သိန္းရာခ်ီေခၚတဲ့ ေက်ာက္စိမ္း ဆိုၿပီး ႏွစ္ေထာင္တန္ သြားတိုက္ေဆးနဲ႔ ဂ်င္းထည့္သြားတဲ့ ျဖစ္ရပ္

Unicode

သိန်းရာချီခေါ်တဲ့ ကျောက်စိမ်း ဆိုပြီး နှစ်ထောင်တန် သွားတိုက်ဆေးနဲ့ ဂျင်းထည့်သွားတဲ့ ဖြစ်ရပ်

သိန်းရာချီ၊ ထောင်ချီတန်တဲ့ ကျောက်စိမ်းတုံးပုံစံအဖြစ် ကျောက်သားထဲ သွားတိုက်ဆေးတွေ ထည့် ဖန်တီးထားတဲ့ ကျောက်တုံးတွေကို ကျောက်စိမ်းဈေးကွက်အတွင်း လိမ်လည်ရောင်းချမှုတွေရှိ နေတယ်လို့ ကျောက်စိမ်း ရောင်း၊ ဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။

“ဂျင်းထည့်ရောင်းတာပေါ့။ မီးထောက်ရင် အရည်အပြည့်ပဲ။ မျက်မြင်ဝယ်သူတွေ ကိုယ်တိုင် ခံနေ ရတာ။ အခုက ဒီလို့ သွားတိုက်ဆေးတွေထည့် ကော်တွေနဲ့ပြန်ကပ်ပြီး ဂျင်းထည့်ရောင်းတာတွေ ပို များလာတော့ ကျောက်ရောင်း ဝယ်သူတွေ အထူးသတိထားသင့်တယ်။

ဒီကျောက်အတုက မန်းနေရာ ပိုသိသာတယ်။ ထုလိုက်ရင် အသံက ကွဲတယ်။”လို့ ရန်ကုန်မြို့တွင်း ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

အခုလို အရည်အသွေးကောင်းတဲ့ တန်ဖိုးကြီးကျောက်စိမ်းတုံးပုံစံ သွားတိုက်ဆေးတွေထည့်၊ ကော်ကပ်ဖန်တီး ထားတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ကျပ် ၁၅ သိန်းပေးပြီး မျက်မြင်ဝယ်ယူခဲ့ သူ တစ်ဦးကလည်း ဝယ်ပြီးမှ ကျောက်စိမ်းအတုမှန်းသိခဲ့ရတယ်လို့ လူမှုကွန်ရက်မှာ စက်တင်ဘာလ ၅ ရက်၊

ညပိုင်းက ရုပ်သံဖိုင်နဲ့အတူ ပြောထားတာတွေ့ရပါတယ်။အဲဒီရုပ်သံဖိုင်ထဲမှာဆိုရင် ဝယ်ထားတဲ့ ကျောက်စိမ်းအတုကို တူနဲ့ ခွဲပြခဲ့ပြီး ကျောက်သားထဲက အစိမ်းရောင် သွားတိုက်ဆေးတွေနဲ့အတူ ကျောက်ဖြတ်စတွေ၊ ကပ်ထားတဲ့ကော်တွေနဲ့ မြေကြီးတချို့ ထွက်ကျလာတာကို တွေ့ရပါတယ်။

“သွားတိုက်ဆေးနံ့က မွှေးနေတာပဲ။ ဗဟုသုတပေါ့ဗျာ။ ၁၅ သိန်းဖိုး ပညာရတာပေါ့။ အခွံတွေ ကအစ လုံးဝအတုပဲ။ သဘာဝအခွံကို မရှိဘူး။ ကော်ပေါ်မှာ သွားတိုက်ဆေးထည့်ပြီး မီးထောက်ရင် စိမ်းခံလေးကောင်း အောင်လုပ်ထားတာ။ ရူးတောင် ရူးသွားဦးမယ်။ သဘာဝတရားကြီးကို လွန်ဆန်ပြီး လုပ်ထား ကြတယ်။

အနီးကပ်ကိုယ်တိုင်ကြည့်ပြီး ဝယ်တာတောင် အဲလိုဖြစ်တယ်ဆိုတော့ အဝေးက နေ၊ ဖုန်းကနေတဆင့် ဝယ်တဲ့သူများ သတိထားကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ ကျောက်အတုကို ခွဲပြ ခဲ့တဲ့ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူက သတိပေးထားပါတယ်။

