စွန့်ပစ်လိုက်တဲ့ဆီးကို ဖျော်ရည်လို နေ့စဉ်သောက်သုံးနေတဲ့ အမျိုးသား
Unicode
ဆီးဟာ လူငယ်များအတွက် တကယ့်ကို ဆေးကောင်းတစ်လက်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် မသိရပေမယ့် အင်္ဂလန်က အသက် ၃၄ နှစ်အရွယ်
Harry Matadeen ဆိုတဲ့ အမျိုးသားကတော့ ကိုယ့်ရဲ့ ဆီးကို ဆေးအဖြင့် နေ့စဉ်သောက်သုံးနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ Matadeen က ယခုလို ဆီးကို
ပုံမှန်သောက်သုံးတာဟာ ဗိုက်ပူတာတွေအပြင် စိတ်ဓာတ်ကျတာကိုပါ သက်သာပျောက်ကင်းစေပြီး ၁၀ နှစ်လောက်လည်း ငယ်ရွယ်နုပျိုစေတယ်လို့ ဆိုပါတယ်။
သူဟာ စိတ်ကျရောဂါနှင့် ပြင်းထန်သော လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတို့ကို ခံစားခဲ့ရဖူးပြီး ၂၀၁၆ ခုနှစ် နွေရာသီလောက်မှာ ဆီးကို
စတင်သောက်သုံးပြီးနောက် ချက်ခြင်း သက်သာပျောက်ကင်းသွားကြောင်း အခိုင်အမာဆိုခဲ့ပါတယ်“ကျွန်တော်သောက်လိုက်တဲ့အခါ ဘယ်လောက်တောင်
အစွမ်းထက်တယ်ဆိုရင် ဦးနှောက်ကို နိုးကြားစေပြီး စိတ်ဓာတ်ကျတာကို ဖယ်ရှားပေးတယ်..နောက်ပြီး စိတ်ကိုတည်ငြိမ်စေပြီး လန်းဆန်းပေါ့ပါးစေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Matadeen ဟာ လူအများ စွန့်ပစ်ထားတဲ့ ဆီးအရည် ၂၀၀ မီလီလီတာခန့် ကို နေ့တိုင်း ခိုးကြောင်ခိုးဝှက် ခိုးယူခဲ့တယ်လို့ သိရပါတယ်။ သူရဲ့နေ့စဉ်သောက်တဲ့
ဖျော်ရည်တွေထဲမှာလည်း လသားအရွယ် ဆီးတွေပါ မကြာခဏ ပါသွားတတ်ပါတယ်။ ဆီးကို ပုံမှန်သောက်ခြင်းကလည်း ဘယ်သောအခါမှ ဖျားနာခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
ဆီးတွေထဲမှာလည်း သက်ကြီးတွေရဲ့ ဆီးကိုသောက်ခြင်းက မျက်နှာကို နှစ်များအထိ ရှင်သန်နုပျိုစေတဲ့အပြင် အသားအ‌ရေကို လိမ်းပေးတဲ့အခါမှာလည်း
တခြား skincare များထက် အကောင်းဆုံးဖြစ်ပါတယ်။ လူများရဲ့ စွန့်ပစ်လိုက်တဲ့ ဆီးထဲမှာ “ရေ 90 ရာခိုင်နှုန်းခန့်” နှင့် “အမိုးနီးယားနှင့် ဆားများ၊ ဘက်တီးရီးယားများနှင့်
အခြားစွန့်ပစ်ပစ္စည်းများ” ပါဝင်တယ်လို့လည်း သူကရှင်းပြပြောဆိုထားခဲ့ပါတယ်။ UK ဆရာဝန် Jeff Foster ဆိုသူကတော့
ယခုလို ဆီးသောက်သုံးခြင်းဟာ လူသားများအတွက် အကျိုးကျေးဇူးများ မရရှိဘူးလို့လည်း ဆိုထားခဲ့ပါတယ်။
Crd
Zawgyi
Crd