၃.၃၅ မီတာျမင့္တဲ့ ေျခတံရွည္ကို ဝတ္ထားၿပီး ေရလႊာေလွ်ာစီးျခင္းျဖင့္ ကမာၻ႔စံခ်ိန္ကို တရားဝင္ခ်ိဳးႏိုင္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

Unicode

၃.၃၅ မီတာမြင့်တဲ့ ခြေတံရှည်ကို ဝတ်ထားပြီး ရေလွှာလျှောစီးခြင်းဖြင့် ကမ္ဘာ့စံချိန်ကို တရားဝင်ချိုးနိုင်ခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ရဲရင့်တဲ့အမျိုးသားတစ်ဦးက ခြေတံရှည်ဝတ်ထားစဉ် ရေလွှာလျှောစီးခြင်းဖြင့်ကမ္ဘာ့စံချိန်ကိုချိုးနိုင်ခဲ့ပါတယ် ။အသက် ၃၀ အရွယ်

Christopher Dens အမည်ရှိ အမျိုးသားဟာ ၃.၃၅ မီတာ မြင့်တဲ့ ခြေတံရှည်များဖြင့် ရေကန်ထဲ ရေလွှာလျှောစီးနေခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဝေမျှလာခဲ့ပါတယ် ။

အင်္ဂါနေ့ စက်တင်ဘာလ ၃၀ ရက်က ရိုက်ကူးထားတဲ့ မယုံနိုင်စရာ၎င်းဗီဒီယိုဖိုင်ဟာ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်၊ Hartley ရေကန်မှတဆင့် Christopher ရဲ့စွမ်းအားကို ပြသထားပါတယ် ။

ယခင်နှစ်မှာ Glen Sparry ဆိုတဲ့အမျိုးသာက ခြေတံရှည်နဲ့ ရေလွှာလျှောစီးခြင်းဖြင့် စံချိန်ချိုးခြင်းအတွက်တရားဝင်အသိအမှတ်ပြုခံရပေမဲ့လည်း

သူ့ရဲ့ခြေတံရှည်က Christopherထက် ၁၀စင်တီမီတာပိုတိုခဲ့ပါတယ်။ဒါ့ကြောင့် ယခု Minnesota ပြည်နယ်မှာ Christopher က Guinness World Records သို့ ဆက်သွယ်ရန်ရည်ရွယ်ထားပါတယ် ။

Christopher ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ထောင်နဲ့ ချီ များခဲ့ပြီး လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပါတယ် ။Christopher က“ခြေတံရှည်နဲ့က

အံ့သြဖို့ကောင်းတယ်၊ စိတ်လှုပ်ရှားစရာပဲ။ ဒါဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်ပါ၊ တော်တော်မြင့်တယ်” လို့ ဆိုခဲ့ပါတယ် ။ သူ့ရဲ့ အံ့သြစရာဗီဒီယိုဖိုင်ကိုလည်း ဝေမျှပေးထားပါတယ်

crd

Zawgyi

၃.၃၅ မီတာျမင့္တဲ့ ေျခတံရွည္ကို ဝတ္ထားၿပီး ေရလႊာေလွ်ာစီးျခင္းျဖင့္ ကမာၻ႔စံခ်ိန္ကို တရားဝင္ခ်ိဳးႏိုင္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ရဲရင့္တဲ့အမ်ိဳးသားတစ္ဦးက ေျခတံရွည္ဝတ္ထားစဥ္ ေရလႊာေလွ်ာစီးျခင္းျဖင့္ကမာၻ႔စံခ်ိန္ကိုခ်ိဳးႏိုင္ခဲ့ပါတယ္ ။အသက္ ၃၀ အ႐ြယ္

Christopher Dens အမည္ရွိ အမ်ိဳးသားဟာ ၃.၃၅ မီတာ ျမင့္တဲ့ ေျခတံရွည္မ်ားျဖင့္ ေရကန္ထဲ ေရလႊာေလွ်ာစီးေနခဲ့တဲ့ ဗီဒီယိုဖိုင္ကို ေဝမွ်လာခဲ့ပါတယ္ ။

အဂၤါေန႔ စက္တင္ဘာလ ၃၀ ရက္က ႐ိုက္ကူးထားတဲ့ မယုံႏိုင္စရာ၎ဗီဒီယိုဖိုင္ဟာ အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္၊ Hartley ေရကန္မွတဆင့္ Christopher ရဲ႕စြမ္းအားကို ျပသထားပါတယ္ ။

ယခင္ႏွစ္မွာ Glen Sparry ဆိုတဲ့အမ်ိဳးသာက ေျခတံရွည္နဲ႔ ေရလႊာေလွ်ာစီးျခင္းျဖင့္ စံခ်ိန္ခ်ိဳးျခင္းအတြက္တရားဝင္အသိအမွတ္ျပဳခံရေပမဲ့လည္း

သူ႔ရဲ႕ေျခတံရွည္က Christopherထက္ ၁၀စင္တီမီတာပိုတိုခဲ့ပါတယ္။ဒါ့ေၾကာင့္ ယခု Minnesota ျပည္နယ္မွာ Christopher က Guinness World Records သို႔ ဆက္သြယ္ရန္ရည္႐ြယ္ထားပါတယ္ ။

Christopher ရဲ႕ ဗီဒီယိုဖိုင္ကို ၾကည့္ရႈသူ ေထာင္နဲ႔ ခ်ီ မ်ားခဲ့ၿပီး လ်င္ျမန္စြာ ျပန္႔ႏွံ႔သြားခဲ့ပါတယ္ ။Christopher က“ေျခတံရွည္နဲ႔က

အံ့ၾသဖို႔ေကာင္းတယ္၊ စိတ္လႈပ္ရွားစရာပဲ။ ဒါဟာ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး အခိုက္အတန႔္ပါ၊ ေတာ္ေတာ္ျမင့္တယ္” လို႔ ဆိုခဲ့ပါတယ္ ။ သူ႔ရဲ႕ အံ့ၾသစရာဗီဒီယိုဖိုင္ကိုလည္း ေဝမွ်ေပးထားပါတယ္

crd