မႏၲေလးမွာသာ ၾကားရေလ့ရွိတဲ့ ထူးျခားတဲ့အသုံးအႏႈန္း (၁၀) မ် ဳိ း

Unicode

မန္တလေးမှာသာ ကြားရလေ့ရှိတဲ့ ထူးခြားတဲ့အသုံးအနှုန်း (10) ခု

ဒီနေ့မှာတော့ မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း(10)မျိုး ကို ရှင်းပြချင်လို့ပါ။

ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။

(၁) မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်း မမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစား အများကြီးရှိလို့ပါပဲ။ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလားဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ် အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

မန္တလေးမုန့်တီ စားမယ်ဆိုရင် နန်းသေး= 0.1 – 0.2 cm၊ နန်းလတ်=0.4 – 0.5 cm၊ နန်းကြီး = 0.7 – 0.8 cm ဆိုပြီး ဆိုဒ်အရွယ်အစား (3) မျိုး ရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့ခိုတောင်နန်းလို့ ခေါ်တဲ့ 0.3 – 0.4 cm ဆိုဒ်ကို အများဆုံး အသုံးပြုပါတယ်။

ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ် စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီ အမျိုးအစားနဲ့ နန်း အမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

(၂) မုန့်ဟင်းခါး သောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါး သုံးဆောင်တာကို “မုန့်ဟင်းခါး စားတယ်” လို့ မသုံးနှုန်းဘဲ “ မုန့်ဟင်းခါး သောက်တယ် ” လို့ သုံးကြပါတယ်။

မန္တလေးရဲ့ မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည် မပျစ်၊ ငါးအဖတ် မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ် နည်းနည်းနဲ့ ချက်ကြတာမို့ “သောက်တယ်”လို့ သုံးကြတာ ဖြစ်ပါတယ်။

(၃) မန္တလေး ထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်း တစ်ပွဲပေးပါလို့ မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့ နယ်ထားပြီး မြေပဲဆံ ဖြူးထားတဲ့ အသားကြော်၊ အသားကင် များများပါတဲ့ ထမင်းတစ်ပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက် ကြော်ထားတာမျိုး တွေ့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် မန္တလေးမှာ ထမင်းပေါင်း မှာစားရင် မန္တလေးထမင်းပေါင်းလားရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့ လိုပါလိမ့်မယ်နော်။

(၄) တိုရ / ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက “တိုရ ထည့်မလား” လို့ ပြန်မေးတတ်ကြပါတယ်။ “တိုရ”ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။

ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့ အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုးပါ။ မြီးရှည်ဆိုတဲ့စကားလုံးကိုကတရုတ်လို 米線(Mǐxiàn) “မီရှန့်”ကနေ ဆင်းသက် လာတာပါ။

ဒါကြောင့် မြီးရှည်ထဲ ထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá) ”တို့ရာ” ကနေ ဆင်းသက်လာပြီး မြန်မာလို “တိုရ” ဖြစ်သွားပါတယ်။

(၅) ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေက ရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာ တာပါပဲ။

ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေ အမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာ ဖြစ်ပါတယ်။(Gaajar Root)= ခါကျက်ဥ၊ (Aloo)= အာလူး၊ (Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပေါ့

(၆) ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှ မပါတဲ့ မလိုင်စစ်စစ် တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ ဒူးရင်းသီးမပါတာလဲ မေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။

ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး…Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကိုအလွယ်တကူ ခေါ်တဲ့ စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့ လိုပါတယ်နော်။

(၇) Co Co / ခေါခေါ

မန္တလေးမြို့အနှံမှာ တွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများ ကို မန္တလေးသူ မန္တလေးသားများက “ခေါခေါ” လို့သာ ခေါ်ကြပါတယ်။တခြားမြို့က လာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ ခေါ်ရသလဲဆိုတာကလည်းသမိုင်းကြောင်း ရှိပါတယ်။

Co Co ဟာ မူလက “ခေါခေါ” ဆိုတဲ့ နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀) ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ဒီဆိုင်ကို ခေါခေါ လို့သာ လူသိ များခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့ နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့ အတိုင်း ခေါခေါလို့သာ ဆက်လက် ခေါ်ဆိုနေကြခြင်း ဖြစ်ပါတယ်။

(၈) တပြ၊ နှစ်ပြ

နေရာ တစ်ခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင်ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ “ပြ” ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ

