၃ တန္းအ႐ြယ္တည္းနဲ႔ ဆိုင္ကယ္ျပင္တတ္ေနၿပီျဖစ္သလို အနာဂတ္မွာလည္း ကိုယ္ပိုင္ဝပ္ေရွာ့ဆိုင္တစ္ဆိုင္ဖြင့္ဖို႔ စီစဥ္ထားတဲ့ ၉ ႏွစ္အ႐ြယ္ မိန္းကေလးငယ္

Unicode

အသက် 9 နှစ်သာရှိသေးပေမဲ့လည်း နိုင်ဂျီးရီးယားနိုင်ငံရှိ ၃ တန်း ကျောင်းသူမလေး Susann Adjakie Apekor ဟာ မော်တော်ဆိုင်ကယ်ရဲ့

crankshaft ၊ back break ၊ chain ကိုလဲခြင်းနှင့် ဘီးတာယာလဲခြင်းတို့ကို တတ်စွမ်းနေပါပြီ။ ကလေးမလေးဟာ ထိုနေရာမှာ ရပ်မနေဘဲ အနာဂတ်မှာ ကားများ၊ လှေများနှင့်

လေယာဉ်များကဲ့သို့ ပိုကြီးသော မော်တော်ကားများကို ထပ်မံ တတ်စွမ်းပြုပြင်လိုနေပါတယ်။ Susanna ဟာ ဖခင်ဖြစ်သူ Amudu ရဲ့ ကျေးဇူးကြောင့် အသက် 3 နှစ်အရွယ်မှာ မော်တော်ဆိုင်ကယ်တွေကို စိတ်ဝင်စားလာခဲ့တာပါ။ သူမဖခင်က

သူမနဲ့ သူမမိခင်ဆီ အလည်လာရင်း အမြဲတမ်း အလုပ်များနေတဲ့အတွက် မကျေမနပ်ဖြစ်နေခဲ့ရပြီး နောက်ပိုင်းမှာ သူ့စက်ပြင်အလုပ်က သူ့အချိန်အများစုယူခဲ့ရကြောင်း မိသားစုကို ရှင်းပြခဲ့ပါတယ်။

ထို့ကြောင့် အကြောင်းသိသွားတဲ့ ကလေးမလေးက စက်ပြင်လုပ်ငန်းကို သင်ယူရန် သူ့ဖခင်နှင့် အတူနေလိုကြောင်း ဆုံးဖြတ်ခဲ့ပြီး မိခင်ဖြစ်သူကလည်း သဘောတူပေးခဲ့ပါတယ်။ လက်ရှိမှာ၊ Susanna ဟာ သူမလိုအသက်အရွယ်မှ

ာ ဆိုင်ကယ်ပြုပြင်ခြင်းမှတစ်ဆင့် မည်သူမဆိုထက် အားစိုက်ထုတ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ သူမ သင်ယူစပြုလာတဲ့အခါမှာ သူမရဲ့ဖခင်က ကောင်မလေး အတတ်မမြန်နိုင်မှာကို စိုးရွံ့နေခဲ့ပေမဲ့လည်း Susanna က သူမဖခင်ရဲ့အတွေးမှားကြောင်းကို

သက်သေပြခဲ့ပါတယ်။ သို့ပေမဲ့ Susanna က မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းဆိုင်ရာ လျှပ်စစ်ကဏ္ဍကို မကျွမ်းကျင်နေသေးတဲ့အတွက်ကြောင့် သူမ၏သင်ယူမှုဟာ ပြီးပြည့်စုံခြင်းမရှိသေးကြောင်း ဝန်ခံခဲ့ပါတယ်။

သူမရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်ကတော့ နေ့ကျောင်း ၃ တန်းတက်နေတဲ့ Susanna က ကျောင်းဆင်းပြီးရင် စက်ပြင်အလုပ်ရုံကို တန်းသွားကြောင်း ပြောပြထားပါတယ်။

