အိမ်မှာပျင်းလို့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဆီ သွားလည်ခဲ့ရာမှ ခင်ပွန်းဖြစ်သူရဲ့ သစ္စာမရှိဖောက်ပြန်မှုကို တွေ့မြင်လိုက်ရသည့် အမျိုးသမီး

Unicode

အိမ်ထောင်ရေးမှာဖြစ်ဖြစ် ချစ်သူရည်းစားမှာဖြစ်ဖြစ် သစ္စာရှိပြီး မဖောက်ပြန်ဖို့ကသာ အဓိကကျပြီး ရေရှည်လက်တွဲနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Zhejiangပြည်နယ်မှ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူမှ အလုပ်ကိစ္စနဲ့ခရီးတစ်ချိန်လုံးထွက်ကာ သူမအားအချိန်မပေး ဂရုမစိုက်ခဲ့သော်လည်း အမြဲနားလည်ပေးကာ သံသယစိတ်လည်းမဝင်ခဲ့ပေ။

တစ်နေ့တွင် ခင်ပွန်းဖြစ်သူမှ ခရီးသွားနေ၍ အမျိုးသမီးလည်း အိမ်မှာတစ်ယောက်တည်း ပျင်းနေတာကြောင့် အိမ်နီးနားချင်းဖြစ်သည့် သူမရဲ့အချစ်ဆုံး သူငယ်ချင်းဆီကို ဖုန်းကြိုမဆက်တော့ပဲ သွားရောက်လည်ပတ်ခဲ့သည်။

ထိုအချိန်တွင် သူငယ်ချင်းရဲ့အိမ်ရှေ့တွင် သူမခင်ပွန်းစီးနေကျ ကားနဲ့ဆင်တူသည့် ကားတစ်စီးရပ်ထားတာကိုမြင်ခဲ့ပြီး အနီးကပ်သွားကြည့်ခဲ့ရာ အံ့သြစွာဖြင့် ကားထဲမှာ သူမရဲ့သူငယ်ချင်းနဲ့ ခင်ပွန်းကိုတွေ့ခဲ့ရပြီး ဒေါသထွက်စွာဖြင့် ကားထဲထွက်ခဲ့ရန် ပြောခဲ့သည်။

သူမရဲ့ခင်ပွန်းသည် ကားထဲကထွက်လာခဲ့ပေမယ့် ဘာစကားတစ်ခွန်းမှ မရှင်းပြမပြောဆိုပဲနဲ့ ဂရုမစိုက်စွာဖြင့် သူမရဲ့သူငယ်ချင်းဖြစ်သူဆီကိုသာ လိုက်ပြေးသွားခဲ့တော့သည်။

Rain (For Ialinks)

Crd

Zawgyi






Rain (For Ialinks)

Crd