ေလာကီအစီအမံမ်ားနဲ့ျပဳလုပ္ထားေသာ ကမာၻ႔အႀကီးဆုံး မဟာစည္ေတာ္ႀကီး အဓိကဒုႏၵဳဘ၏ စည္ေတာ္ႀကီးရဲ႕ ေနာက္ကြယ္မွ ေျကာက္မက္ဖြယ္ရာ ထူးျခားဆန္းၾကယ္မႈမ်ား

Unicode

ကမ္ဘာ့အကြီးဆုံး မဟာစည်တော်ကြီး အဓိကဒုန္ဒုဘ၏ စည်တော်ကြီးရဲ့ နောက်ကွယ်မှ ကြောက်မက်ဖွယ်ရာ ထူးခြားဆန်းကြယ်မှုမျာ

ကမ္ဘာ့အကြီးဆုံး မဟာစည်တော်ကြီး အကြောင်းကိုဗဟုသုတ အဖြစ် မျှဝေပေးပါမယ်။မဟာစည်တော်ကြီး ၏ နာမတော်မှာမဟာဘေရီ ( သို့မဟုတ်) အဓိကဒုန္ဒုဘဖြစ်ပါသည်။

စည်တော်ကြီး ဖြစ်ပေါ်လာပုံကို ပြောပြရလျှင်2018 ခုနှစ်တွင် အင်းတော်မြို့နေ ဦးအောင်ပွဲခေါ် ဆရာပွဲ မှ သုဿာန် ရှင်းလင်းရာ လွန်စွာကြီးမားသော ကုက္ကိုလ်ပင် ကို တွေ့ရှိခဲ့ပါတယ်။

ဆရာပွဲ သည် မြန်မာ့တူရိယာလုပ်ငန်း ဆောင်ရွက်သူတစ်ဦး ဖြစ်လေတော့ ထိုကုက္ကိုလ်ပင်ကို2018 ခုနှစ် ဖေဖော်ဝါရီ 12 ရက်နေ့မှ စတင်၍စည်တော်ကြီး ထွင်းထုဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာလ 23 ရက်နေ့ ရောက်မှသာ အလုံးစုံပြီးမြောက်ခဲ့ပါတယ်။မဟာစည်တော်ကြီး ၏ အလျား အရှည်မှာ128 လက်မ ၊အမြင့်မှာ 64 လက်မနှင့်မျက်နှာပြင်အကျယ်မှာ 54 လက်မ တို့ ဖြစ်ကြပါတယ်။

မဟာစည်တော်ကြီး ကိုမျက်နှာပြင်နှစ်ဘက်၌ ကျွဲသားရေ နှစ်ချပ် နှင့်စည်ကျစ်ကြိုးအတွက် နွားသားရေ တစ်ဆယ့် ရှစ်ချပ်ဖြင့် ပြုလုပ်ခဲ့ပါတယ်။

စည်တော်ကြီး ထုဆစ်သူ ဆရာပွဲမဟာစည်တော်ကြီး ၏ အတွင်းပိုင်းတွင်ဘုရားဒေသနာတော်များနှင့် ဂါထာတော်များရေးသား စီရင်ထားပါတယ်။ဗားမဲ့ဂါထာများဖြင့်လည်း လောကီအစီအမံ ပြုထားပါတယ်။

မဟာစည်တော်ကြီး ၏ အပြင်ပိုင်းတွင်ဘုရားရှင်ခြေတော်ရာ စက်လက္ခဏာများကိုနတ်သားများ ပူဇော်နေပုံ ပါရှိပါသည်။ဤသို့ စီမံပြုလုပ်ပြီးသကာလ ဆရာပွဲတို့ မိသားစုသည်မဟာစည်တော်ကြီး ကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ထံပေးအပ်လှူဒါန်းပါတယ်။

ထိုမှတဆင့် သီတဂူဆရာတော်ကြီး ထံ ဆပ်ကပ်လှူ၍ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးပရဝုဏ်အတွင်း တင်ဆောင်ထားရှိရန် စီစဉ်ကြပါတယ်။

ထိုကာလသည် ကောင်းမှုတော်စေတီတော်မြတ်ကြီးအဖြူရောင်သင်္ကန်း ကပ်လှူပြီးချိန်နှင့် သီတဂူဆရာတော်ကြီးမွေးနေ့ပူဇာ အလှူတော်နေ့နှင့်လည်း အချိန်ကိုက် ဖြစ်ပြီးလတကာတို့ထက် ထူးမြတ်သော တပေါင်းလပြည့်အခါသမယ ဖြစ်ခဲ့ပါတယ်။

မဟာစည်တော်ကြီး သည် မြန်မာ့ရိုးရာ တူရိယာများထဲမှထူးမြတ်သော အရာတစ်ခု ဖြစ်သည်နှင့်အညီအရွယ်အစားအားဖြင့်လည်း ကမ္ဘာအကြီးဆုံး ဟုစံချိန်တင်ရပေမည်။

သို့ဖြစ်ပါ၍ ကျွန်တော်သည်လည်း မှတ်တမ်းဓာတ်ပုံများရိုက်ယူကာ မျှဝေပေးလိုက်ပါတယ်။ဖတ်မှတ်ကြည့်ရှုမိသူအပေါင်းအားစည်တော်ရွမ်းလို့ ဆုတောင်းသံသာ ပြုလိုက်ရပါတယ်။

ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေသော်….

