Unicode
နေ့စဉ်လမ်းလျှောက်ပြီးသကြားလုံးရောင်းနေရလို့ စက်ဘီးတစ်စီးဝယ်ချင်နေတဲ့အဘိုးအိုကို အခမဲ့လက်ဆောင်ပေးလိုက်တဲ့ ဆိုင်ပိုင်ရှင်
အဖိုးအိုတစ်ဦးက စားဝတ်နေရေးအတွက် သကြားလုံးများကို ရောင်းဖို့ Pasay မြို့မှ Makati မြို့သို့ နေ့တိုင်းလမ်းလျှောက်သွားခဲ့ပြီးမကြာသေးမီကဆိုင်တစ်ဆိုင်မှ
အခမဲ့စက်ဘီးတစ်စီးရရှိခဲ့ပါတယ် ။ ဒါပေမဲ့ထိုလက်ဆောင်နောက်ကွယ်ကအကြောင်းဟာလူများစွာရဲ့နှလုံးသားကို ထိမိခဲ့ပါတယ် ။ဖိလစ်ပိုင်နိုင်ငံက
အသက် ၈၇ နှစ်အရွယ် Carlo Samonte အမည်ရှိ အဖိုးအိုဟာ CARBS Motor / Bicycle ကုန်စုံဆိုင်မှာ သူဝယ်နိုင်မယ့် စက်ဘီးတစ်စီးရှိ မရှိမေးလာခဲ့ပါတယ် ။
သို့ပေမဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲ့ ဒေသခံအသိုင်းအဝိုင်းရဲ့တားမြစ်ချက်အမျိုးမျိုးတွေကြောင့်စက်ဘီးတွေရောင်းအားတက်ပြီး ဈေးကြီးနေပါတယ် ။
Carlo က သူ့မှာ Php2,000သာငွေရှိဒါကြောင့်ဆိုင်မှာရောင်းတဲ့စက်ဘီးရှိလားဆိုတာကနေ သူ့ရဲ့ Php2,000 အတွက်စက်ဘီးဝယ်လို့ရမလားဆိုတဲ့မေးခွန်းကို ပြောင်းပြီးမေးခဲ့ပါတယ် ။
ဒါ‌ပေမဲ့ ဆိုင်လက်ထောက်က သူ့ကို ထိုဈေးနှုန်းအတွက် စက်ဘီးမပေးနိုင်ခဲ့ပါဘူး ။
အဖိုးအိုဟာ နေ့တိုင်း နံနက်ခင်းအစားကြီး ထိုစက်ဘီးဆိုင်ကို ဖြတ်ပြီး လမ်းလျှောက်သွားကာ ည11pm ဝန်းကျင်မှာသာ အိမ်ပြန်လာရတာကို ထိုဆိုင်ပိုင်ရှင်
Fe Carandangအမြဲမြင်တွေ့နေရပါတယ် ။ထိုအခါမှာအဖိုးကိုမေးရန်ဆုံးဖြတ်ပြီး အဘိုးအိုဟာသကြားလုံးရောင်းဖို့ Pasay မြို့မှ Makati မြို့သို့နေ့စဉ်လမ်းလျှောက်နေကြောင်း သိရပြီးနောက် သူမလည်းဝမ်းနည်းမိပါတယ် ။
မုဆိုးမ Fe က သူ့ကလေးများနဲ့အတူ အဘိုးအိုကို စက်ဘီး အခမဲ့ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ နောက်တစ်နေ့တွင်အဘိုးက Php 2,000 ပေးသော်လည်း
Fe က အဘိုးရဲ့ Php2,000 ကို လက်ခံသော်ဘဲ အဘိုးကို ပြန်ပေးခဲ့ပါတယ် ။ သူတို့တောင်းဆိုနေတဲ့တစ်ခုတည်းသောငွေက အဘိုးအိုရဲ့ အပြုံးပါပဲ။
Carlo က ပျော်ရွှင်စွာ စက်ဘီးစီးနေစဉ် ဝန်ထမ်းများကသူ့စက်ဘီးကိုဘေးကင်းလုံခြုံစေရန်စက်ဘီးသော့ခတ်ပေးတဲ့အပြင် ဆိုင်ကသူ့အတွက်
အခမဲ့ခမောက်ကိုလည်း ပေးပါတယ် ။ အဘိုးအိုက Php2,000 အတွက် ဆိုင်ကယ်ဝယ်ဖို့ တောင်းနေပေမယ့် တကယ်တော့အဲဒါကို အခမဲ့ရခဲ့ပါတယ် ။
Crd
Zawgyi
Crd