ထို့ပြင် Susanna က အနာဂတ်မှာ သူမရဲ့ကိုယ်ပိုင် ဝပ်ရှော့ဆိုင်ဖွင့်ချင်ကြောင်း ဆိုခဲ့ပါသေးတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Susanna လေးရဲ့ထူးဆန်းတဲ့ ဝါသနာနဲ့ပတ်သက်ပြီး အင်တာနက်သုံးစွဲသူများက ချီးကျူးလေးစားခဲ့ကြသလို အချို့ကလည်း

“ သူမရဲ့ ဦးနှောက်နဲ့ အလှအပကို ကြည့်လိုက်ပါ..သူမရဲ့ လေယူလေသိမ်းက အားလုံးကိုပြောပြနေတယ် ၊
မင်းလေးက အနာဂတ်မှာ ကြီးကျယ်တဲ့စက်မှု

အင်ဂျင်နီယာတစ်ဦး ဒါမှမဟုတ် အခြားသော ကြီးကျယ်ခမ်းနားတဲ့အလုပ်တစ်ခုခုကို ဧကန်မုချလုပ်ဖြစ်လိမ့်မယ်. ဘုရားသခင်ကောင်းကြီးပေး၍ ချီးမြှောက်နိုင်ပါစေကွယ် ” ၊ “

ဘမင်း လမ်းမှန်ပေါ်ရောက်နေပြီ မင်းသမီးလေး… ကောင်းကင်က မင်းရဲ့ စမ်းချောင်းလေးပါပဲ ။ မင်းရဲ့ ဉာဏ်ပညာအတွက် မင်းအဖေကိုလည်း ကျေးဇူးတင်ပါရစေ…

မင်းရဲ့သမီးက သူမလုပ်နေတာထက်တောင် မင်းကိုဂုဏ်ယူနေစေလိမ့်မယ်။ “ ဟုစတဲ့အားပေးတဲ့မှတ်ချက်များစွာဖြင့်လည်း တုံ့ပြန်ပေးခဲ့ကြပါတယ်။

Mia (KB Chimmy one)

Reference : yen

Zawgyi

အသက္ 9 ႏွစ္သာရွိေသးေပမဲ့လည္း ႏိုင္ဂ်ီးရီးယားႏိုင္ငံရွိ ၃ တန္း ေက်ာင္းသူမေလး Susann Adjakie Apekor ဟာ ေမာ္ေတာ္ဆိုင္ကယ္ရဲ႕

crankshaft ၊ back break ၊ chain ကိုလဲျခင္းႏွင့္ ဘီးတာယာလဲျခင္းတို႔ကို တတ္စြမ္းေနပါၿပီ။ ကေလးမေလးဟာ ထိုေနရာမွာ ရပ္မေနဘဲ အနာဂတ္မွာ ကားမ်ား၊ ေလွမ်ားႏွင့္

ေလယာဥ္မ်ားကဲ့သို႔ ပိုႀကီးေသာ ေမာ္ေတာ္ကားမ်ားကို ထပ္မံ တတ္စြမ္းျပဳျပင္လိုေနပါတယ္။ Susanna ဟာ ဖခင္ျဖစ္သူ Amudu ရဲ႕ ေက်းဇူးေၾကာင့္ အသက္ 3 ႏွစ္အ႐ြယ္မွာ ေမာ္ေတာ္ဆိုင္ကယ္ေတြကို စိတ္ဝင္စားလာခဲ့တာပါ။ သူမဖခင္က

သူမနဲ႔ သူမမိခင္ဆီ အလည္လာရင္း အၿမဲတမ္း အလုပ္မ်ားေနတဲ့အတြက္ မေက်မနပ္ျဖစ္ေနခဲ့ရၿပီး ေနာက္ပိုင္းမွာ သူ႔စက္ျပင္အလုပ္က သူ႔အခ်ိန္အမ်ားစုယူခဲ့ရေၾကာင္း မိသားစုကို ရွင္းျပခဲ့ပါတယ္။

ထို႔ေၾကာင့္ အေၾကာင္းသိသြားတဲ့ ကေလးမေလးက စက္ျပင္လုပ္ငန္းကို သင္ယူရန္ သူ႔ဖခင္ႏွင့္ အတူေနလိုေၾကာင္း ဆုံးျဖတ္ခဲ့ၿပီး မိခင္ျဖစ္သူကလည္း သေဘာတူေပးခဲ့ပါတယ္။ လက္ရွိမွာ၊ Susanna ဟာ သူမလိုအသက္အ႐ြယ္မွ

