သန်းရာနဲ့ချီပြီးချမ်းသာတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ်ကို အလည်သွားခဲ့ရာမှ အံ့အားသင့်စရာတွေနဲ့ ကြုံခဲ့ရသော လူငယ်တစ်ဦး

Unicode

သန့်ရှင်းရေးသည်လည်း လူတိုင်းအတွက် အရေးပါသလို အိမ်တွေမှာလည်း မိသားစုအလိုက် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြပြီး အများစုကတော့ ချမ်းသာသည့်အိမ်တွေက ပိုပြီးတော့ သန့်ပြန့်ကာ သန့်ရှင်းတတ်ကြသည်။

သို့ပေမယ့် ထိုင်ဝမ်နိုင်ငံမှ လူငယ်တစ်ဦးသည် သန်းရာနဲ့ချီပြီး ချမ်းသာသော သူငယ်ချင်းတစ်ဦးရဲ့ အိမ်ကို အလည်သွားခဲ့ရာ

မထင်မှတ်ထားတဲ့အခြေအနေကိုမြင်ပြီး ထွက်ပြေးချင်စိတ်ပင်ပေါက်ခဲ့ရကြောင်း လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

သူငယ်ချင်းဖြစ်သူသည် အိမ်ခြံမြေကွက်များစွာ ပိုင်ဆိုင်ပြီး ဘဏ်မှာလည်းငွေမြောက်မြားစွာ သိမ်းဆည်းထားကာ လစဉ်အတိုးငွေတွေနဲ့ပင် အလုပ်လုပ်စရာမလိုပဲ အေးဆေးထိုင်စားခဲ့သည်။

သူငယ်ချင်းဖြစ်သူသည် အိမ်မှာတစ်ယောက်တည်းနေကာ သန့်ရှင့်ရေးလည်းတစ်ခါမှ မလုပ်ပဲ အိပ်ရာပေါ်မှာတင် စားသောက်ကာ

အမှိုက်များလည်းမပစ်ပဲ ကိုယ်တိုင်က ပျင်းရိစွာနေခဲ့ပြီး အလုပ်သမားကိုဌားပြီး သန့်ရှင်းခိုင်းတာမျိုးလည်း မရှိခဲ့သည့်အတွက် အခန်းကအမှိုက်ပုံကြီးဖြစ်နေသော်လည်း ထိုအခန်းမှာပဲနေထိုင်နိုင်ခြင်းက အံ့အားသင့်စရာကောင်းလှသည်။

Rain (For Ialinks)

Crd

Zawgyi







Rain (For Ialinks)

Crd