
Unicode

သီချင်းနားထောင်နိုင်ပြီး ရေဒီယိုအသံလွှင့်ဌာနပေါင်း ၁၀၀ ကိုလည်း ချိတ်ဆက်နိုင်တဲ့ သစ်သားဆိုလာသုံးလျှပ်စစ်စက်ဘီးကိုတီထွင်ခဲ့တဲ့ ဆယ်ကျော်သက် (ရုပ်သံ)

သူ၏အရင်းအမြစ်များကအကန့်အသတ်ရှိနေသော်လည်း ထက်မြက်တဲ့ အသက် ၁၇နှစ်အရွယ် ဂါနာလူမျိုး Samuel Aboagye အမည်ရှိဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ

သစ်သားဘောင်တစ်ခုနှင့်နေရောင်ခြည်သုံးလျှပ်စစ်စက်ဘီးတစ်စီးကို တီထွင်ခဲ့ပါတယ်။ ၎င်းဆိုလာစွမ်းအင်သုံးစက်ဘီးတွင် အချက်ပြမီးများ၊ ဟွန်းတီးသံ

၊ တေးသီချင်းများနားထောင်နိုင်ပြီး Accra မြို့ရှိအသံလွှင့်ဌာနပေါင်း ၁၀၀ သို့ဆက်သွယ်နိုင်သလို ဘီးတပ်ထားတဲ့၎င်းလျှပ်စစ်စက်ဘီးဟာ ဖုန်းမကိုင်ဘဲဖုန်းခေါ်

ဆိုခြင်းကိုတောင် ဖြေကြားပေးနိုင်ပါတယ်။ J Country ,Tema Community 2 တွင်နေထိုင်တဲ့ Aboagye ဟာ ၎င်းလျှပ်စစ် Scooter ကိုတည်ဆောက်ရန် သူ့အားလှုံ့ဆော်ပေးခဲ့တဲ့အရာကိုလည်း ပြန်ပြောပြထားပါတယ်။

Aboagye က သူရဲ့နေအိမ်မှာ သစ်သားအတိုအစတွေအများကြီးရှိသလို အိမ်နီးချင်းများက ၎င်းကို ထင်းအဖြစ်သုံးကြကြောင်း ၊ တစ်နေ့မှာ သူက ၎င်းသစ်သားတွေကို

အခြားအရာတွေအတွက် သုံးနိုင်တယ်လို့ကိုယ့်ကိုကိုယ်တွေးခဲ့မိကြောင်း ပြောပြခဲ့ပါတယ်။ အစပိုင်းမှာတော့ Aboagye ဟာ သစ်သားဖြင့်ကားတစ်စီ

းတည်ဆောက်ရန်စိတ်ကူးခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် လျှပ်စစ် Scooter တစ်စီးကိုသာပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။

သစ်သားများ ၊ မိခင်၏အပ်ချုပ်စက်မှမော်တာနှင့်သူ၏စက်ဘီးဟောင်းမှအစိတ်အပိုင်းများကို အသုံးပြု၍ သူဟာ အခက်အခဲမရှိဘဲချောမွေ့စွာမောင်းနှင်နိုင်တဲ့လျှပ်စစ်စက်ဘီးတစ်စီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ Scooter ကိုတည်ဆောက်ပြီးနောက် လျှပ်စစ်မော်တာဝယ်ဖို့မတတ်နိုင်တာကြောင့် ဖုန်းဘက်ထရီအလုံး ၂၀ ဖြင့် ၎င်းကို စတင်မောင်းနှင်ခဲ့ပါတယ်။

သို့သော် စက်ဘီးစီးနေတဲ့သူ့ကိုတွေ့လိုက်တဲ့အခါ သဘောကောင်းတဲ့ဖြတ်သွားဖြတ်လာသူတစ်ဦးထံမှ ငွေသားအချို့ဖြင့်အကူအညီရရှိခဲ့ပါတယ်။

ထို့နောက် သူဟာ မော်တာဘက်ထရီတစ်လုံးကို ဝယ်ယူနိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍာန်ကို မထိခိုက်စေရုံသာမက လေထုညစ်ညမ်းခြင်း

ကဲ့သို့သောသဘာဝပတ်ဝန်းကျင်ပြဿနာများကိုဖြေရှင်းရာတွင်ကူညီရန် ရည်ရွယ်ခဲ့ပါတယ်။Aboagye က solar စွမ်းအင်ကို ရွေးချယ်ရခြင်းအကြောင်းအရင်းက

ရောဂါဖြစ်ပွါးစေတဲ့ပတ်ဝန်းကျင်ရှိ ကာဗွန်အောက်ဆိုဒ်ကို လျှော့ချရန်ဖြစ်ပြီး ၎င်း Scooterကို အီလက်ထရောနစ်စနစ်ဖြင့်အားသွင်းနိုင်ပြီး

နရောင်ခြည်အကူအညီဖြင့် အားသွင်းစရာမလိုဘဲ တစ်ပတ်တိတိ မောင်းနှင်နိုင်ကြောင်းဆိုပါတယ်။လျှပ်စစ်စက်ဘီးအပြင် အထက်တန်းကျောင်းသား

Aboagye ဟာ မောင်းသူမဲ့လေယာဉ်၊ အဝတ်လျှော်စက်၊ Bluetooth စပီကာနှင့်အီလက်ထရောနစ် veronica ပုံးတို့ကိုတည်ဆောက်ခဲ့ပါတယ်။

YEN.com.gh နှင့်အင်တာဗျူးတွင် Aboagye က သူဟာ Kantanka Automobile တည်ထောင်သူ Apostle Dr Kwadwo Safo Kantanka အား စံပြထားကြောင်း ဆိုခဲ့ပါတယ်။

ထို့ပြင် Aboagye ဟာ ကြီးပြင်းလာတဲ့အခါ Safo Kantanka လို ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ချင်ပြီး လူတွေကိုအလုပ်ခန့်တာ၊ ချို့တဲ့သူတွေရဲ့

လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးချင်ကြောင်း နှင့် အသက်ကြီးလာရင် Safo Kantanka လိုဖြစ်လာဖို့က သူ့ရဲ့တစ်ခုတည်းသောအိပ်မက်ဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

Crd

Vedio

Zawgyi




















Crd