ဒီနောက်ပိုင်း လူမှုကွန်ရက်ကနေတဆင့် ပိုစ့်တင်၊ လိုက်ဖ် လွှင့်ပြီး ကျောက်စိမ်း၊ ကျောက်သားရောင်း ချမှု၊ ရေမဆေးကျောက်ရောင်းချမှုတွေ တွင်ကျယ်လာသလို အလိမ်ခံရမှုတွေလည်း ပိုများလာနေတဲ့ အတွက် ဒီလိုအွန်လိုင်းက ရောင်းချမှုတွေကို ဝယ်ယူရာမှာ အထူးသတိထားကြဖို့၊ ဖြစ်နိုင်ရင်

မျက်မြင် ဝယ်ကြဖို့ ကျောက်စိမ်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေက သတိပေးထားကြကို ခပ်စိပ်စိပ်တွေ့လာရ ပါတယ်။ လီလီယခုလို ကာလမျိုးမှာ အတုလုပ်၊ ဂျင်းထည့်တဲ့သူတွေ များလာပြီး တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကိုတောင် ဂျင်းထည့်နေကြတော့

ကျောက်စိမ်းကဲ့သို့ တန်ဖိုးကြီး ပစ္စည်းများကို အဝေးက အရောင်းအဝယ်လုပ်သူများ အထူး သတိထား သင့်တယ်လို့ အကြံပြုလိုက်ပါရစေခင်ဗျာ။

Crd

Zawgyi

သိန္းရာခ်ီေခၚတဲ့ ေက်ာက္စိမ္း ဆိုၿပီး ႏွစ္ေထာင္တန္ သြားတိုက္ေဆးနဲ႔ ဂ်င္းထည့္သြားတဲ့ ျဖစ္ရပ္

သိန္းရာခ်ီ၊ ေထာင္ခ်ီတန္တဲ့ ေက်ာက္စိမ္းတုံးပုံစံအျဖစ္ ေက်ာက္သားထဲ သြားတိုက္ေဆးေတြ ထည့္ ဖန္တီးထားတဲ့ ေက်ာက္တုံးေတြကို ေက်ာက္စိမ္းေစ်းကြက္အတြင္း လိမ္လည္ေရာင္းခ်မႈေတြရွိ ေနတယ္လို႔ ေက်ာက္စိမ္း ေရာင္း၊ ဝယ္ေရးလုပ္ကိုင္သူေတြဆီက သိရပါတယ္။

“ဂ်င္းထည့္ေရာင္းတာေပါ့။ မီးေထာက္ရင္ အရည္အျပည့္ပဲ။ မ်က္ျမင္ဝယ္သူေတြ ကိုယ္တိုင္ ခံေန ရတာ။ အခုက ဒီလို႔ သြားတိုက္ေဆးေတြထည့္ ေကာ္ေတြနဲ႔ျပန္ကပ္ၿပီး ဂ်င္းထည့္ေရာင္းတာေတြ ပို မ်ားလာေတာ့ ေက်ာက္ေရာင္း ဝယ္သူေတြ အထူးသတိထားသင့္တယ္။

ဒီေက်ာက္အတုက မန္းေနရာ ပိုသိသာတယ္။ ထုလိုက္ရင္ အသံက ကြဲတယ္။”လို႔ ရန္ကုန္ၿမိဳ႕တြင္း ေက်ာက္စိမ္းအေရာင္းအဝယ္ လုပ္ကိုင္ေနသူတစ္ဦးကေျပာပါတယ္။

အခုလို အရည္အေသြးေကာင္းတဲ့ တန္ဖိုးႀကီးေက်ာက္စိမ္းတုံးပုံစံ သြားတိုက္ေဆးေတြထည့္၊ ေကာ္ကပ္ဖန္တီး ထားတဲ့ ေက်ာက္စိမ္းတုံး တစ္တုံးကို က်ပ္ ၁၅ သိန္းေပးၿပီး မ်က္ျမင္ဝယ္ယူခဲ့ သူ တစ္ဦးကလည္း ဝယ္ၿပီးမွ ေက်ာက္စိမ္းအတုမွန္းသိခဲ့ရတယ္လို႔ လူမႈကြန္ရက္မွာ စက္တင္ဘာလ ၅ ရက္၊