မင်းတုန်းမင်း လက်ထက်ကတည်းက မြနန်းစံကျော် ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအို းတစ်ခုစီတိုင်းနဲ့ တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။လေးထောင့် မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂) ခု အတိအကျ ခွဲထားတာမို့

ပြအိုးတစ်ခုနဲ့ တစ်ခုဟာ တာ(၅၀) ကွာဝေး ပါတယ်။ အခုခေတ် အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀) ဝန်းကျင်ပါ။ဒါကြောင့် ပြအိုး တခုခြားတိုင်း လမ်းတခု ရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက် ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို

နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကို အနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ် – ညာ မသုံးဘဲ အရှေ့၊အနောက်၊ တောင်၊ မြောက်ကို ရည်ညွှန်း ပြောတတ်ကြပါတယ်။

(၉) ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို “ကြီး” ထည့်ပြီး ဘာလို့ ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩ ဖြစ်တတ် ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစ ကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုး ရှိခဲ့လို့ပါပဲ။

မနှင်းဆီ ရထားဟာ ဈေးချို – မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေ အဓိကသယ်ဆောင်ပါတယ်။ ဘူတာလေးဟာယခုမန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ 1920 ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့ မရှိတော့ပါဘူး။

လမ်း(30) -(78) လမ်းဆုံမှာ တည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားကြီးများ ဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။

ဘူတာ နှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ဘူတာလေးလို့ ခွဲခြား ခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို “ဘူတာကြီး”လို့ပဲ ဆက်လက် ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

(၁၀) ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် “ ကျွန်တော်/ ကျနော်” ဆိုတဲ့ နာမ်စား သုံးလေ့ ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် “ကျွန်တော်…ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ” ဆိုပြီး ထည့်သွင်း ဖွဲ့ဆိုခဲ့ပါတယ်။

နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီး ခင်သန်းနု(ထား)က မန္တလေးဆန်တဲ့ “ကျွန်တော်” ဆိုတဲ့ နာမ်စား ထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည် ဖြုတ်ချ ခဲ့ဖူးပါတယ်။

ကျွန်တော်ဆိုတဲ့ နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာ ယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော အမျိုးသမီးရော အသုံးပြုတဲ့ နာမ်စား ဖြစ်ပါတယ်။

မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံး စိုးစံခဲ့တဲ့ မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကို နှိမ့်ချ သုံးနှုန်းတာပါ။

ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ် မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့ စကားကို ဒီနေ့ထိ အမျိုးသားရော အမျိုးသမီးပါ ဆက်လက် သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

မသိသေးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင်လည်း ယဉ်နှောင်းရဲ့ ဒီစာလေးကို share ပေးလို့ရပါတယ်နော်…။

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

မႏၲေလးမွာသာ ၾကားရေလ့ရွိတဲ့ ထူးျခားတဲ့အသုံးအႏႈန္း (10) ခု

ဒီေန႔မွာေတာ့ မႏၲေလးကို အလည္လာၾကသူေတြ၊ မႏၲေလးကို အသစ္လာေရာက္အေျခခ်ေနထိုင္သူေတြ နားမရွင္း၊မ်က္စိရႈပ္တတ္တဲ့ အသုံးအႏႈန္း(10)မ်ိဳး ကို ရွင္းျပခ်င္လို႔ပါ။

ဒီ post ေလးကို အစအဆုံးဖတ္ၿပီးရင္ ဘာလို႔ဒီလိုေခၚတယ္ဆိုတဲ့အသုံးအႏႈန္းေလးေတြကို သိသြားၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

(၁) မုန႔္တီ

မႏၲေလးမွာ မုန႔္တီစားရင္ နန္းႀကီးသုပ္စားမယ္လို႔ တခါတည္း မမွာၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေ႐ြးခ်ယ္စရာ မုန႔္တီအမ်ိဳးအစား အမ်ားႀကီးရွိလို႔ပါပဲ။ၾကက္သားႏိုင္းခ်င္း၊ ငါးဖယ္လုံးေတြနဲ႔ မႏၲေလးမုန႔္တီလားေဂၚဖီဖတ္၊ ဗယာေၾကာ္ေတြနဲ႔ ေစးေနေအာင္သုပ္ထားတဲ့ ခိုေတာင္မုန႔္တီလားဆိုၿပီး ေ႐ြးခ်ယ္ႏိုင္သလို မုန႔္တီဖတ္ အ႐ြယ္အစားကိုလည္း ေ႐ြးခ်ယ္ႏိုင္ပါတယ္။

