သန္းႂကြယ္သူေဌး တခ်ိဳ႕သာဝယ္ပတ္ႏိုင္တဲ့ ကမာၻ႔ေဈး အႀကီးဆုံး နာရီမ်ား…..

Unicode

သန်းကြွယ်သူဌေး တချို့သာဝယ်ပတ်နိုင်တဲ့ ကမ္ဘာ့ဈေး အကြီးဆုံး နာရီများ…..

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ( ဒါမှမဟုတ် ) နာမည်ကျော်ကြား တဲ့သူတွေ ရဲ့အပြင်အဆင်တွေထဲမှာနာရီဆိုတာကလည်းမပါမဖြစ်လို့တောင် ပြောရမှာပါ ။

ဒါ့ကြောင့်အခုတစ်ခါမှာတော့နာရီကို စွဲလန်းကြိုက်နှစ်သက်သူတွေအတွက်ကမ္ဘာပေါ်က ဈေးအကြီးဆုံးနာရီအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော် ။

ဘယ်လိုနာရီတွေ ပါမလဲ ဆိုတာ ကတော့ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။

၁။ GRAFF DIAMONDS HALLUCINATION ( ဒေါ်လာ ၅၅ သန်း )ကမ္ဘာ့ဈေး အကြီးဆုံးနာရီစာရင်းရဲ့နံပါတ် ( ၁ ) နေရာမှာရှိနေတာကတော့ GRAFF DIAMONDS HALLUCINATIONဆိုတဲ့နာရီပဲဖစ်ပါတယ် ။

ဒီနာရီကိုတော့ Baselworld ဆိုတဲ့ လက်ပတ်နာရီနဲလက်ပတ်နာရီနဲ့လက်ဝတ်ရတနာ ပြပွဲမှာစတင်မိတ်ဆက် ပြသခဲ့တာ ဖြစ်ပါတယ်။

နာရီတစ်ခုလုံးကိုစိန် (၁၁၀)ကာရက်နဲ့ တန်ဆာဆင်ပေးထားပြီး စိန်အရောင်ပေါင်း များစွာထည့်ပေးထားတာကြောင့် အလင်းရောင်ထဲရောက်သွားရင် တလက်လက်နဲ့ တောက်ပနေမှာပဲ ဖြစ်ပါတယ် ။

၂။GRAFF DIAMONDS THE FASCINATION( ဒေါ်လာ သန်း ၄၀ )နံပါတ် ( ၂ ) နေရာမှာတော့GRAFF DIAMONDS THE FASCINATION

ဆိုတဲ့နာရီလေးက နေရာယူထားပါတယ်။ဒီနာရီလေးကိုတော့စိန်၁၅၂.၉၆ ကာရကပါဝင်ပြီးအလယ်တည့်တည့်ကစိန်ရဲ့အလေးချိန်ကတော့၃၈.၁၄ ကာရက်အလေးချိန် ရှိပါတယ် ။

အလယ်တည့်တည့်ကစိန်ကဘယ်လောက် တောင်ကြီးလဲဆိုရင်လက်စွပ်ထဲထည့်ပြီးတောင်ဝတ်ဆင်လို့ရပါတယ်တဲ့။ဒီနာရီလေးမှာတော့အပေါ်က

နာရီမှာလိုမျိုး စိန်အရောင်မျိုးစုံ မပါတော့ပဲအရောင်တစ်မျိုးတည်းနဲ့သာဒီဇိုင်း ဖော်ပေးထားတာပဲ ဖြစ်ပါတယ်။

၃။ BREGUET NO. 160 ( ဒေါ်လာ သန်း ၃၀ )နောက်ထပ် ဖော်ပြပေးမှာကတော့နံပါတ် ( ၃ ) နေရာမှာရှိနေတဲ့ Breguet No. 160 ဆိုတဲ့နာရီလေးပဲ ဖြစ်ပါတယ်။

