ယေန႔ ေကာ့ကရိတ္ၿမိဳ႕မွာ မိခင္ႀကီး ငုတ္တုတ္ရွိလွ်က္နဲ႔ အေမြလုပစၥည္း ခြဲခံရတဲ့ ျဖစ္ရပ္ ႐ုပ္သံဖိုင္

Unicode

ယနေ့ကော့ကရိတ်မြို့မှာ မိခင်ကြီး ငုတ်တုတ်ရှိလျှက်နဲ့ အမွေလှပစ္စည်း ခွဲခံရတဲ့ ဖြစ်ရပ် ရုပ်သံဖိုင်

ရုပ်သံဖိုင်ကိုအောက်ဆုံးမှာဖေါ်ပြထားပါတယ်

12/8/2022 ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်ကြီး ငုတ်တုတ်ရှိလျှက်နဲ့ သမီးတွေက အမွေလု ပစ္စည်းခွဲ

ကျော်ရဲအောင် (ရှပ်ပုံသား) မိဘကျေးဇူးကို ဓမ္မနဲ့ဆပ်ရတယ် မြန်မာလူမျိုးတွေ ထဲမယ်ဘယ်ကနေ ဘယ်လိုလုပ်ပြီးတော့ပြောတယ် မသိဘူး။

မြတ်စွာဘုရားရှင်ကအဘိဓမ္မာတရား ဟောပြီးမယ်တော်ရဲ့ ကျေးဇူးကို ဆပ်တာနို့တစ်လုံးဖိုးပဲ ကျေတယ်လို့

ဆိုတော့နောက်တစ်လုံးဖိုး ထပ်ဆပ်ရဦးမယ့်အဓိပ္ပါယ် ရောက်နေတယ်။ဒီလို ဆိုလိုထားတာလည်းစာထဲမှာ မရှိပါဘူး။

အဲဒါဆိုရင် နို့တစ်လုံးဖိုးကဘယ်လောက်တန်တယ်၊နောက်တစ်လုံးဖိုးကဘယ်လောက်တန်တယ်

ဆိုတဲ့တန်ကြေးသတ်မှတ်ထားတာ ရှိရမှာပေါ့။အဲဒီလို သတ်မှတ်ထားတာ ရှိမှ မရှိဘဲနဲ့နို့တစ်လုံးဖိုးပဲ ကျေတယ်၊နှစ်လုံးဖိုးပဲ ကျေတယ်လို့ ပြောစရာ မရှိပါဘူး။

ဒီအပြောတွေက မှန်ကန်တဲ့‌အပြောတွေ မဟုတ်ဘူး။ဘာသာတရားတော် တွေထဲမှာတစ်ခါတစ်ရံကျတော့မမှန်ကန်တဲ့ အတွေးတွေလည်းဝင်ရောက် လာတတ်တယ် လို့ပဲ ဆိုရပါမယ်။

မြတ်စွာဘုရားရှင် အဘိဓမ္မာ ဟောလို့မယ်တော်မိနတ်သား တရားထူးရပြီးသောတာပန် ဖြစ်သွားတာဟာနို့ဖိုးတင်

မကပါဘူး၊ကျေးဇူး အကုန်လုံး ကျေပါတယ် လို့ဒီလိုပဲ မှတ်ရပါမယ်။

ဘာဖြစ်လို့တုံး ဆိုရင်မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကဟောထားတာ ရှိပါတယ်၊ဓမ္မနဲ့ ကျေးဇူးဆပ်လို့ ရှိရင်ပညာမရှိတဲ့

မိဘ ပညာ ရှိလာအောင်၊သဒ္ဓါတရားမရှိတဲ့ မိဘ သဒ္ဓါတရား ရှိလာအောင်၊စွန့်ကြဲမှုမရှိတဲ့မိဘ စွန့်ကြဲမှု ရှိလာအောင်ဒီလို စွမ်းဆောင်မှု ပေးတယ်။

ဓမ္မ ဘက်ကနေ ကျေးဇူးဆပ်တယ် ဆိုရင်ဒါဟာ ကျေးဇူးဆပ်ပြီးသား ရောက်တယ်၊သာမာန်အားဖြင့်ကျွေးမွေးစောင့်ရှောက်၊

ပြု စုရုံနဲ့ ကတော့ကျေးဇူး ကျေတယ်လို့ ပြောလို့ မရဘူး တဲ့။

ဒီလိုပဲ ဟောထားတာ ရှိပါတယ်၊ စာထဲမှာ နော်။ဓမ္မနဲ့ ကျေးဇူးဆပ်ရင်လည်း ကျေတယ် တဲ့၊ဒီလို ဆိုတယ်၊ဒါကြောင့် မြတ်စွာဘုရားရှင်က

ဓမ္မနဲ့ ဆပ်တာပဲလေ၊မယ်တော်ရဲ့ကျေးဇူး မကျေစရာဘာ အကြောင်းမှ မရှိပါဘူး။

ကျေးဇူးရှင် ပါမောက္ခချုပ် ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ ပြု နိုင်ကြပါစေ။