မႏၲေလးမုန႔္တီ စားမယ္ဆိုရင္ နန္းေသး= 0.1 – 0.2 cm၊ နန္းလတ္=0.4 – 0.5 cm၊ နန္းႀကီး = 0.7 – 0.8 cm ဆိုၿပီး ဆိုဒ္အ႐ြယ္အစား (3) မ်ိဳး ေ႐ြးခ်ယ္ႏိုင္ၿပီး ခိုေတာင္မုန႔္တီမွာေတာ့ခိုေတာင္နန္းလို႔ ေခၚတဲ့ 0.3 – 0.4 cm ဆိုဒ္ကို အမ်ားဆုံး အသုံးျပဳပါတယ္။

ခိုေတာင္နန္းဟာ နန္းေသးနဲ႔ နန္းလတ္ၾကားက ဆိုဒ္ျဖစ္ပါတယ္။ဒါေၾကာင့္မို႔ မႏၲေလးမွာ နန္းႀကီးသုပ္ စားမယ္လို႔မေျပာၾကဘဲ မုန႔္တီစားမယ္လို႔သာ မွာၾကၿပီး ကိုယ္ႀကိဳက္ႏွစ္သက္ရာ မုန႔္တီ အမ်ိဳးအစားနဲ႔ နန္း အမ်ိဳးအစားကို ေ႐ြးခ်ယ္သုံးေဆာင္ၾကတာ ျဖစ္ပါတယ္။

(၂) မုန႔္ဟင္းခါး ေသာက္မယ္

မႏၲေလးမွာ မုန႔္ဟင္းခါး သုံးေဆာင္တာကို “မုန႔္ဟင္းခါး စားတယ္” လို႔ မသုံးႏႈန္းဘဲ “ မုန႔္ဟင္းခါး ေသာက္တယ္ ” လို႔ သုံးၾကပါတယ္။

မႏၲေလးရဲ႕ မုန႔္ဟင္းခါးေတြဟာ ရန္ကုန္မုန႔္ဟင္းခါးလို အရည္ မပ်စ္၊ ငါးအဖတ္ မမ်ားဘဲ ပဲအရည္က်ဲက်ဲ၊ ငါးအဖတ္ နည္းနည္းနဲ႔ ခ်က္ၾကတာမို႔ “ေသာက္တယ္”လို႔ သုံးၾကတာ ျဖစ္ပါတယ္။

(၃) မႏၲေလး ထမင္းေပါင္း

မႏၲေလးမွာ ထမင္းေပါင္း တစ္ပြဲေပးပါလို႔ မွာလိုက္ရင္ နီနီရဲရဲ ေဆာ့စ္နဲ႔ နယ္ထားၿပီး ေျမပဲဆံ ျဖဴးထားတဲ့ အသားေၾကာ္၊ အသားကင္ မ်ားမ်ားပါတဲ့ ထမင္းတစ္ပြဲေရာက္လာပါလိမ့္မယ္။ ရန္ကုန္ထမင္းေပါင္းလို ေကာ္ရည္နဲ႔ အသီးအ႐ြက္ ေၾကာ္ထားတာမ်ိဳး ေတြ႕ရမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ မႏၲေလးမွာ ထမင္းေပါင္း မွာစားရင္ မႏၲေလးထမင္းေပါင္းလားရန္ကုန္ထမင္းေပါင္းလားလို႔ ေသခ်ာခြဲျခားေျပာေပးဖို႔ လိုပါလိမ့္မယ္ေနာ္။

(၄) တိုရ / ပဲပင္ေပါက္

မႏၲေလးမွာ ၿမီးရွည္စားမယ္ဆို တခ်ိဳ႕ဆိုင္ေတြက “တိုရ ထည့္မလား” လို႔ ျပန္ေမးတတ္ၾကပါတယ္။ “တိုရ”ဆိုတာ တကယ္ေတာ့ ပဲပင္ေပါက္ပါပဲ။

ေရွးေခတ္တုန္းက မႏၲေလးမွာ ၿမီးရွည္ဟာ ျပည္ႀကီးတ႐ုတ္ေတြနဲ႔ အတူပါလာခဲ့တဲ့ စားေသာက္ဖြယ္ရာတစ္မ်ိဳးပါ။ ၿမီးရွည္ဆိုတဲ့စကားလုံးကိုကတ႐ုတ္လို 米線(Mǐxiàn) “မီရွန႔္”ကေန ဆင္းသက္ လာတာပါ။