ညပိုင္းက ႐ုပ္သံဖိုင္နဲ႔အတူ ေျပာထားတာေတြ႕ရပါတယ္။အဲဒီ႐ုပ္သံဖိုင္ထဲမွာဆိုရင္ ဝယ္ထားတဲ့ ေက်ာက္စိမ္းအတုကို တူနဲ႔ ခြဲျပခဲ့ၿပီး ေက်ာက္သားထဲက အစိမ္းေရာင္ သြားတိုက္ေဆးေတြနဲ႔အတူ ေက်ာက္ျဖတ္စေတြ၊ ကပ္ထားတဲ့ေကာ္ေတြနဲ႔ ေျမႀကီးတခ်ိဳ႕ ထြက္က်လာတာကို ေတြ႕ရပါတယ္။

“သြားတိုက္ေဆးနံ႔က ေမႊးေနတာပဲ။ ဗဟုသုတေပါ့ဗ်ာ။ ၁၅ သိန္းဖိုး ပညာရတာေပါ့။ အခြံေတြ ကအစ လုံးဝအတုပဲ။ သဘာဝအခြံကို မရွိဘူး။ ေကာ္ေပၚမွာ သြားတိုက္ေဆးထည့္ၿပီး မီးေထာက္ရင္ စိမ္းခံေလးေကာင္း ေအာင္လုပ္ထားတာ။ ႐ူးေတာင္ ႐ူးသြားဦးမယ္။ သဘာဝတရားႀကီးကို လြန္ဆန္ၿပီး လုပ္ထား ၾကတယ္။

အနီးကပ္ကိုယ္တိုင္ၾကည့္ၿပီး ဝယ္တာေတာင္ အဲလိုျဖစ္တယ္ဆိုေတာ့ အေဝးက ေန၊ ဖုန္းကေနတဆင့္ ဝယ္တဲ့သူမ်ား သတိထားၾကဖို႔ ေမတၱာရပ္ခံပါတယ္။”လို႔ ေက်ာက္အတုကို ခြဲျပ ခဲ့တဲ့ ေက်ာက္စိမ္းေရာင္းဝယ္ေရး လုပ္ကိုင္သူက သတိေပးထားပါတယ္။

ဒီေနာက္ပိုင္း လူမႈကြန္ရက္ကေနတဆင့္ ပိုစ့္တင္၊ လိုက္ဖ္ လႊင့္ၿပီး ေက်ာက္စိမ္း၊ ေက်ာက္သားေရာင္း ခ်မႈ၊ ေရမေဆးေက်ာက္ေရာင္းခ်မႈေတြ တြင္က်ယ္လာသလို အလိမ္ခံရမႈေတြလည္း ပိုမ်ားလာေနတဲ့ အတြက္ ဒီလိုအြန္လိုင္းက ေရာင္းခ်မႈေတြကို ဝယ္ယူရာမွာ အထူးသတိထားၾကဖို႔၊ ျဖစ္ႏိုင္ရင္

မ်က္ျမင္ ဝယ္ၾကဖို႔ ေက်ာက္စိမ္းေရာင္းဝယ္ေရး ကြၽမ္းက်င္သူေတြက သတိေပးထားၾကကို ခပ္စိပ္စိပ္ေတြ႕လာရ ပါတယ္။ လီလီယခုလို ကာလမ်ိဳးမွာ အတုလုပ္၊ ဂ်င္းထည့္တဲ့သူေတြ မ်ားလာၿပီး တန္ဖိုးနည္းတဲ့ ပစၥည္းေတြကိုေတာင္ ဂ်င္းထည့္ေနၾကေတာ့

ေက်ာက္စိမ္းကဲ့သို႔ တန္ဖိုးႀကီး ပစၥည္းမ်ားကို အေဝးက အေရာင္းအဝယ္လုပ္သူမ်ား အထူး သတိထား သင့္တယ္လို႔ အႀကံျပဳလိုက္ပါရေစခင္ဗ်ာ။

Crd