လူသားေတြလိုပင္ ကိုယ္ပိုင္ဝါသနာတစ္ခုရွိေနၿပီး တုတ္ေခ်ာင္းေတြစုေဆာင္းရတာကို ႀကိဳက္ႏွစ္သက္တဲ့ ေခြးေလး

Unicode

ကျွန်တော်တို့ လူသားအားလုံးတွေမှာ ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ ဝါသနာကိုယ်စီရှိနေကြသလို တိရိစ္ဆာန်လေးတွေမှာလဲ ကိုယ်စီဝါသနာလေးတွေရှိနေတတ်ပါတယ်။

”ကမ္ဘာ့အကောင်းဆုံးကောင်လေး”လို့ လူသိများတဲ့ အမေရိကန်နိုင်ငံက အသက် ၄နှစ်အရွယ် Bruce လို့ခေါ်တဲ့golden retriever

ခွေးလေးကတော့ တုတ်ချောင်းတွေစုဆောင်းရတာကို ချစ်မြတ်နိုးနေတာပါ။သူဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက စုဆောင်းနေခဲ့ပေမဲ့

သခင်ဖြစ်သူ Leo Icenhourက တလောမှ တုတ်ချောင်းတွေနဲ့ထိုင်နေတဲ့သူ့ဓာတ်ပုံကို social media ပေါ်မှာ မျှဝေခဲ့တာကြောင့် အခုတော့ Bruceဟာ လူအများရဲ့အချစ်တွေကို အပုံကြီးခံနေရပါတယ်။

Bruceဟာ ဆောင်းရာသီ သူ့အိမ်ပတ်လည်ကနှင်း၁၂လက်မလောက်ထူတဲ့နေရာမှရတဲ့ တုတ်ချောင်းတစ်ချောင်းကိုစတင်စုဆောင်းခဲ့တာပါ။

တုတ်ချောင်းကို အပြင်သွားတိုင်းကိုယ်နဲ့မကွာယူသွားတာကြောင့် ညနေခင်းတစ်ညမှာ သူ့တုတ်ချောင်း ပျောက်သွားခဲ့ပြီးနောက်

မနက်ရောက်တိုင်း သူ့သခင်နဲ့အပြင်ထွက်ရင်း တုတ်ချောင်းကို အမြဲ မဆုတ်မနစ်ရှာဖွေနေခဲ့ပါတယ်။ နှင်းတွေထူထပ်နေတော့ သူဟာ တုတ်ချောင်းကို ရှာမတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ နေရောင်ခြည်ဒဏ်ကြောင့် နှင်းတွေအရည်ပျော်လာတဲ့တစ်နေ့မှာတော့ အိမ်အနီးက မြေနေရာတစ်နေရာမှာ သူ့ရဲ့ရွှေလို အဖိုးတန်တဲ့တုတ်ကို တူးဖော်တွေ့ရှိခဲ့ရပါတယ်တဲ့။

ဒါပေမဲ့ တုတ်ချောင်းနဲ့ကစားရင်း မတော်တဆထိခိုက်ကာ ဝမ်းဗိုက်ဒဏ်ရာရသွားပြီးနောက်မှာတော့ အချောင်းပေါင်း၅၀ကျော်ရှိနေပြီဖြစ်တဲ့

တုတ်ချောင်းတွေနဲ့ မကစားနိုင်တော့ဘဲ အလှသိမ်းထားဖို့အတွက်သာ စုဆောင်းခဲ့ရပါတယ်။ အခုတော့ Bruceဟာ

သူ့ဝါသနာကို ဧည့်သည်တွေ လာရောက်ကြည့်ရှုနိုင်ဖို့ သူ့အိမ်အပြင်ဘက်ဝရံတာမှာ အမြဲခင်းကျင်းပြသထားနေပါတယ်။

crd

Zawgyi

ကြၽန္ေတာ္တို႔ လူသားအားလုံးေတြမွာ ကြၽန္ေတာ္တို႔ႀကိဳက္ႏွစ္သက္တဲ့ ဝါသနာကိုယ္စီရွိေနၾကသလို တိရိစာၦန္ေလးေတြမွာလဲ ကိုယ္စီဝါသနာေလးေတြရွိေနတတ္ပါတယ္။

