စိုစြတ္တဲ့ရာသီမွာ ေျခေထာက္အနံ႔ဆိုးမထြက္ေအာင္ ဂ႐ုစိုက္နည္း (၆) မ်ိဳး

Unicode

အားလုံးပဲ မင်္ဂလာပါ။ မိုးရာသီရောက်လာပြီဖြစ်လို့ မိုးရေနဲ့ထိတွေ့မှုများတဲ့ သင့်ခြေထောက်တွေကို သေချာဂရုစိုက်ဖို့ လိုလာပါပြီနော်။

သင့်ခြေထောက်ကို မသန့်တဲ့မိုးရေ၊ ဗွက်တွေနဲ့ ခဏခဏထိတွေ့တာက ခြေထောက်အရေတွန့်တာ၊ ပိုးဝင်လွယ်ပြီး မှိုစွဲတာနဲ့ အနံ့ဆိုးထွက်

တာတွေ ဖြစ်လာတတ်ပါတယ်။

ဒီလိုအရေပြားပြဿနာတွေမဖြစ်ရအောင် စိုစွတ်မှုများတဲ့ရာသီတွေမှာ ပုံမှန်လုပ်ပေးသင့်တဲ့ ခြေထောက်အသားအရေ ထိန်းသိမ်းနည်း အချို့ကို မျှဝေပေးလိုက်ပါတယ်။

၁= ခြေထောက်တွေကို အမြဲသန့်စင်အောင်ထားပါခြေထောက်အနံ့ထွက်တာ၊ မှိုစွဲတာစတဲ့ ပြဿနာတွေမဖြစ်အောင် အပြင်ကပြန်လာ

တိုင်း ခြေထောက် သေချာဆေးပြီး ခြောက်အောင်ပြန်သုတ်ပေးရပါမယ်။

ရေစိုနေတဲ့ ဖိနပ်နဲ့ ခြေအိတ်တွေမှာလည်း ပိုးမွှားတွေကပ်နေနိုင်တာမို့ ချက်ချင်းပြန်ဝတ်တာမျိုးမလုပ်ဘဲ ရေနဲ့ဆေးကာ ပြန်လျှော်ပြီး

အခြောက်ခံပြီးမှ ပြန်သုံးသင့်ပါတယ်။

၂=အစိုဓာတ်ပေးနိုင်တဲ့ Foot Cream တစ်မျိုးလိမ်းပေးပါ မိုးရာသီမှာလည်း ခြေထောက်အသားခြောက်ပြီး ကွဲအက်တတ်တာကြောင့်

အစိုဓာတ်ပေးနိုင်တဲ့ Foot Cream တစ်မျိုး ပုံမှန်လိမ်းပေးသင့်ပါတယ်။

သင့်ခြေထောက်တွေကို ဆေးကြောကာ ရေခြောက်အောင်သုတ်ပြီးနောက် တစ်နေ့နှစ်ကြိမ်ခန့် ပုံမှန်လိမ်းပေးပါ။ ရေချိုးပြီးချိန်နဲ့ အိပ်ခါနီး

အချိန်တွေမှာ လိမ်းပေးရင်တော့ အကောင်းဆုံးပါပဲ။

၃=သံပယိုရည်နဲ့ မုန့်ဖုတ်ဆိုဒါရောပြီး ခြေထောက်ကိုစိမ်ပေးပါ ရေခပ်နွေးနွေးထည့်ထားတဲ့ဇလုံထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်၊ ဆားအနည်းငယ်နဲ့အတူ သံပယိုရည်ညှစ်ထည့်ပြီး

ခြေထောက်ထည့်စိမ်တာမျိုးကလည်း ခြေထောက်အနံ့ထွက်တာ သက်သာလာစေမယ့်နည်းတစ်ခုဖြစ်ပါတယ်။ တစ်ကြိမ်မှာ ဆယ်မိနစ်

ခန့်စိမ်ထားနိုင်ပြီး တစ်ပတ်နှစ်ကြိမ်လောက်အထိ ပြုလုပ်နိုင်ပါတယ်။

၄= ပုံမှန် Exfoliate လုပ်ပြီး ချေးချွတ်ပေးပါ မိုးရာသီမှာ ခြေထောက်ကို ချေးချွတ်ပြီး မလိုအပ်တဲ့ဆဲလ်သေ၊ ဖုန်နဲ့ အညစ်အကြေးတွေကို ပုံမှန်ဖယ်ရှားပေးတာကလည်း