ဒီနာရီလေးကတော့ ရှေးဟောင်းနာရီတစ်လုံး ဖြစ်ပြီးဆွစ်ဇာလန်လူမျိုး Abraham-Louis Breguetဆိုသူကဘုရင်မMarie-Antoinette အတွက်၁၇၈၂ ခုနှစ်မှာစတင်ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လည်း အပြီးမသတ်နိုင်ခဲ့ပဲ ဘုရင်မ Marie-Antoinette ကွပ်မျက် ခံရပြီး ၁၈၇၂ ခုနှစ် ရောက်မှသာ Breguet ရဲ့ သားဖြစ်သူက ဒီနာရီလေးကို အပြီးသတ် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အစောပိုင်းတုန်းကတော့ ဒီနာရီလေး ကို ဂျေရုစလင်မြို့က ပြတိုက်တစ်ခုမှာ ပြသထားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ခိုးယူခံလိုက်ရပါသေးတယ် ။

နောက်ပိုင်းမှာတော့ ပြန်လည်ရရှိခဲ့ကာ ပြုပြင်မွမ်းမံ ခဲ့ပြီး Mayer လို့ခေါ်တဲ့ ပြတိုက်မှာ ယနေ့အချိန်အထိ ပြသထားပါတယ် ။

၄။ CHOPARD 201 ( ဒေါ်လာ ၂၅ သန်း )ကမ္ဘာ့ဈေးအကြီးဆုံး နာရီစာရင်းရဲ့ နံပါတ် ( ၄ ) နေရာမှာ ရှိနေတာကတော့ CHOPARD 201 ဖြစ်ပြီး

Carat Watch လို့ ခေါ်ကြပါတယ် ။ ဒီနာရီကိုတော့ အရောင်စုံလင်လှတဲ့စိန် အလုံးပေါင်း (၈၇၄ ) လုံးနဲ့ ပုံဖော်ပေးထားပြီး စိန်အားလုံးရဲ့ အလေးချိန်ဟာ (၂၀၁ ) ကာရက် ရှိပါတယ်တဲ့ ။

Chopard နာရီရဲ့ အလယ် တည့်တည့်မှာ အဝါ ၊ ပန်းရောင် နဲ့ အပြာ ရောင် အသည်းပုံစံ စိန် ( ၃ ) လုံး ထည့်ပေးထားပါသေးတယ် ။

၅။ PATEK PHILIPPE SUPERCOMPLICATION ( ဒေါ်လာ ၂၄ သန်း )ဒီနာရီလေး ကတော့ အိတ်ဆောင်နာရီ အမျိုးအစားဖြစ်ပြီး

၁၉၃၃ ခုနှစ်တုန်းက Patek Philippe ဆိုတဲ့ ဒီဇိုင်းပညာရှင်တစ်ယောက်ဟာ ဘဏ်လုပ်ငန်းရှင်

တစ်ဦးဖြစ်တဲ့ Henry Graves Jr အတွက် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ နာရီရဲ့ ဒီဇိုင်းကို ဖန်တီးဖို့အတွက် အချိန် ( ၅ ) နှစ်မျှ ကြာမြင့်ခဲ့ပြီး features ပေါင်း ( ၂၅ ) ခုလောက် ထည့်သွင်းပေးထားပါတယ် ။

၆။ JACOB & CO. BILLIONAIRE WATCH ( ဒေါ်လာ ၁၈ သန်း )The Billionaire watch လို့ ခေါ်တဲ့ နာရီမှာတော့ ၂၆၀ ကာရက်ရှိတဲ့ စိန်တွေကို ထည့်သွင်

း ပေးထားပြီး စိန်အလုံးပေါင်း ၁၆၇ လုံး ပါဝင်ကာ တစ်ခြားသော ကျောက်မျက်ရတနာ ( ၁၉ ) ခုလည်း ပါပါ သေးတယ် ။

နာရီရဲ့ မျက်နှာပြင်နဲ့ လက်ပတ်ကြိုး ကိုတော့ ရွှေဖြူ 18k နဲ့ တန်ဆာဆင်ထားပါတယ် ။ အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က တန်ဖိုးအကြီးမားဆုံး နာရီတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

crd

Zawgyi

သန္းႂကြယ္သူေဌး တခ်ိဳ႕သာဝယ္ပတ္ႏိုင္တဲ့ ကမာၻ႔ေဈး အႀကီးဆုံး နာရီမ်ား…..

ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ ( ဒါမွမဟုတ္ ) နာမည္ေက်ာ္ၾကား တဲ့သူေတြ ရဲ႕အျပင္အဆင္ေတြထဲမွာနာရီဆိုတာကလည္းမပါမျဖစ္လို႔ေတာင္ ေျပာရမွာပါ ။

ဒါ့ေၾကာင့္အခုတစ္ခါမွာေတာ့နာရီကို စြဲလန္းႀကိဳက္ႏွစ္သက္သူေတြအတြက္ကမာၻေပၚက ေဈးအႀကီးဆုံးနာရီအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

ဘယ္လိုနာရီေတြ ပါမလဲ ဆိုတာ ကေတာ့ ေအာက္က ပုံေလးေတြ တစ္ပုံခ်င္းစီကို ၾကည့္လိုက္ပါဦးေနာ္ ။

၁။ GRAFF DIAMONDS HALLUCINATION ( ေဒၚလာ ၅၅ သန္း )ကမာၻ႔ေဈး အႀကီးဆုံးနာရီစာရင္းရဲ႕နံပါတ္ ( ၁ ) ေနရာမွာရွိေနတာကေတာ့ GRAFF DIAMONDS HALLUCINATIONဆိုတဲ့နာရီပဲဖစ္ပါတယ္ ။

ဒီနာရီကိုေတာ့ Baselworld ဆိုတဲ့ လက္ပတ္နာရီနဲလက္ပတ္နာရီနဲ႔လက္ဝတ္ရတနာ ျပပြဲမွာစတင္မိတ္ဆက္ ျပသခဲ့တာ ျဖစ္ပါတယ္။

နာရီတစ္ခုလုံးကိုစိန္ (၁၁၀)ကာရက္နဲ႔ တန္ဆာဆင္ေပးထားၿပီး စိန္အေရာင္ေပါင္း မ်ားစြာထည့္ေပးထားတာေၾကာင့္ အလင္းေရာင္ထဲေရာက္သြားရင္ တလက္လက္နဲ႔ ေတာက္ပေနမွာပဲ ျဖစ္ပါတယ္ ။

၂။GRAFF DIAMONDS THE FASCINATION( ေဒၚလာ သန္း ၄၀ )နံပါတ္ ( ၂ ) ေနရာမွာေတာ့GRAFF DIAMONDS THE FASCINATION

ဆိုတဲ့နာရီေလးက ေနရာယူထားပါတယ္။ဒီနာရီေလးကိုေတာ့စိန္၁၅၂.၉၆ ကာရကပါဝင္ၿပီးအလယ္တည့္တည့္ကစိန္ရဲ႕အေလးခ်ိန္ကေတာ့၃၈.၁၄ ကာရက္အေလးခ်ိန္ ရွိပါတယ္ ။

အလယ္တည့္တည့္ကစိန္ကဘယ္ေလာက္ ေတာင္ႀကီးလဲဆိုရင္လက္စြပ္ထဲထည့္ၿပီးေတာင္ဝတ္ဆင္လို႔ရပါတယ္တဲ့။ဒီနာရီေလးမွာေတာ့အေပၚက

နာရီမွာလိုမ်ိဳး စိန္အေရာင္မ်ိဳးစုံ မပါေတာ့ပဲအေရာင္တစ္မ်ိဳးတည္းနဲ႔သာဒီဇိုင္း ေဖာ္ေပးထားတာပဲ ျဖစ္ပါတယ္။

၃။ BREGUET NO. 160 ( ေဒၚလာ သန္း ၃၀ )ေနာက္ထပ္ ေဖာ္ျပေပးမွာကေတာ့နံပါတ္ ( ၃ ) ေနရာမွာရွိေနတဲ့ Breguet No. 160 ဆိုတဲ့နာရီေလးပဲ ျဖစ္ပါတယ္။

ဒီနာရီေလးကေတာ့ ေရွးေဟာင္းနာရီတစ္လုံး ျဖစ္ၿပီးဆြစ္ဇာလန္လူမ်ိဳး Abraham-Louis Breguetဆိုသူကဘုရင္မMarie-Antoinette အတြက္၁၇၈၂ ခုႏွစ္မွာစတင္ဖန္တီးေပးခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ လည္း အၿပီးမသတ္ႏိုင္ခဲ့ပဲ ဘုရင္မ Marie-Antoinette ကြပ္မ်က္ ခံရၿပီး ၁၈၇၂ ခုႏွစ္ ေရာက္မွသာ Breguet ရဲ႕ သားျဖစ္သူက ဒီနာရီေလးကို အၿပီးသတ္ ဖန္တီးေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