Crd

Zawgyi

ယေန႔ေကာ့ကရိတ္ၿမိဳ႕မွာ မိခင္ႀကီး ငုတ္တုတ္ရွိလွ်က္နဲ႔ အေမြလွပစၥည္း ခြဲခံရတဲ့ ျဖစ္ရပ္ ႐ုပ္သံဖိုင္

႐ုပ္သံဖိုင္ကိုေအာက္ဆုံးမွာေဖၚျပထားပါတယ္

12/8/2022 ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕မွာ မိခင္ႀကီး ငုတ္တုတ္ရွိလွ်က္နဲ႔ သမီးေတြက အေမြလု ပစၥည္းခြဲ

ေက်ာ္ရဲေအာင္ (ရွပ္ပုံသား) မိဘေက်းဇူးကို ဓမၼနဲ႔ဆပ္ရတယ္ ျမန္မာလူမ်ိဳးေတြ ထဲမယ္ဘယ္ကေန ဘယ္လိုလုပ္ၿပီးေတာ့ေျပာတယ္ မသိဘူး။

ျမတ္စြာဘုရားရွင္ကအဘိဓမၼာတရား ေဟာၿပီးမယ္ေတာ္ရဲ႕ ေက်းဇူးကို ဆပ္တာႏို႔တစ္လုံးဖိုးပဲ ေက်တယ္လို႔

ဆိုေတာ့ေနာက္တစ္လုံးဖိုး ထပ္ဆပ္ရဦးမယ့္အဓိပၸါယ္ ေရာက္ေနတယ္။ဒီလို ဆိုလိုထားတာလည္းစာထဲမွာ မရွိပါဘူး။

အဲဒါဆိုရင္ ႏို႔တစ္လုံးဖိုးကဘယ္ေလာက္တန္တယ္၊ေနာက္တစ္လုံးဖိုးကဘယ္ေလာက္တန္တယ္

ဆိုတဲ့တန္ေၾကးသတ္မွတ္ထားတာ ရွိရမွာေပါ့။အဲဒီလို သတ္မွတ္ထားတာ ရွိမွ မရွိဘဲနဲ႔ႏို႔တစ္လုံးဖိုးပဲ ေက်တယ္၊ႏွစ္လုံးဖိုးပဲ ေက်တယ္လို႔ ေျပာစရာ မရွိပါဘူး။

ဒီအေျပာေတြက မွန္ကန္တဲ့‌အေျပာေတြ မဟုတ္ဘူး။ဘာသာတရားေတာ္ ေတြထဲမွာတစ္ခါတစ္ရံက်ေတာ့မမွန္ကန္တဲ့ အေတြးေတြလည္းဝင္ေရာက္ လာတတ္တယ္ လို႔ပဲ ဆိုရပါမယ္။

ျမတ္စြာဘုရားရွင္ အဘိဓမၼာ ေဟာလို႔မယ္ေတာ္မိနတ္သား တရားထူးရၿပီးေသာတာပန္ ျဖစ္သြားတာဟာႏို႔ဖိုးတင္

မကပါဘူး၊ေက်းဇူး အကုန္လုံး ေက်ပါတယ္ လို႔ဒီလိုပဲ မွတ္ရပါမယ္။

ဘာျဖစ္လို႔တုံး ဆိုရင္ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္တိုင္ကေဟာထားတာ ရွိပါတယ္၊ဓမၼနဲ႔ ေက်းဇူးဆပ္လို႔ ရွိရင္ပညာမရွိတဲ့

မိဘ ပညာ ရွိလာေအာင္၊သဒၶါတရားမရွိတဲ့ မိဘ သဒၶါတရား ရွိလာေအာင္၊စြန႔္ႀကဲမႈမရွိတဲ့မိဘ စြန႔္ႀကဲမႈ ရွိလာေအာင္ဒီလို စြမ္းေဆာင္မႈ ေပးတယ္။

ဓမၼ ဘက္ကေန ေက်းဇူးဆပ္တယ္ ဆိုရင္ဒါဟာ ေက်းဇူးဆပ္ၿပီးသား ေရာက္တယ္၊သာမာန္အားျဖင့္ေကြၽးေမြးေစာင့္ေရွာက္၊

ျပဳ စု႐ုံနဲ႔ ကေတာ့ေက်းဇူး ေက်တယ္လို႔ ေျပာလို႔ မရဘူး တဲ့။

ဒီလိုပဲ ေဟာထားတာ ရွိပါတယ္၊ စာထဲမွာ ေနာ္။ဓမၼနဲ႔ ေက်းဇူးဆပ္ရင္လည္း ေက်တယ္ တဲ့၊ဒီလို ဆိုတယ္၊ဒါေၾကာင့္ ျမတ္စြာဘုရားရွင္က

ဓမၼနဲ႔ ဆပ္တာပဲေလ၊မယ္ေတာ္ရဲ႕ေက်းဇူး မေက်စရာဘာ အေၾကာင္းမွ မရွိပါဘူး။

ေက်းဇူးရွင္ ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီးေဒါက္တာအရွင္နႏၵမာလာဘိဝံသ

မူရင္းေရးသားပူေဇာ္သူကိုလည္းဂါရဝျပဳပါသည္။ကုသိုလ္ေကာင္းမႈမ်ားကိုမေမ့မေလ်ာ့ ျပဳ ႏိုင္ၾကပါေစ။

Crd