ဒါေၾကာင့္ ၿမီးရွည္ထဲ ထည့္တဲ့ ပဲပင္ေပါက္ကိုလည္း တ႐ုတ္လို 豆芽(Dòuyá) ”တို႔ရာ” ကေန ဆင္းသက္လာၿပီး ျမန္မာလို “တိုရ” ျဖစ္သြားပါတယ္။

(၅) ခါက်က္ဥ

ခါက်က္ဥဆိုတာ ၾကက္/ငွက္ တိရစာၦန္ေတြက ရတဲ့ဥ မဟုတ္ပါဘူး။ မႏၲေလးမွာ မုန္လာဥနီ (carrot) ကို ခါက်က္ဥလို႔ ေခၚၾကပါတယ္။ Hindi ဘာသာစကား (Gaajar Root) ဂါဂ်ာ႐ု ကေန ျမန္မာလို ခါက်က္ဥ ျဖစ္လာ တာပါပဲ။

ခါက်က္ဥလိုပဲ ေဈးကြက္ထဲက တခ်ိဳ႕သီးႏွံေတြ အမည္ကလည္း Hindi ဘာသာစကားကေန ေမြးစားထားတာ ျဖစ္ပါတယ္။(Gaajar Root)= ခါက်က္ဥ၊ (Aloo)= အာလူး၊ (Gobhee)= ေဂၚဖီထုပ္ စတဲ့စကားလုံးေတြေပါ့

(၆) ဒူးမလိုင္

မႏၲေလးမွာ ဒူးမလိုင္လို႔ မွာလိုက္ရင္ ဒူးရင္းသီးတဖတ္မွ မပါတဲ့ မလိုင္စစ္စစ္ တခြက္ေရာက္လာပါမယ္။ ဒါကိုမွ ဘာလို႔ ဒူးရင္းသီးမပါတာလဲ ေမးခ်င္ရင္ ဒူးမလိုင္ဟာ ဒူးရင္းမလိုင္ မဟုတ္လို႔ပါလို႔ ျပန္ေျဖရပါမယ္။

ဒူးမလိုင္ဆိုတာဟာ အိႏၵိယအခ်ိဳပြဲ တစ္မ်ိဳးျဖစ္ၿပီး…Doodh Malai ဆိုတဲ့ စကားလုံးကေန ဆင္းသက္လာပါတယ္။ ဒါေၾကာင့္ ဒူးမလိုင္ဟာ ဒူးရင္းမလိုင္ကိုအလြယ္တကူ ေခၚတဲ့ စကားလုံးမဟုတ္တာေၾကာင့္ ကိုယ္ေသာက္ခ်င္တာဟာ ဒူးမလိုင္လား၊ ဒူးရင္းမလိုင္လား ေသခ်ာသိၿပီး မွာဖို႔ လိုပါတယ္ေနာ္။

(၇) Co Co / ေခါေခါ

မႏၲေလးၿမိဳ႕အႏွံမွာ ေတြ႕ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင္ငယ္ေလးမ်ား ကို မႏၲေလးသူ မႏၲေလးသားမ်ားက “ေခါေခါ” လို႔သာ ေခၚၾကပါတယ္။တျခားၿမိဳ႕က လာသူမ်ားက ကိုကို/ စီအိုစီအို စသျဖင့္ ေခၚၾကေပမယ့္ မႏၲေလးမွာ ဘာေၾကာင့္ ေခါေခါ လို႔ ေခၚရသလဲဆိုတာကလည္းသမိုင္းေၾကာင္း ရွိပါတယ္။

Co Co ဟာ မူလက “ေခါေခါ” ဆိုတဲ့ နာမည္နဲ႔ လြန္ခဲ့တဲ့ ႏွစ္(၃၀) ဝန္းက်င္ကတည္းက မႏၲေလး မန္းၿမိဳ႕ေဈးအနီး 84လမ္း 38-39 ၾကားမွာ စတင္ဖြင့္လွစ္ေရာင္းခ်ခဲ့ပါတယ္။ ဒါေၾကာင့္မို႔ဒီဆိုင္ကို ေခါေခါ လို႔သာ လူသိ မ်ားခဲ့တာမို႔ ေနာက္ပိုင္းမွာ Co Co လို႔ နာမည္ေျပာင္းၿပီး ဆိုင္ခြဲေတြ တိုးခ်ဲ႕ဖြင့္လွစ္ေပမယ့္ ႏႈတ္က်ိဳးေနတဲ့ အတိုင္း ေခါေခါလို႔သာ ဆက္လက္ ေခၚဆိုေနၾကျခင္း ျဖစ္ပါတယ္။

