လြန္ခဲ႔ေသာ ႏွစ္ေပါင္းကိုးဆယ္ေက်ာ္ခန္႔က ျမန္မာျပည္က တီထြင္ခဲ့ေသာ ပထမဦးဆုံး ႏိုင္ငံပိုင္ ေလယာဥ္ပ်ံ……

Unicode

မြန်မာပြည်က တီထွင်ခဲ့သော ပထမဦးဆုံး နိုင်ငံပိုင် လေယာဉ်ပျံ

မန္တလေးသူ မန္တလေးသားများ မှတ်သားထားကြပါ။

၁၉၃၀ – ခုနှစ်က မန္တလေးမြို့ အာဠဝီလမ်းနေ မော်တာ အင်ဂျင်နီယာ ဆရာကြီး ဦးဟာရှင်မှ စီမံ ပြုလုပ်ဆဲ၊ နိုင်ငံခြားမှ စက်ကိရိယာများ မကြာမီ ရောက်လာတော့မည်။

ပြီးတဲ့အခါ ဧရာဝတီမြစ်အတွင်း အစမ်း ပျံသန်းပြမည်တဲ့။ဒါက ၁၂၉၂ တန်ခူးလဆုတ် ၁၀ – ရက်နေ့ထုတ် သူရိယ သတင်းစာ၏ ဖော်ပြချက် မှတ်တမ်းများပါ။

စာကြွင်း — ထိုခေတ်က ဦးဟာရှင်တို့ အဖွဲ့ဟာ လိုအပ်ချက်များစွာဖြင့် အောင်မြင်လုဆဲဆဲ အချိန်မှာ ဗြိတိသျှ အစိုးရ၏ တားမြစ် ပိတ်ပင်ခြင်း ခံရတယ်။

အထက်ပါပုံမှာ မန္တလေးမြို့ အာဠဝီလမ်း မော်တာ အင်ဂျင်နီယာဆရာကြီး ဦးဟာရှင်ကိုယ်တိုင် မိမိအားလပ်သော အချိန်တွင် စိတ်ပျော်လက်ပျော် သဘောဖြင့် စီမံပြုလုပ်ဆဲ ဖြစ်သော လေယာဉ်ပျံပုံ ဖြစ်လေသည်။

၎င်းမှာ အလွန်ပေါ့ပါးသော ရေတမာသား အလူမီနီယံ သတ္ထုများဖြင့် ပြုလုပ်ထားလေသည်။၎င်းတွင် တပ်ဆင်ရန် စက်ကိရိယာများကို နိုင်ငံခြားမှ မှာထားပြီး ဖြစ်၍ များမကြာမီ ရောက်တော့မည် ဖြစ်သည်။

ကိရိယာ အစုံအလင် တပ်ဆင်ပြီးသောအခါ၌ ဧရာဝတီမြစ်မှာ အစမ်း ပျံသန်းပြလိမ့်မည်ဟု သိရသည်။

#crd_to_owner ရှားပါးဓာတ်ပုံ မှတ်တမ်းများ

#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Zawgyi

ျမန္မာျပည္က တီထြင္ခဲ့ေသာ ပထမဦးဆုံး ႏိုင္ငံပိုင္ ေလယာဥ္ပ်ံ

မႏၲေလးသူ မႏၲေလးသားမ်ား မွတ္သားထားၾကပါ။

၁၉၃၀ – ခုႏွစ္က မႏၲေလးၿမိဳ႕ အာဠဝီလမ္းေန ေမာ္တာ အင္ဂ်င္နီယာ ဆရာႀကီး ဦးဟာရွင္မွ စီမံ ျပဳလုပ္ဆဲ၊ ႏိုင္ငံျခားမွ စက္ကိရိယာမ်ား မၾကာမီ ေရာက္လာေတာ့မည္။

ၿပီးတဲ့အခါ ဧရာဝတီျမစ္အတြင္း အစမ္း ပ်ံသန္းျပမည္တဲ့။ဒါက ၁၂၉၂ တန္ခူးလဆုတ္ ၁၀ – ရက္ေန႔ထုတ္ သူရိယ သတင္းစာ၏ ေဖာ္ျပခ်က္ မွတ္တမ္းမ်ားပါ။

စာႂကြင္း — ထိုေခတ္က ဦးဟာရွင္တို႔ အဖြဲ႕ဟာ လိုအပ္ခ်က္မ်ားစြာျဖင့္ ေအာင္ျမင္လုဆဲဆဲ အခ်ိန္မွာ ၿဗိတိသွ် အစိုးရ၏ တားျမစ္ ပိတ္ပင္ျခင္း ခံရတယ္။

အထက္ပါပုံမွာ မႏၲေလးၿမိဳ႕ အာဠဝီလမ္း ေမာ္တာ အင္ဂ်င္နီယာ ဆရာႀကီး ဦးဟာရွင္ ကိုယ္တိုင္ မိမိအားလပ္ေသာ အခ်ိန္တြင္ စိတ္ေပ်ာ္လက္ေပ်ာ္ သေဘာျဖင့္ စီမံျပဳလုပ္ဆဲ ျဖစ္ေသာ ေလယာဥ္ပ်ံပုံ ျဖစ္ေလသည္။

၎မွာ အလြန္ေပါ့ပါးေသာ ေရတမာသား အလူမီနီယံ သတၳဳမ်ားျဖင့္ ျပဳလုပ္ထားေလသည္။၎တြင္ တပ္ဆင္ရန္ စက္ကိရိယာမ်ားကို ႏိုင္ငံျခားမွ မွာထားၿပီး ျဖစ္၍ မ်ားမၾကာမီ ေရာက္ေတာ့မည္ ျဖစ္သည္။

ကိရိယာ အစုံအလင္ တပ္ဆင္ၿပီးေသာအခါ၌ ဧရာဝတီျမစ္မွာ အစမ္း ပ်ံသန္းျပလိမ့္မည္ဟု သိရသည္။

#crd_to_owner ရွားပါးဓာတ္ပုံ မွတ္တမ္းမ်ား

#ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)