၊ Junebug လေးရဲ့ လူတွေရဲ့ခံစားချက်ကို ခြိမ်းခြောက်နေပုံက လက်တွေ့နဲ့ မကိုက်ညီနေပါဘူး။ သူမဟာ တကယ်တော့ ပြီးပြည့်စုံတဲ့ Angle လေးပါဘဲ။

” Junebug လေးက သင်တွေ့ဖူးသမျှ အချိုသာဆုံးခွေးဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုအောင်ပါဘဲ ၊ သူမက လူတွေကို ချစ်တယ်။ သူမကို တွေ့တဲ့သူတိုင်းက သူမကို ချစ်ကြတယ်။

ဒီတိုင်း သူမဟာ ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံးအရာတွေထဲကသာဖြစ်တယ်။” ဟု သခင်ဖြစ်သူ Tim က ဆိုခဲ့ပါတယ်။ တရားမျှတမှုရှိစေရန်၊ Junebug လေးဟာ

တစ်ခါတစ်ရံမှာ သူမဟုတ်တဲ့အတိုင်း စိတ်မကျေမနပ်ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အပေါ်ကပုံထဲက ဒီလောက်မြင့်တဲ့ခြံစည်းရိုးကို

Junebug ဘယ်လိုချောင်းကြည့်နေတာလဲ။ နောက်ကွယ်မှာ ချိုမြိန်တဲ့ ရှင်းပြချက်တစ်ခုလည်း ရှိနေပါတယ်။ တကယ်တော့ ကျွန်တော်တို့အိမ်နောက်ဖေးမှာ

ကိုယ်ပိုင်ခြံစည်းရိုးတစ်ခုရှိတယ် ၊ ခဏတိုင်း၊ Junebug လေးက ခြံစည်းရိုးရဲ့တစ်ဖက်ခြမ်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ချင်တတ်ပြီး အဲ့နေ့က

ကျွန်တော် သူ့ကို ကောက်ချီပြီး ကြည့်ခွင့်ပေးခဲ့တာပါ ” ဟု Tim က ပြောပြခဲ့ပါတယ်။ထို့နောက် Tim ၏ဇနီးက ၎င်းဓာတ်ပုံကို ရိုက်ယူခဲ့ပြီး အွန်လိုင်းပေါ်ရှိ

ခွေးချစ်မြတ်နိုးသည့် group တစ်ခုထံ မျှဝေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ “ ကျွန်တော်တို့အတွက်ကတော့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတစ်ပုံပါပဲ ၊

လူတွေက မှတ်ချက်တွေ စပြီး မရေးမချင်း…သူမရဲ့ မျက်နှာမှာ ပြင်းထန်တဲ့ အကြည့်တွေ ရှိနေခဲ့တယ်။” ဟု Tim က ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Junebug က Junebug လေးပါဘဲ ။

Tim တို့ဇနီးမောင်နှံဟာ ၎င်းတို့၏ခွေးဓာတ်ပုံကို ရေပန်းစားပျံ့လွင့်စေရန် သို့မဟုတ် သူမကို ကြောက်စရာကောင်းသည်ဟု လူအများထင်မြင်စေရန် ဘယ်သောအခါမျှ မရည်ရွယ်ခဲ့ကြပါဘူး။

သို့ပေမဲ့ ၎င်းတို့ဇနီးမောင်နှံဟာ အမှန်တရားကို သိနေကြပြီး တကယ့် Junebug လေးရဲ့အကြောင်းကို ဖြန့်ဝေရန် ပျော်ရွှင်နေကြပါတယ်။ ” ကျွန်တော်တို့က

အမြဲတမ်း ခွေးချစ်တဲ့လူတွေပါပဲ။ Junebug လေးက ကျွန်တော်တို့ မိသားစုရဲ့မရှိမဖြစ်အဖွဲ့ဝင်လေးပါဘဲ ၊ တကယ်လို့ Junebug လေးသာ သူမရရှိနေတဲ့