(၈) တျပ၊ ႏွစ္ျပ

ေနရာ တစ္ခုခုကို မသိလို႔ မႏၲေလးသူ၊ မႏၲေလးသားေတြကို လမ္းၫႊန္ေမးရင္ေဟာဟိုဘက္ တျပ၊ ႏွစ္ျပ လို႔ ရည္ၫႊန္းတတ္ၾကပါတယ္။

တျခားၿမိဳ႕ေတြလို တလမ္း/ႏွစ္လမ္း၊ တဘေလာက္/ႏွစ္ဘေလာက္လို႔မသုံးဘဲ ဘာလို႔ “ျပ” ဆိုတဲ့ အသုံးအႏႈန္းကို သုံးၾကတာလဲဆိုေတာ့ မႏၲေလးရဲ႕လမ္းေတြဟာ

မင္းတုန္းမင္း လက္ထက္ကတည္းက ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္ကို ဗဟိုျပဳလို႔ လမ္းေတြကို ၿမိဳ႕႐ိုးရဲ႕ ျပအို းတစ္ခုစီတိုင္းနဲ႔ တည့္တည့္ ေဖာက္လုပ္ထားလို႔ပါပဲ။ေလးေထာင့္ ၿမိဳ႕႐ိုးေတြဟာ တဘက္ကို တာ(၆၀၀)ရွိၿပီး (၁၂) ခု အတိအက် ခြဲထားတာမို႔

ျပအိုးတစ္ခုနဲ႔ တစ္ခုဟာ တာ(၅၀) ကြာေဝး ပါတယ္။ အခုေခတ္ အတိုင္းအတာနဲ႔ဆို ေပေပါင္း (၅၅၀) ဝန္းက်င္ပါ။ဒါေၾကာင့္ ျပအိုး တခုျခားတိုင္း လမ္းတခု ရွိတဲ့အတြက္ တျပအိုး၊ ႏွစ္ျပအိုး ေရတြက္ ေခၚဆိုရာကေန တျပ၊ ႏွစ္ျပ ျဖစ္လာခဲ့ပါတယ္။ မႏၲေလးနန္းေတာ္ကို အလယ္ဗဟိုထားလို႔ အေရွ႕ဘက္အရပ္ကို

နန္းေရွ႕၊ ေျမာက္ဘက္အရပ္ကို ေျမာက္ျပင္၊ အေနာက္ဘက္ျခမ္းကို အေနာက္ျပင္၊ အမရပူရကို ေတာင္ၿမိဳ႕ ေခၚဆိုၾကသလို အရပ္မ်က္ႏွာ လမ္းၫႊန္ရာမွာလည္း ဘယ္ – ညာ မသုံးဘဲ အေရွ႕၊အေနာက္၊ ေတာင္၊ ေျမာက္ကို ရည္ၫႊန္း ေျပာတတ္ၾကပါတယ္။

(၉) ဘူတာႀကီး

မႏၲေလးသူ၊ မႏၲေလးသားေတြက သူတို႔ၿမိဳ႕က ဘူတာကို “ႀကီး” ထည့္ၿပီး ဘာလို႔ ေခၚၾကတာလဲရယ္လို႔ တျခားၿမိဳ႕သူၿမိဳ႕သားေတြက တအံ့တဩ ျဖစ္တတ္ ၾကပါတယ္။ တကယ္ေတာ့ မႏၲေလးမွာ ပါေတာ္မူၿပီးစ ကာလမ်ားက ဘူတာႀကီးနဲ႔ ဘူတာေလး ရယ္လို႔ ႏွစ္မ်ိဳး ရွိခဲ့လို႔ပါပဲ။

မႏွင္းဆီ ရထားဟာ ေဈးခ်ိဳ – မတၱရာေျပးဆြဲၿပီး ကုန္စိမ္းေတြ အဓိကသယ္ေဆာင္ပါတယ္။ ဘူတာေလးဟာယခုမန္းသီရိေဈးေနရာမွာပါ။ မနန႔္ဂ်ီရထားနဲ႔ ဘူတာေလးဟာ 1920 ေက်ာ္ခုႏွစ္မ်ားကတည္းက ဖ်က္သိမ္းလိုက္ၿပီမို႔ မရွိေတာ့ပါဘူး။