ခြေထောက်အသားအရေသန့်စင်စေပြီး နောက်ဆက်တွဲ အနံ့ဆိုးနဲ့ အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၅=ခြေသည်းပုံမှန်ညှပ်ပေးပါ ခြေသည်းကြားထဲက ဘက်တီးရီးယားတွေကြောင့် ခြေထောက်အနံ့ထွက်တာမျိုးမဖြစ်ရအောင် ခြေသည်းပုံ

မှန်ညှပ်ပြီး သန့်ရှင်းအောင်ထားဖို့လည်း မမေ့သင့်ပါဘူး။

၆= သဘာဝပစ္စည်းတွေနဲ့ DIY Mask လုပ်ပြီး ပေါင်းတင်နိုင်ပါတယ် သဘာဝပစ္စည်းတွေသုံးပြီး DIY Mask လုပ်ကာ ပေါင်းတင်ပေးတာ

က အနံ့ဆိုးပျောက်စေတဲ့အပြင် ခြေထောက်အသားအရေနူးညံ့ကာ လန်းဆန်းပေါ့ပါးသွားစေဖို့ပါ ထောက်ပံ့ပေးနိုင်မှာပါ။

ဥပမာအနေနဲ့ သကြားညို ၁ခွက်စာ၊ Vanilla Extract တစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်းတု့ိကို ရောမွှေပြီး သင့်ခြေထောက်မှာလိမ်းကာ

တစ်နာရီလောက် ပေါင်းတင်ပေးတာမျိုးပြုလုပ်နိုင်ပါတယ်။

Crd

Zawgyi

အားလုံးပဲ မဂၤလာပါ။ မိုးရာသီေရာက္လာၿပီျဖစ္လို႔ မိုးေရနဲ႔ထိေတြ႕မႈမ်ားတဲ့ သင့္ေျခေထာက္ေတြကို ေသခ်ာဂ႐ုစိုက္ဖို႔ လိုလာပါၿပီေနာ္။

သင့္ေျခေထာက္ကို မသန႔္တဲ့မိုးေရ၊ ဗြက္ေတြနဲ႔ ခဏခဏထိေတြ႕တာက ေျခေထာက္အေရတြန႔္တာ၊ ပိုးဝင္လြယ္ၿပီး မႈိစြဲတာနဲ႔ အနံ႔ဆိုးထြက္

တာေတြ ျဖစ္လာတတ္ပါတယ္။

ဒီလိုအေရျပားျပႆနာေတြမျဖစ္ရေအာင္ စိုစြတ္မႈမ်ားတဲ့ရာသီေတြမွာ ပုံမွန္လုပ္ေပးသင့္တဲ့ ေျခေထာက္အသားအေရ ထိန္းသိမ္းနည္း အခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

၁= ေျခေထာက္ေတြကို အၿမဲသန႔္စင္ေအာင္ထားပါေျခေထာက္အနံ႔ထြက္တာ၊ မႈိစြဲတာစတဲ့ ျပႆနာေတြမျဖစ္ေအာင္ အျပင္ကျပန္လာ

တိုင္း ေျခေထာက္ ေသခ်ာေဆးၿပီး ေျခာက္ေအာင္ျပန္သုတ္ေပးရပါမယ္။

ေရစိုေနတဲ့ ဖိနပ္နဲ႔ ေျခအိတ္ေတြမွာလည္း ပိုးမႊားေတြကပ္ေနႏိုင္တာမို႔ ခ်က္ခ်င္းျပန္ဝတ္တာမ်ိဳးမလုပ္ဘဲ ေရနဲ႔ေဆးကာ ျပန္ေလွ်ာ္ၿပီး

အေျခာက္ခံၿပီးမွ ျပန္သုံးသင့္ပါတယ္။

၂=အစိုဓာတ္ေပးႏိုင္တဲ့ Foot Cream တစ္မ်ိဳးလိမ္းေပးပါ မိုးရာသီမွာလည္း ေျခေထာက္အသားေျခာက္ၿပီး ကြဲအက္တတ္တာေၾကာင့္