အာရုံစိုက်မှုအားလုံးကို သိခဲ့ရင်၊ သူမဟာ လကမ္ဘာအထိတောင် ပျံတက်သွားလိမ့်မယ်။ ” ဟုလည်း Tim က အဆုံးသတ်ပြောကြားခဲ့ပါသေးတယ်။

Mia (KB Chimmy One)

Reference : thedodo

Zawgyi

Junebug လို႔ေခၚတဲ့ဒီေခြးမေလးဟာ အလြန္ထက္ျမက္ေသာ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စူးစမ္းလိုစိတ္ရွိတဲ့ ေခြးေလးတစ္ေကာင္ပါဘဲ။ ဒါေပမယ့္ ဟုတ္တယ္၊

သူမက နည္းနည္း ႐ုပ္ဆိုးေနပါတယ္။ အေလးခ်ိန္ 4 ေပါင္ရွိတဲ့ Junebug ၏ ဤဓာတ္ပုံဟာ မၾကာေသးမီရက္မ်ားအတြင္း အြန္လိုင္းေပၚမွာ ေပၚလာခဲ့ၿပီး၊

၎ပုံမွာ Junebug ေလးဟာ ျမင့္မားတဲ့ၿခံစည္း႐ိုးတစ္ခု၏ထိပ္မွာ ေခ်ာင္းၾကည့္ေနသည္ကို ျမင္ေတြ႕ရၿပီး ၎က ၾကည့္ရႈသူေတြကို ကထိကေအာက္ျဖစ္ေစမဲ့

အလြန္မိုက္မဲတဲ့အၾကည့္ျဖင့္ ၾကည့္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Junebug ေလး၏၎ဓာတ္ပုံဟာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ထိုအခ်ိန္မွစ၍ အြန္လိုင္းမွလူမ်ားက

သူမရဲ႕အသြင္အျပင္ကို Beetlejuice ၊ Joker ႏွင့္ “It” မွ ေၾကာက္စရာေကာင္းေသာ လူ႐ႊင္ေတာ္မ်ားႏွင့္ပင္ ခိုင္းႏႈိင္းခဲ့ၾကပါတယ္။

ဒါေပမဲ့ သူမရဲ႕အမူအရာက အနည္းငယ္ ေၾကာက္စရာေကာင္းေနတာမွန္ေပမယ့္ လက္ေတြ႕မွာေတာ့ Junebug ေလးနဲ႔ ပတ္သက္ၿပီး ေၾကာက္စရာ ဘာမွမရွိပါဘူး။

Dodo ဆိုတဲ့ page က ၎တို႔ရဲ႕ “ေၾကာက္စရာ” ေခြးေလးႏွင့္ ဗိုင္းရပ္စ္ပုံအေၾကာင္း ေလ့လာရန္ Junebug ေလးရဲ႕ပိုင္ရွင္ Tim K. ကို ေျခရာခံႏိုင္ခဲ့ပါတယ္။

ေသခ်ာပါတယ္၊ Junebug ေလးရဲ႕ လူေတြရဲ႕ခံစားခ်က္ကို ၿခိမ္းေျခာက္ေနပုံက လက္ေတြ႕နဲ႔ မကိုက္ညီေနပါဘူး။ သူမဟာ တကယ္ေတာ့ ၿပီးျပည့္စုံတဲ့ Angle ေလးပါဘဲ။

” Junebug ေလးက သင္ေတြ႕ဖူးသမွ် အခ်ိဳသာဆုံးေခြးျဖစ္တယ္ဆိုတာ သံသယရွိစရာမလိုေအာင္ပါဘဲ ၊ သူမက လူေတြကို ခ်စ္တယ္။ သူမကို ေတြ႕တဲ့သူတိုင္းက သူမကို ခ်စ္ၾကတယ္။

ဒီတိုင္း သူမဟာ ကမာၻေပၚမွာ အခ်ိဳၿမိန္ဆုံးအရာေတြထဲကသာျဖစ္တယ္။” ဟု သခင္ျဖစ္သူ Tim က ဆိုခဲ့ပါတယ္။ တရားမွ်တမႈရွိေစရန္၊ Junebug ေလးဟာ