အေစာပိုင္းတုန္းကေတာ့ ဒီနာရီေလး ကို ေဂ်႐ုစလင္ၿမိဳ႕က ျပတိုက္တစ္ခုမွာ ျပသထားခဲ့ၿပီး ၁၉၈၃ ခုႏွစ္မွာ ခိုးယူခံလိုက္ရပါေသးတယ္ ။

ေနာက္ပိုင္းမွာေတာ့ ျပန္လည္ရရွိခဲ့ကာ ျပဳျပင္မြမ္းမံ ခဲ့ၿပီး Mayer လို႔ေခၚတဲ့ ျပတိုက္မွာ ယေန႔အခ်ိန္အထိ ျပသထားပါတယ္ ။

၄။ CHOPARD 201 ( ေဒၚလာ ၂၅ သန္း )ကမာၻ႔ေဈးအႀကီးဆုံး နာရီစာရင္းရဲ႕ နံပါတ္ ( ၄ ) ေနရာမွာ ရွိေနတာကေတာ့ CHOPARD 201 ျဖစ္ၿပီး

Carat Watch လို႔ ေခၚၾကပါတယ္ ။ ဒီနာရီကိုေတာ့ အေရာင္စုံလင္လွတဲ့စိန္ အလုံးေပါင္း (၈၇၄ ) လုံးနဲ႔ ပုံေဖာ္ေပးထားၿပီး စိန္အားလုံးရဲ႕ အေလးခ်ိန္ဟာ (၂၀၁ ) ကာရက္ ရွိပါတယ္တဲ့ ။

Chopard နာရီရဲ႕ အလယ္ တည့္တည့္မွာ အဝါ ၊ ပန္းေရာင္ နဲ႔ အျပာ ေရာင္ အသည္းပုံစံ စိန္ ( ၃ ) လုံး ထည့္ေပးထားပါေသးတယ္ ။

၅။ PATEK PHILIPPE SUPERCOMPLICATION ( ေဒၚလာ ၂၄ သန္း )ဒီနာရီေလး ကေတာ့ အိတ္ေဆာင္နာရီ အမ်ိဳးအစားျဖစ္ၿပီး

၁၉၃၃ ခုႏွစ္တုန္းက Patek Philippe ဆိုတဲ့ ဒီဇိုင္းပညာရွင္တစ္ေယာက္ဟာ ဘဏ္လုပ္ငန္းရွင္

တစ္ဦးျဖစ္တဲ့ Henry Graves Jr အတြက္ ဖန္တီးေပးခဲ့တာပဲ ျဖစ္ပါတယ္ ။ နာရီရဲ႕ ဒီဇိုင္းကို ဖန္တီးဖို႔အတြက္ အခ်ိန္ ( ၅ ) ႏွစ္မွ် ၾကာျမင့္ခဲ့ၿပီး features ေပါင္း ( ၂၅ ) ခုေလာက္ ထည့္သြင္းေပးထားပါတယ္ ။

၆။ JACOB & CO. BILLIONAIRE WATCH ( ေဒၚလာ ၁၈ သန္း )The Billionaire watch လို႔ ေခၚတဲ့ နာရီမွာေတာ့ ၂၆၀ ကာရက္ရွိတဲ့ စိန္ေတြကို ထည့္သြင္

း ေပးထားၿပီး စိန္အလုံးေပါင္း ၁၆၇ လုံး ပါဝင္ကာ တစ္ျခားေသာ ေက်ာက္မ်က္ရတနာ ( ၁၉ ) ခုလည္း ပါပါ ေသးတယ္ ။

နာရီရဲ႕ မ်က္ႏွာျပင္နဲ႔ လက္ပတ္ႀကိဳး ကိုေတာ့ ေ႐ႊျဖဴ 18k နဲ႔ တန္ဆာဆင္ထားပါတယ္ ။ အခုေဖာ္ျပေပးထားတာကေတာ့ ကမာၻေပၚက တန္ဖိုးအႀကီးမားဆုံး နာရီေတြ အေၾကာင္းကို စုစည္းေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္ ။

crd