ဆီလာထည့္သူတိုင္းအား ေပ်ာ္႐ႊင္မႈေပးစြမ္းဖို႔အတြက္ ဓာတ္ဆီဆိုင္ပိုင္ရွင္ထံမွ နာမည္ကဒ္ျပားနဲ႔အတူ တရားဝင္ခန္႔အပ္ခံထားရတဲ့ ေခြးေလး

Unicode

ဘရာဇီးနိုင်ငံ Mogi das Cruzes မြို့ရှိ Shell အမည်ရှိ အသေးစားဓာတ်ဆီဆိုင်မှာ အလုပ်လုပ်နေတဲ့ Negão အမည်ရှိအနက်ရောင်ခွေးလေးတစ်ကောင်ဟာ

ဖောက်သည်တွေအတွက် ဓာတ်ငွေ့ထည့်ပေးနိုင်တဲ့စွမ်းရည်မရှိပေမဲ့လည်း ဖောက်သည်များအား ပျော်ရွှင်မှုပေးစွမ်းနိုင်သူဘဲဖြစ်ပါတယ်။ Negão ကို လွန်ခဲ့တဲ့

၂ နှစ်က Sabrina Plannerer အမည်ရှိ Shell ဓာတ်ဆီဆိုင်ပိုင်ရှင်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုအချိန်မှာ Plannerer က ၎င်းရဲ့Shell

ဓာတ်ဆီဆိုင်ကိုဆောက်လုပ်နေစဉ်ဖြစ်သလို ၎င်းရဲ့ဆိုက်တဝိုက်နားမှာ Negão လေးက အမြဲတမ်း လေလွင့်နေတာကိုတွေ့ရှိခဲ့တာဖြစ်ပြီး ၊

Negão ကလည်း ၎င်းရဲ့သခင်ဟောင်းက စွန့်ပစ်ထားခဲ့တဲ့ အဲဒီနေရာကနေထွက်သွားဖို့ အရမ်းကြောက်ပုံရနေခဲ့ပါတယ်။

ဒါ့ကြောင့် Plannerer က အရွယ်မရောက်သေးတဲ့ ထိုခွေးပေါက်စလေးကိုမွေးစားလိုက်ပြီး ကာကွယ်ဆေးထိုးပေးကာ ကောင်းမွန်စွာ ပြုစုပျိုးထောင်းလာပေးခဲ့ပါတယ်။

ဒါ့ကြောင့် ၎င်းရဲ့ဓာတ်ဆီဆိုင်ဖွင့်တဲ့အခါမှာတော့ Negão လေးက ဆိုင်ရဲ့ဝန်ထမ်းဖြစ်လာခဲ့တာပါဘဲ။ ဖော်ရွေတဲ့ဖောက်သည်များကလည်း Negão ကို ချစ်ကြပြီး ဆိုင်ဝန်ထမ်းများကိုလည်း Negão က အမြဲပျော်ရွှင်စေခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် ၎င်းတို့က Negão လေးကို ချစ်ခြင်းမေတ္တာများစွာပေးကြပြီး အလုပ်ခွင်မှာ လုံခြုံစေရန် အမြဲသေချာစေခဲ့ပါတယ်။ Negão မှာ သူ့နာမည်တံဆိပ်ပါရှိတဲ့ဝန်ထမ်းကဒ်ရှိနေပြီး ထိုဓာတ်ဆီဆိုင်ရဲ့တရားဝင်ဝန်ထမ်းလေးလည်းဖြစ်ပါတယ်

ထို့ပြင် Negão လေးဟာ သာမန်အိမ်တွေကိုရှာမတွေ့တဲ့ခွေးလေခွေးလွင့်များအတွက် Shell ဓာတ်ဆီဆိုင်ကဲ့သို့သော အခြားစီးပွါးရေးလုပ်ငန်းများကိုကူညီရှာဖွေပေးတဲ့

Grupo FERA လို့ခေါ်တဲ့ ပရဟိတလုပ်ငန်းတစ်ခုအတွက်လည်း ပရိုမိုးရှင်း ဆင်းပေးနေလျက်ရှိပါသေးတယ်။

Mia (KB Chimmy one)

