LED Tv ရှိရင် ဒါလေးတွေ မလုပ်မိပါစေနဲ့နော်
Unicode
၁။ TV မှန်ပြင်ပေါ်ရှိ ဖုန်မှုန့် များကို မှန်ကြည်ဆေးရည် ဖြင့် ပက်ဖြန်း‌ဆေးကြော သန့်ရှင်းခြင်းကို အထူးရှောင်ကျဉ်ပါလေ။
အခုလို မှန်ကြည်‌ဆေးရည် ဖြင့် မှန်ပေါ်ကို ဖြန်းမိခဲ့မယ်ဆိုရင် မှန်ကြည်ဆေးရည်တွေ အောက်ဘက်ကို စီးကျလာပြီး၊ TV ‌အတွင်းမှန်ပြင်အောက်ဖက်မှာ
ချိတ်ဆက်ထားတဲ့ micro flim ပြားများနဲ့ အရည်တွေ ထိတွေ့ပြီး short circuit ဖြစ်ကာအများအားဖြင့် မှန်ပျက်စီးစေတတ်ပါတယ်။
၂။ TV မှန်ပြင် ၃ပေပတ်လည်တွင် ခြင်ရိုက်ဘက်တံအသုံးမပြုပါနဲ့။
အချို့TVသုံးစွဲသူများတွေဟာTV မှန်ပေမှာ ခြင်လာနားနေတာကိုတွေ့ရင် ခြင်ရိုက်ဘက်တံနဲ့မှန်ပြင်နားကပ်ရိုက်တတ်တာ ကိုတွေ့ရတတ်ပါတယ်။
ဒီလို ပြုလုပ်ခြင်းက ခြင်ရိုက် ဘက်တံက ထွက်ပေါ်လာတဲ့ ( High voltage) ကြောင့် LCD panel အတွင်းမှာရှိတဲ့ မိုက်ခရို ကာဗွန် လမ်းကြောင်းလေးတွေ ပြတ်တောက်ပျက်စီးစေတတ်ပါတယ်။
အရောင်မ မှန်ခြင်း ၊ အစင်းများပေါ်လာခြင်း၊ ရုပ်တုန်ခြင်းများတို့ကိုဖြစ်စေတတ်ပါတယ်။ ဒီလိုဖြစ်လာတယ်ဆိုရင် LCD panel မှန်ပြားလိုက် အသစ်လဲရုံသာ ရှိပါတော့တယ်။
၃။ TV ကိုအသုံးပြုတဲ့အခါ ကြားခံ Safe Guard မပါပဲ အသုံးမပြုပါနဲ့။
(Surge Voltage) လို့ခေါ်တဲ့ စက္ကန့်ပိုင်းအတွင်း ဗို့အား အလျှင်အမြန် အတတ် အကျဖြစ်တာကို TV တွေက ခံနိုင်ရည်မရှိပါဘူး။
ဒီအတွက်ကို ကာကွယ်ဖို့အတွက် (Safe Guard) များကိုသုံးစွဲရခြင်းဖြစ်ပါတယ်။ ရုတ်တရက် မီးအားအတက်အကျဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်။
၄။ Memory stick /External Hard Diskဖြင့်သုံးမည်ဆိုရင် ….
အခုနောက်ပိုင်း ဝင်ရောက်လာသော TV များကို Memory stick /External Hard disk ဖြင့်အသုံးပြုနိုင်ပါတယ်။
အသုံးပြုမယ်ဆိုရင် memory stick /external hark disk အတွင်းမှာ tv နဲ့ မသက်ဆိုင်တဲ့ computer Soft ware တွေ၊ firmware တွေ၊ Virus တွေ
မရှိအောင်ဂရုစိုက်ရပါမယ်။ TV မှ ဖွင့် ဖတ်နိုင်သော Movie /Music/photo တွေကို Format နှင့် Resolution ကိုက်ညီအောင်ထဲသွင်းအသုံးပြုရပါမယ်။
မကိုက်ညီတဲ့ fileတွေ၊ virus ပါသော file တွေ ထည့်သွင်း အသုံးပြုမိခဲ့ရင် စက် Hum တာတွေ၊ Operation စနစ်တွေပျက်ပြီး Cpu IC လောင်ကျွမ်း Main circuit board ပျက်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။
Crd
Zawgyi
Crd