Unicode
BBQ သွားစားရင်းနဲ့ ဘတ် ၁ သန်းတန် ပုလဲလုံးကို ဟင်းပွဲထဲကနေ ရှာတွေ့ပြီးချမ်းသာသွားခဲ့တဲ့ ထိုင်းစုံတွဲ
ကမ္ဘာပေါ်မှာ ရှားပါးလွန်းတဲ့ ပုလဲတစ်လုံးကို ကံအလွန်ကောင်းတဲ့ ထိုင်းစုံတွဲတစ်တွဲဟာ ဟင်းလျာထဲ ကနေ ရှာဖွေတွေ့ရှိကာ ပိုင်ဆိုင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့တုန်းက အသက် ၂၇ နှစ်အရွယ် ချစ်သူမိန်းကလေး ပတ် ဂျာ ရီယာနဲ့ စစ်တီ ဒိတ် ချိုင်ဝမ်တို့ သမီးရည်းစားနှစ်ဦးဟာ
ချစ်သူမိန်းကလေးရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ ထိုင်းမြောက်ပိုင်း ပါယို ပြည်နယ်က စားသောက်ဆိုင်မှာ BBQ သွားစားရင်းနဲ
့ ပင်လယ်စာဟင်းပွဲထဲမှာ ပါလာတဲ့ အလွန်တန်ဖိုးကြီးမားတဲ့ ဘတ် ၁ သန်းတန် မီလို ပုလဲကို ရှာတွေ့သွားခဲ့တာ ဖြစ်ပါတယ်။
မိန်းကလေးဟာ ဝါးစားဖို့ အလွန်ခဲယဉ်းတဲ့ ပင်လယ်စာတွေကို စားသောက်နေရင်း ပုလဲနဲ့ တူတဲ့ ကျောက်တုံး တစ်တုံးကို မြိုချလုနီးပါးမှာ မမြိုချခဲ့ပဲနဲ့ ထွေးထုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
မီလို ပုလဲနဲ့ ဆင်တူတာကြောင့် အတူ သုံးဆောင်နေတဲ့ သူငယ်ချင်းတွေကတောင် သန်းကြွယ်သူဌေးဖြစ်နိုင်တယ်လို့ အရွှန်း ဖောက်ပြောဆို ခဲ့ကြပါတယ်
။နောက်ပိုင်းမှာ အင်တာနက်ပေါ် သတင်းအချက်အလက်ရှာဖွေပြီး သြဂုတ်လ ၁၉ ရက်နေ့မှာ ချင်းမိုင်က ဓာတုဗေဒ စမ်းသပ်ခန်းသို့ ပို့ချိန်မှာတော့
တကယ်ပဲ ဘတ် ၁ သန်းကျော်တန် မီလို ပုလဲ အစစ်ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ဝမ်းသာပျော်ရွှင်နေကြတဲ့ ချစ်သူနှစ်ဦးဟာ ပုလဲဝယ်ယူဖို့
စိတ်ဝင်စားသူတိုင်း သူ့ရဲ့ ဖေ့ဘွတ် အကောင့်ကနေ တဆင့် ဝယ်ယူနိုင်တယ်လို့ ကြေညာခဲ့ပြီး ပုလဲရောင်းချပြီးပါက မိသားစုရဲ့ ငွေကြေးပြဿနာတွေ ဖြေရှင်းဖို့ အသုံးပြုမယ်လို့ ဆိုပါတယ်။
crd
Zawgyi
crd