တစ္ခါတစ္ရံမွာ သူမဟုတ္တဲ့အတိုင္း စိတ္မေက်မနပ္ျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ အေပၚကပုံထဲက ဒီေလာက္ျမင့္တဲ့ၿခံစည္း႐ိုးကို

Junebug ဘယ္လိုေခ်ာင္းၾကည့္ေနတာလဲ။ ေနာက္ကြယ္မွာ ခ်ိဳၿမိန္တဲ့ ရွင္းျပခ်က္တစ္ခုလည္း ရွိေနပါတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔အိမ္ေနာက္ေဖးမွာ

ကိုယ္ပိုင္ၿခံစည္း႐ိုးတစ္ခုရွိတယ္ ၊ ခဏတိုင္း၊ Junebug ေလးက ၿခံစည္း႐ိုးရဲ႕တစ္ဖက္ျခမ္းမွာ ဘာေတြျဖစ္ေနလဲဆိုတာကို ၾကည့္ခ်င္တတ္ၿပီး အဲ့ေန႔က

ကြၽန္ေတာ္ သူ႔ကို ေကာက္ခ်ီၿပီး ၾကည့္ခြင့္ေပးခဲ့တာပါ ” ဟု Tim က ေျပာျပခဲ့ပါတယ္။ထို႔ေနာက္ Tim ၏ဇနီးက ၎ဓာတ္ပုံကို ႐ိုက္ယူခဲ့ၿပီး အြန္လိုင္းေပၚရွိ

ေခြးခ်စ္ျမတ္ႏိုးသည့္ group တစ္ခုထံ မွ်ေဝရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။ “ ကြၽန္ေတာ္တို႔အတြက္ကေတာ့ ခ်စ္စရာေကာင္းတဲ့ ဓာတ္ပုံေလးတစ္ပုံပါပဲ ၊

လူေတြက မွတ္ခ်က္ေတြ စၿပီး မေရးမခ်င္း…သူမရဲ႕ မ်က္ႏွာမွာ ျပင္းထန္တဲ့ အၾကည့္ေတြ ရွိေနခဲ့တယ္။” ဟု Tim က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ Junebug က Junebug ေလးပါဘဲ ။

Tim တို႔ဇနီးေမာင္ႏွံဟာ ၎တို႔၏ေခြးဓာတ္ပုံကို ေရပန္းစားပ်ံ႕လြင့္ေစရန္ သို႔မဟုတ္ သူမကို ေၾကာက္စရာေကာင္းသည္ဟု လူအမ်ားထင္ျမင္ေစရန္ ဘယ္ေသာအခါမွ် မရည္႐ြယ္ခဲ့ၾကပါဘူး။

သို႔ေပမဲ့ ၎တို႔ဇနီးေမာင္ႏွံဟာ အမွန္တရားကို သိေနၾကၿပီး တကယ့္ Junebug ေလးရဲ႕အေၾကာင္းကို ျဖန႔္ေဝရန္ ေပ်ာ္႐ႊင္ေနၾကပါတယ္။ ” ကြၽန္ေတာ္တို႔က

အၿမဲတမ္း ေခြးခ်စ္တဲ့လူေတြပါပဲ။ Junebug ေလးက ကြၽန္ေတာ္တို႔ မိသားစုရဲ႕မရွိမျဖစ္အဖြဲ႕ဝင္ေလးပါဘဲ ၊ တကယ္လို႔ Junebug ေလးသာ သူမရရွိေနတဲ့

အာ႐ုံစိုက္မႈအားလုံးကို သိခဲ့ရင္၊ သူမဟာ လကမာၻအထိေတာင္ ပ်ံတက္သြားလိမ့္မယ္။ ” ဟုလည္း Tim က အဆုံးသတ္ေျပာၾကားခဲ့ပါေသးတယ္။

Mia (KB Chimmy One)

Reference : thedodo