အေကာင္ေသးေပမဲ့ အရမ္းသန္မာတဲ့ငါးကို ဖမ္းမိလို႔ ပိုက္ကြန္ကို လူႏွစ္ေယာက္ေတာင္ အားထုတ္ၿပီး ဆြဲခဲ့ရတဲ့ လူငယ္ႏွစ္ဦး

Unicode

Facebook အသုံးပြုသူတစ်ဦးက ငါးဖမ်းဖို့ ထောင်ထားတဲ့ ပိုက်ကွန်ကို ဆွဲထုတ်နေတဲ့ လူငယ်နှစ်ဦးကို တင်ပြခဲ့ပါတယ် ။ အံ့သြစရာက ပိုက်ကို

ဆွဲထုတ်ဖို့အရမ်းလေးနေရပုံရပါတယ် ။ ထိုအချိန်မှည ပိုက်ထဲပိတ်မိနေတဲ့ ငါးများက ထိုင်းသို့ဝင်ရောက်ကာ စိမ့်ဝင်မြောင်းများအတွင်း ပြန့်ပွားနေတဲ့

ဂြိုလ်သားငါးများလို့ ယူဆရတဲ့ ခြူး ၁၀ ကောင်ဖြစ်ပါတယ် ။ အဆိုပါငါးကို မြူနီစီပယ်ငါးလို့လည်း လူသိများပြီး လူများစွာရင်းနှီးတဲ့ ငါးပြတိုက်ငါးအမျိုးအစားဖြစ်ပါတယ် ။

ဦးခေါင်းကြီး၊ မျက်လုံးငယ်၊ အောက်ခံပါးစပ်ကြီးနဲ့ သန်မာတဲ့ ကြွက်သားများရှိပါတယ် ။အဆိုပါငါးက အညိုရောင်ကိုယ်ထည်ပါရှိပြီး ခန္ဓာကိုယ်က

အလွန်ကြမ်းတမ်းပါတယ် ။ အခွံက အရမ်းမာကျောပြီး ချပ်ဝတ်တန်ဆာနဲ့ပင် ခိုင်းနှိုင်းထားတာပါ ။ ဆူးတောင်များနဲ့ အမြီးတစ်လျှောက်

အစိမ်းရောင်အစင်းကြောင်းများရှိပြီး ငါးထီးဆိုရင် ကျောရိုးတစ်ဝိုက်မှာ ချွန်ထက်တဲ့ ကျောရိုးရှိပြီး ဦးခေါင်းရဲ့ ဘေးနှစ်ဖက်မှာ ရှိပါတယ် ။

အဆိုပါငါးက အရွယ်ရောက်ပြီးငါးဆိုရင် ၂ ပေခန့်ရှိပြီး ဗဟိုအမေရိကမှ တောင်အမေရိကတိုက်မှ ဇာတိဖြစ်ပါတယ် ။

JRose (KB Chimmy one)

Reference : thainewsonline

Zawgyi

Facebook အသုံးျပဳသူတစ္ဦးက ငါးဖမ္းဖို႔ ေထာင္ထားတဲ့ ပိုက္ကြန္ကို ဆြဲထုတ္ေနတဲ့ လူငယ္ႏွစ္ဦးကို တင္ျပခဲ့ပါတယ္ ။ အံ့ၾသစရာက ပိုက္ကို

ဆြဲထုတ္ဖို႔အရမ္းေလးေနရပုံရပါတယ္ ။ ထိုအခ်ိန္မွည ပိုက္ထဲပိတ္မိေနတဲ့ ငါးမ်ားက ထိုင္းသို႔ဝင္ေရာက္ကာ စိမ့္ဝင္ေျမာင္းမ်ားအတြင္း ျပန႔္ပြားေနတဲ့

ၿဂိဳလ္သားငါးမ်ားလို႔ ယူဆရတဲ့ ျခဴး ၁၀ ေကာင္ျဖစ္ပါတယ္ ။ အဆိုပါငါးကို ျမဴနီစီပယ္ငါးလို႔လည္း လူသိမ်ားၿပီး လူမ်ားစြာရင္းႏွီးတဲ့ ငါးျပတိုက္ငါးအမ်ိဳးအစားျဖစ္ပါတယ္ ။

ဦးေခါင္းႀကီး၊ မ်က္လုံးငယ္၊ ေအာက္ခံပါးစပ္ႀကီးနဲ႔ သန္မာတဲ့ ႂကြက္သားမ်ားရွိပါတယ္ ။အဆိုပါငါးက အညိဳေရာင္ကိုယ္ထည္ပါရွိၿပီး ခႏၶာကိုယ္က

အလြန္ၾကမ္းတမ္းပါတယ္ ။ အခြံက အရမ္းမာေက်ာၿပီး ခ်ပ္ဝတ္တန္ဆာနဲ႔ပင္ ခိုင္းႏႈိင္းထားတာပါ ။ ဆူးေတာင္မ်ားနဲ႔ အၿမီးတစ္ေလွ်ာက္

အစိမ္းေရာင္အစင္းေၾကာင္းမ်ားရွိၿပီး ငါးထီးဆိုရင္ ေက်ာ႐ိုးတစ္ဝိုက္မွာ ခြၽန္ထက္တဲ့ ေက်ာ႐ိုးရွိၿပီး ဦးေခါင္းရဲ႕ ေဘးႏွစ္ဖက္မွာ ရွိပါတယ္ ။

အဆိုပါငါးက အ႐ြယ္ေရာက္ၿပီးငါးဆိုရင္ ၂ ေပခန႔္ရွိၿပီး ဗဟိုအေမရိကမွ ေတာင္အေမရိကတိုက္မွ ဇာတိျဖစ္ပါတယ္ ။

JRose (KB Chimmy one)

Reference : thainewsonline