ာ ဆိုင္ကယ္ျပဳျပင္ျခင္းမွတစ္ဆင့္ မည္သူမဆိုထက္ အားစိုက္ထုတ္ႏိုင္ေၾကာင္း ဆိုခဲ့ပါတယ္။ သူမ သင္ယူစျပဳလာတဲ့အခါမွာ သူမရဲ႕ဖခင္က ေကာင္မေလး အတတ္မျမန္ႏိုင္မွာကို စိုး႐ြံ႕ေနခဲ့ေပမဲ့လည္း Susanna က သူမဖခင္ရဲ႕အေတြးမွားေၾကာင္းကို

သက္ေသျပခဲ့ပါတယ္။ သို႔ေပမဲ့ Susanna က ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ျခင္းဆိုင္ရာ လွ်ပ္စစ္က႑ကို မကြၽမ္းက်င္ေနေသးတဲ့အတြက္ေၾကာင့္ သူမ၏သင္ယူမႈဟာ ၿပီးျပည့္စုံျခင္းမရွိေသးေၾကာင္း ဝန္ခံခဲ့ပါတယ္။

သူမရဲ႕ေန႔စဥ္လုပ္႐ိုးလုပ္စဥ္ကေတာ့ ေန႔ေက်ာင္း ၃ တန္းတက္ေနတဲ့ Susanna က ေက်ာင္းဆင္းၿပီးရင္ စက္ျပင္အလုပ္႐ုံကို တန္းသြားေၾကာင္း ေျပာျပထားပါတယ္။

ထို႔ျပင္ Susanna က အနာဂတ္မွာ သူမရဲ႕ကိုယ္ပိုင္ ဝပ္ေရွာ့ဆိုင္ဖြင့္ခ်င္ေၾကာင္း ဆိုခဲ့ပါေသးတယ္။ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့ Susanna ေလးရဲ႕ထူးဆန္းတဲ့ ဝါသနာနဲ႔ပတ္သက္ၿပီး အင္တာနက္သုံးစြဲသူမ်ားက ခ်ီးက်ဴးေလးစားခဲ့ၾကသလို အခ်ိဳ႕ကလည္း

“ သူမရဲ႕ ဦးေႏွာက္နဲ႔ အလွအပကို ၾကည့္လိုက္ပါ..သူမရဲ႕ ေလယူေလသိမ္းက အားလုံးကိုေျပာျပေနတယ္ ၊
မင္းေလးက အနာဂတ္မွာ ႀကီးက်ယ္တဲ့စက္မႈ

အင္ဂ်င္နီယာတစ္ဦး ဒါမွမဟုတ္ အျခားေသာ ႀကီးက်ယ္ခမ္းနားတဲ့အလုပ္တစ္ခုခုကို ဧကန္မုခ်လုပ္ျဖစ္လိမ့္မယ္. ဘုရားသခင္ေကာင္းႀကီးေပး၍ ခ်ီးေျမႇာက္ႏိုင္ပါေစကြယ္ ” ၊ “

ဘမင္း လမ္းမွန္ေပၚေရာက္ေနၿပီ မင္းသမီးေလး… ေကာင္းကင္က မင္းရဲ႕ စမ္းေခ်ာင္းေလးပါပဲ ။ မင္းရဲ႕ ဥာဏ္ပညာအတြက္ မင္းအေဖကိုလည္း ေက်းဇူးတင္ပါရေစ…

မင္းရဲ႕သမီးက သူမလုပ္ေနတာထက္ေတာင္ မင္းကိုဂုဏ္ယူေနေစလိမ့္မယ္။ “ ဟုစတဲ့အားေပးတဲ့မွတ္ခ်က္မ်ားစြာျဖင့္လည္း တုံ႔ျပန္ေပးခဲ့ၾကပါတယ္။

Mia (KB Chimmy one)

Reference : yen