”ကမာၻ႔အေကာင္းဆုံးေကာင္ေလး”လို႔ လူသိမ်ားတဲ့ အေမရိကန္ႏိုင္ငံက အသက္ ၄ႏွစ္အ႐ြယ္ Bruce လို႔ေခၚတဲ့golden retriever

ေခြးေလးကေတာ့ တုတ္ေခ်ာင္းေတြစုေဆာင္းရတာကို ခ်စ္ျမတ္ႏိုးေနတာပါ။သူဟာ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက စုေဆာင္းေနခဲ့ေပမဲ့

သခင္ျဖစ္သူ Leo Icenhourက တေလာမွ တုတ္ေခ်ာင္းေတြနဲ႔ထိုင္ေနတဲ့သူ႔ဓာတ္ပုံကို social media ေပၚမွာ မွ်ေဝခဲ့တာေၾကာင့္ အခုေတာ့ Bruceဟာ လူအမ်ားရဲ႕အခ်စ္ေတြကို အပုံႀကီးခံေနရပါတယ္။

Bruceဟာ ေဆာင္းရာသီ သူ႔အိမ္ပတ္လည္ကႏွင္း၁၂လက္မေလာက္ထူတဲ့ေနရာမွရတဲ့ တုတ္ေခ်ာင္းတစ္ေခ်ာင္းကိုစတင္စုေဆာင္းခဲ့တာပါ။

တုတ္ေခ်ာင္းကို အျပင္သြားတိုင္းကိုယ္နဲ႔မကြာယူသြားတာေၾကာင့္ ညေနခင္းတစ္ညမွာ သူ႔တုတ္ေခ်ာင္း ေပ်ာက္သြားခဲ့ၿပီးေနာက္

မနက္ေရာက္တိုင္း သူ႔သခင္နဲ႔အျပင္ထြက္ရင္း တုတ္ေခ်ာင္းကို အၿမဲ မဆုတ္မနစ္ရွာေဖြေနခဲ့ပါတယ္။ ႏွင္းေတြထူထပ္ေနေတာ့ သူဟာ တုတ္ေခ်ာင္းကို ရွာမေတြ႕ခဲ့ပါဘူး။

ဒါေပမဲ့ ေနေရာင္ျခည္ဒဏ္ေၾကာင့္ ႏွင္းေတြအရည္ေပ်ာ္လာတဲ့တစ္ေန႔မွာေတာ့ အိမ္အနီးက ေျမေနရာတစ္ေနရာမွာ သူ႔ရဲ႕ေ႐ႊလို အဖိုးတန္တဲ့တုတ္ကို တူးေဖာ္ေတြ႕ရွိခဲ့ရပါတယ္တဲ့။

ဒါေပမဲ့ တုတ္ေခ်ာင္းနဲ႔ကစားရင္း မေတာ္တဆထိခိုက္ကာ ဝမ္းဗိုက္ဒဏ္ရာရသြားၿပီးေနာက္မွာေတာ့ အေခ်ာင္းေပါင္း၅၀ေက်ာ္ရွိေနၿပီျဖစ္တဲ့

တုတ္ေခ်ာင္းေတြနဲ႔ မကစားႏိုင္ေတာ့ဘဲ အလွသိမ္းထားဖို႔အတြက္သာ စုေဆာင္းခဲ့ရပါတယ္။ အခုေတာ့ Bruceဟာ

သူ႔ဝါသနာကို ဧည့္သည္ေတြ လာေရာက္ၾကည့္ရႈႏိုင္ဖို႔ သူ႔အိမ္အျပင္ဘက္ဝရံတာမွာ အၿမဲခင္းက်င္းျပသထားေနပါတယ္။

crd