Reference : fascinating

Zawgyi

ဘရာဇီးႏိုင္ငံ Mogi das Cruzes ၿမိဳ႕ရွိ Shell အမည္ရွိ အေသးစားဓာတ္ဆီဆိုင္မွာ အလုပ္လုပ္ေနတဲ့ Negão အမည္ရွိအနက္ေရာင္ေခြးေလးတစ္ေကာင္ဟာ

ေဖာက္သည္ေတြအတြက္ ဓာတ္ေငြ႕ထည့္ေပးႏိုင္တဲ့စြမ္းရည္မရွိေပမဲ့လည္း ေဖာက္သည္မ်ားအား ေပ်ာ္႐ႊင္မႈေပးစြမ္းႏိုင္သူဘဲျဖစ္ပါတယ္။ Negão ကို လြန္ခဲ့တဲ့

၂ ႏွစ္က Sabrina Plannerer အမည္ရွိ Shell ဓာတ္ဆီဆိုင္ပိုင္ရွင္က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ထိုအခ်ိန္မွာ Plannerer က ၎ရဲ႕Shell

ဓာတ္ဆီဆိုင္ကိုေဆာက္လုပ္ေနစဥ္ျဖစ္သလို ၎ရဲ႕ဆိုက္တဝိုက္နားမွာ Negão ေလးက အၿမဲတမ္း ေလလြင့္ေနတာကိုေတြ႕ရွိခဲ့တာျဖစ္ၿပီး ၊

Negão ကလည္း ၎ရဲ႕သခင္ေဟာင္းက စြန္႔ပစ္ထားခဲ့တဲ့ အဲဒီေနရာကေနထြက္သြားဖို႔ အရမ္းေၾကာက္ပုံရေနခဲ့ပါတယ္။

ဒါ့ေၾကာင့္ Plannerer က အ႐ြယ္မေရာက္ေသးတဲ့ ထိုေခြးေပါက္စေလးကိုေမြးစားလိုက္ၿပီး ကာကြယ္ေဆးထိုးေပးကာ ေကာင္းမြန္စြာ ျပဳစုပ်ိဳးေထာင္းလာေပးခဲ့ပါတယ္။

ဒါ့ေၾကာင့္ ၎ရဲ႕ဓာတ္ဆီဆိုင္ဖြင့္တဲ့အခါမွာေတာ့ Negão ေလးက ဆိုင္ရဲ႕ဝန္ထမ္းျဖစ္လာခဲ့တာပါဘဲ။ ေဖာ္ေ႐ြတဲ့ေဖာက္သည္မ်ားကလည္း Negão ကို ခ်စ္ၾကၿပီး ဆိုင္ဝန္ထမ္းမ်ားကိုလည္း Negão က အၿမဲေပ်ာ္႐ႊင္ေစခဲ့ပါတယ္။

အျပန္အလွန္အားျဖင့္ ၎တို႔က Negão ေလးကို ခ်စ္ျခင္းေမတၱာမ်ားစြာေပးၾကၿပီး အလုပ္ခြင္မွာ လုံၿခဳံေစရန္ အၿမဲေသခ်ာေစခဲ့ပါတယ္။ Negão မွာ သူ႔နာမည္တံဆိပ္ပါရွိတဲ့ဝန္ထမ္းကဒ္ရွိေနၿပီး ထိုဓာတ္ဆီဆိုင္ရဲ႕တရားဝင္ဝန္ထမ္းေလးလည္းျဖစ္ပါတယ္

ထို႔ျပင္ Negão ေလးဟာ သာမန္အိမ္ေတြကိုရွာမေတြ႕တဲ့ေခြးေလေခြးလြင့္မ်ားအတြက္ Shell ဓာတ္ဆီဆိုင္ကဲ့သို႔ေသာ အျခားစီးပြါးေရးလုပ္ငန္းမ်ားကိုကူညီရွာေဖြေပးတဲ့

Grupo FERA လို႔ေခၚတဲ့ ပရဟိတလုပ္ငန္းတစ္ခုအတြက္လည္း ပ႐ိုမိုးရွင္း ဆင္းေပးေနလ်က္ရွိပါေသးတယ္။

Mia (KB Chimmy one)

Reference : fascinating