ခြေထောက်များမလှုပ်ရှားနိုင်လို့ wheelchair နဲ့ သုံးနေရပေမဲ့ ဥယျာဉ်ခြံစိုက်ပျိုးကာ လူတိုင်းကို အထင်ကြီးစေတဲ့ အမျိုးသား

Unicode

လူတိုင်းကို အထင်ကြီးလေးစားစေမဲ့ လက်သာလှုပ်ရှားနိုင်တဲ့ အမျိုးသားများဟာ ပြုစုထားတဲ့ ဥယျာဉ်များစွာရှိပြီး တစ်ချိန်က သူ့ရဲ့အောင်မြင်မှုများကြောင့်

လူငယ်များကြားမှာ ကျော်ကြားခဲ့ပါတယ် ။ အဆိုပါအမျိုးသားက အသက် ၃၁ နှစ် Mr. Phan Vu Minh လို့ခေါ်ပြီး ဗီယက်နမ်နိုင်ငံ၊ Vinh Long ပြည်နယ် မှာနေထိုင်ပါတယ် ။

အသက် ၁၂ နှစ်အရွယ်မှာ ခြေထောက်များ အားနည်းလာပြီး ခန္ဓာကိုယ် မကြာခဏ နာကျင်စေတဲ့ ပြင်းထန်သော ရောဂါတစ်မျိုးကို ခံစားခဲ့ရပါတယ် ။

ကုသမှုခံယူခဲ့သော်လည်း အပြုသဘောဆောင်တဲ့ ရလဒ်များမရှိခဲ့သဖြင့် အသက် ၂၀ နှစ်မှစတင်ပြီး wheelchair ဖြင့် ဘဝကို စတင်အသုံးပြုလာခဲ့ပါတယ် ။

ထိုအချိန်မှစပြီး သူက သာယာဝပြောတဲ့ ဟိုချီမင်းမြို့မှ ထွက်ခွာခဲ့ပြီး သူ့မွေးရပ်မြေသို့ ပြန်သွားခဲ့ပါတယ် ။ သူ့ခြေထောက်ကိုယ်လှုပ်ရှားနိုင်မှု ဆုံးရှုံးသွားပေမဲ့

စိတ်ဓာတ်ကျခြင်းမရှိဘဲ Mr. Minh က သူ့ဘဝသစ်မှာ နေထိုင်ရန် သူက ငယ်စဉ်ကတည်းက နှစ်သက်ခဲ့တဲ့ ဥယျာဉ်ခြံမြေကို သူ့မိသားစုရဲ့ မြေနေရာရရှိပြီး

သူ့အိပ်မက်ကို အကောင်အထည်ဖော်ပြီး အဲဒီအိပ်မက်နဲ့ စီးပွားရေးကို စတင်ခဲ့တယ် ။Mr. Minh က ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးပြီး တင်သွင်းခဲ့ပါတယ် ။

သူက နေ့တိုင်း သူရဲ့ ဟင်းသီးဟင်းရွက် ဥယျာဉ်ကို ပြုစုစောင့်ရှောက်ရန် ၂ နာရီ အချိန်ပေးရပါတယ် ။ ယခုအချိန်အထိ၊ သူရဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်က

မိသားစုတစ်ခုလုံးကို ရာသီအလိုက်ဟင်းသီး ဟင်းရွက်များ ကျွေးမွေးနိုင်ရုံသာမက အိမ်နီးနားချင်းများနဲ့လည်း မျှဝေရန် ပိုလျှံနေပါတယ် ။

အဆိုပါအရာများက သူရဲ့စိတ်အားထက်သန်မှုအပေါ် အာရုံစူးစိုက်ပြီး အားထုတ်တဲ့အခါ ရရှိခဲ့သော အဖိုးတန် ဝိညာဉ်ရေးတန်ဖိုးများဖြစ်ပါတယ် ။

JRose (KB Chimmy one)

Reference : yan

Zawgyi











JRose (KB Chimmy one)

Reference : yan