ခရက်ဒစ်

Zawgyi

ကမာၻ႔အႀကီးဆုံး မဟာစည္ေတာ္ႀကီး အဓိကဒုႏၵဳဘ၏ စည္ေတာ္ႀကီးရဲ႕ ေနာက္ကြယ္မွ ေျကာက္မက္ဖြယ္ရာ ထူးျခားဆန္းၾကယ္မႈမ်ား

ကမၻာ့အႀကီးဆံုး မဟာစည္ေတာ္ႀကီး အေၾကာင္းကိုဗဟုသုတ အျဖစ္ မွ်ေဝေပးပါမယ္။မဟာစည္ေတာ္ႀကီး ၏ နာမေတာ္မွာမဟာေဘရီ ( သို႔မဟုတ္) အဓိကဒုႏၵဳဘျဖစ္ပါသည္။

စည္ေတာ္ႀကီး ျဖစ္ေပၚလာပံုကို ေျပာျပရလွ်င္2018 ခုႏွစ္တြင္ အင္းေတာ္ၿမိဳ႕ေန ဦးေအာင္ပြဲေခၚ ဆရာပြဲ မွ သုႆာန္ ႐ွင္းလင္းရာ လြန္စြာႀကီးမားေသာ ကုကၠိဳလ္ပင္ ကို ေတြ႔႐ွိခဲ့ပါတယ္။

ဆရာပြဲ သည္ ျမန္မာ့တူရိယာလုပ္ငန္း ေဆာင္ရြက္သူတစ္ဦး ျဖစ္ေလေတာ့ ထိုကုကၠိဳလ္ပင္ကို2018 ခုႏွစ္ ေဖေဖာ္ဝါရီ 12 ရက္ေန႔မွ စတင္၍စည္ေတာ္ႀကီး ထြင္းထုျဖစ္ခဲ့ပါတယ္။

ဒီဇင္ဘာလ 23 ရက္ေန႔ ေရာက္မွသာ အလံုးစံုၿပီးေျမာက္ခဲ့ပါတယ္။မဟာစည္ေတာ္ႀကီး ၏ အလ်ား အ႐ွည္မွာ128 လက္မ ၊အျမင့္မႇာ 64 လက္မႏွင့္မ်က္ႏွာျပင္အက်ယ္မွာ 54 လက္မ တို႔ ျဖစ္ၾကပါတယ္။

မဟာစည္ေတာ္ႀကီး ကိုမ်က္ႏွာျပင္နႇစ္ဘက္၌ ကြၽဲသားေရ ႏွစ္ခ်ပ္ ႏွင့္စည္က်စ္ႀကိဳးအတြက္ ႏြားသားေရ တစ္ဆယ့္ ႐ွစ္ခ်ပ္ျဖင့္ ျပဳလုပ္ခဲ့ပါတယ္။

စည္ေတာ္ႀကီး ထုဆစ္သူ ဆရာပြဲမဟာစည္ေတာ္ႀကီး ၏ အတြင္းပိုင္းတြင္ဘုရားေဒသနာေတာ္မ်ားႏွင့္ ဂါထာေတာ္မ်ားေရးသား စီရင္ထားပါတယ္။ဗားမဲ့ဂါထာမ်ားျဖင့္လည္း ေလာကီအစီအမံ ျပဳထားပါတယ္။

မဟာစည္ေတာ္ႀကီး ၏ အျပင္ပိုင္းတြင္ဘုရား႐ွင္ေျခေတာ္ရာ စက္လကၡဏာမ်ားကိုနတ္သားမ်ား ပူေဇာ္ေနပံု ပါ႐ွိပါသည္။ဤသို႔ စီမံျပဳလုပ္ၿပီးသကာလ ဆရာပြဲတို႔ မိသားစုသည္မဟာစည္ေတာ္ႀကီး ကို စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ထံေပးအပ္လႉဒါန္းပါတယ္။

ထိုမွတဆင့္ သီတဂူဆရာေတာ္ႀကီး ထံ ဆပ္ကပ္လႉ၍ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ျမတ္ႀကီးပရဝုဏ္အတြင္း တင္ေဆာင္ထား႐ွိရန္ စီစဥ္ၾကပါတယ္။

ထိုကာလသည္ ေကာင္းမႈေတာ္ေစတီေတာ္ျမတ္ႀကီးအျဖဴေရာင္သကၤန္း ကပ္လႉၿပီးခ်ိန္နႇင့္ သီတဂူဆရာေတာ္ႀကီးေမြးေန႔ပူဇာ အလႉေတာ္ေန႔ႏွင့္လည္း အခ်ိန္ကိုက္ ျဖစ္ၿပီးလတကာတို႔ထက္ ထူးျမတ္ေသာ တေပါင္းလျပည့္အခါသမယ ျဖစ္ခဲ့ပါတယ္။

မဟာစည္ေတာ္ႀကီး သည္ ျမန္မာ့႐ိုးရာ တူရိယာမ်ားထဲမွထူးျမတ္ေသာ အရာတစ္ခု ျဖစ္သည္ႏွင့္အညီအရြယ္အစားအားျဖင့္လည္း ကမၻာအႀကီးဆံုး ဟုစံခ်ိန္တင္ရေပမည္။

သို႔ျဖစ္ပါ၍ ကြၽန္ေတာ္သည္လည္း မွတ္တမ္းဓာတ္ပံုမ်ား႐ိုက္ယူကာ မွ်ေဝေပးလိုက္ပါတယ္။ဖတ္မွတ္ၾကည့္႐ႈမိသူအေပါင္းအားစည္ေတာ္ရြမ္းလို႔ ဆုေတာင္းသံသာ ျပဳလိုက္ရပါတယ္။

က်န္းမာ ခ်မ္းသာ ေပ်ာ္ရႊင္ၾကပါေစေသာ္….

ခရက္ဒစ္