လမ္း(30) -(78) လမ္းဆုံမွာ တည္ရွိၿပီး တၿမိဳ႕ကေနတၿမိဳ႕ ေျပးဆြဲတဲ့ ေရေႏြးေငြ႕စက္ေခါင္းသုံး မီးရထားႀကီးမ်ား ဆိုက္ကပ္ရာကိုေတာ့ ဘူတာႀကီးလို႔ ေခၚပါတယ္။

ဘူတာ ႏွစ္မ်ိဳးရွိခဲ့တာမို႔ ဘူတာႀကီးနဲ႔ဘူတာေလးလို႔ ခြဲျခား ေခၚေဝၚရာကေန ေနာက္ပိုင္းမွာ မႏွင္းဆီရထားနဲ႔ ဘူတာေလးမရွိေတာ့ေပမယ့္ ဘူတာႀကီးကို “ဘူတာႀကီး”လို႔ပဲ ဆက္လက္ ေခၚေဝၚေနၾကတာျဖစ္ပါတယ္။

(၁၀) ကြၽန္ေတာ္

မႏၲေလးသူေတြက စကားေျပာရာမွာ ကိုယ့္ကိုကိုယ္ “ ကြၽန္ေတာ္/ က်ေနာ္” ဆိုတဲ့ နာမ္စား သုံးေလ့ ရွိၾကပါတယ္။ သီခ်င္းေတြထဲမွာေတာင္ “ကြၽန္ေတာ္…ကြၽန္ေတာ္နဲ႔ ေျပာတတ္တဲ့ မႏၲေလးသူ” ဆိုၿပီး ထည့္သြင္း ဖြဲ႕ဆိုခဲ့ပါတယ္။

ႏိုင္ငံေက်ာ္ သၾကၤန္မိုး႐ုပ္ရွင္ဇာတ္လမ္းမွာ မင္းသမီး ခင္သန္းႏု(ထား)က မႏၲေလးဆန္တဲ့ “ကြၽန္ေတာ္” ဆိုတဲ့ နာမ္စား ထည့္သုံးေပမယ့္ ဆင္ဆာအဖြဲ႕က ျပန္လည္ ျဖဳတ္ခ် ခဲ့ဖူးပါတယ္။

ကြၽန္ေတာ္ဆိုတဲ့ နာမ္စားဟာ ယခုေခတ္မွာေတာ့ အမ်ိဳးသားသုံး နာမ္စားအျဖစ္သာ ယူဆေနၾကေပမယ့္ တကယ္ေတာ့ ေရွးအစဥ္အဆက္ကတည္းက မႏၲေလးမွာေတာ့ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ အသုံးျပဳတဲ့ နာမ္စား ျဖစ္ပါတယ္။

မႏၲေလးဟာ ျမန္မာဘုရင္မင္းဆက္ရဲ႕ ေနာက္ဆုံး စိုးစံခဲ့တဲ့ မင္းေနျပည္ေတာ္ျဖစ္တာနဲ႔အညီ ေရွးက မႏၲေလးသူ၊ မႏၲေလးသားေတြဟာ ဘုရင္မင္းျမတ္ဆီ အခစားဝင္ရတဲ့အခါ ေက်းေတာ္မ်ိဳး၊ ကြၽန္ေတာ္မ်ိဳးအျဖစ္ မိမိကိုယ္ကို ႏွိမ့္ခ် သုံးႏႈန္းတာပါ။

ခုခ်ိန္မွာ မႏၲေလးဟာ မင္းေနျပည္ေတာ္အျဖစ္ မရွိေတာ့ေပမယ့္ မန္းသူ၊ မန္းသားမ်ားကေတာ့ ကြၽန္ေတာ္ဆိုတဲ့ စကားကို ဒီေန႔ထိ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ဆက္လက္ သုံးႏႈန္းေနၾကဆဲျဖစ္ပါတယ္။

မသိေသးတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းေတြရွိရင္လည္း ယဥ္ေႏွာင္းရဲ႕ ဒီစာေလးကို share ေပးလို႔ရပါတယ္ေနာ္…။

ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ဗဟုသုတအျဖစ္ ျပန္လည္မွ်ေဝျခင္း ျဖစ္ပါသည္။