အစိုဓာတ္ေပးႏိုင္တဲ့ Foot Cream တစ္မ်ိဳး ပုံမွန္လိမ္းေပးသင့္ပါတယ္။

သင့္ေျခေထာက္ေတြကို ေဆးေၾကာကာ ေရေျခာက္ေအာင္သုတ္ၿပီးေနာက္ တစ္ေန႔ႏွစ္ႀကိမ္ခန႔္ ပုံမွန္လိမ္းေပးပါ။ ေရခ်ိဳးၿပီးခ်ိန္နဲ႔ အိပ္ခါနီး

အခ်ိန္ေတြမွာ လိမ္းေပးရင္ေတာ့ အေကာင္းဆုံးပါပဲ။

၃=သံပယိုရည္နဲ႔ မုန႔္ဖုတ္ဆိုဒါေရာၿပီး ေျခေထာက္ကိုစိမ္ေပးပါ ေရခပ္ေႏြးေႏြးထည့္ထားတဲ့ဇလုံထဲမွာ မုန႔္ဖုတ္ဆိုဒါအနည္းငယ္၊ ဆားအနည္းငယ္နဲ႔အတူ သံပယိုရည္ညႇစ္ထည့္ၿပီး

ေျခေထာက္ထည့္စိမ္တာမ်ိဳးကလည္း ေျခေထာက္အနံ႔ထြက္တာ သက္သာလာေစမယ့္နည္းတစ္ခုျဖစ္ပါတယ္။ တစ္ႀကိမ္မွာ ဆယ္မိနစ္

ခန႔္စိမ္ထားႏိုင္ၿပီး တစ္ပတ္ႏွစ္ႀကိမ္ေလာက္အထိ ျပဳလုပ္ႏိုင္ပါတယ္။

၄= ပုံမွန္ Exfoliate လုပ္ၿပီး ေခ်းခြၽတ္ေပးပါ မိုးရာသီမွာ ေျခေထာက္ကို ေခ်းခြၽတ္ၿပီး မလိုအပ္တဲ့ဆဲလ္ေသ၊ ဖုန္နဲ႔ အညစ္အေၾကးေတြကို ပုံမွန္ဖယ္ရွားေပးတာကလည္း

ေျခေထာက္အသားအေရသန႔္စင္ေစၿပီး ေနာက္ဆက္တြဲ အနံ႔ဆိုးနဲ႔ အေရျပားျပႆနာေတြမျဖစ္ေအာင္ ကာကြယ္ၿပီးသားျဖစ္ေစမွာပါ။

၅=ေျခသည္းပုံမွန္ညႇပ္ေပးပါ ေျခသည္းၾကားထဲက ဘက္တီးရီးယားေတြေၾကာင့္ ေျခေထာက္အနံ႔ထြက္တာမ်ိဳးမျဖစ္ရေအာင္ ေျခသည္းပုံ

မွန္ညႇပ္ၿပီး သန႔္ရွင္းေအာင္ထားဖို႔လည္း မေမ့သင့္ပါဘူး။

၆= သဘာဝပစၥည္းေတြနဲ႔ DIY Mask လုပ္ၿပီး ေပါင္းတင္ႏိုင္ပါတယ္ သဘာဝပစၥည္းေတြသုံးၿပီး DIY Mask လုပ္ကာ ေပါင္းတင္ေပးတာ

က အနံ႔ဆိုးေပ်ာက္ေစတဲ့အျပင္ ေျခေထာက္အသားအေရႏူးညံ့ကာ လန္းဆန္းေပါ့ပါးသြားေစဖို႔ပါ ေထာက္ပံ့ေပးႏိုင္မွာပါ။

ဥပမာအေနနဲ႔ သၾကားညိဳ ၁ခြက္စာ၊ Vanilla Extract တစ္ဇြန္းနဲ႔ သံလြင္ဆီေလးဇြန္းတု႔ိကို ေရာေမႊၿပီး သင့္ေျခေထာက္မွာလိမ္းကာ

တစ္နာရီေလာက္ ေပါင္းတင္ေပးတာမ်ိဳးျပဳလုပ္ႏိုင္ပါတယ္။

Crd