န်ဴကလီယား ဆိုသည္မွာ

Unicode

နျူကလီယား ဆိုသည်မှာ

နျူယူကလီယဖွဲ့စည်းပုံတွအလယ်မှအနီရောင် ပရိုတွန် နှင့် အပြာရောင် နယူထရွန် အက်တမ် တစ်ခု၏ နျူကလိယသည် အလွန် သိပ်သည်းသော နေရာဖြစ်ပြီး နျူကလီယွန် (ပရိုတွန် နှင့် အီလက်ထရွန်) တို့ ပါဝင်ပါသည်။

နျူယူကလီယ တို့၏ သဘောသဘာဝနှင့် အရည်အချင်းများကို မလေ့လာမှီ ယင်းတို့တွင်ပါရှိသော ဒြပ်မှုန်တွအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်လျှင် နယူကလီယ တို့တွင် ပရိုတွန်( proton ) နှင့် နယူထရွန်(neutron) ဆိုတဲ့

အခြေခံမှုန် ၂ မျိုးနဲ့ ဖွဲ့စည်းထားကြသည်။ ပရိုတွန်တစ်ခုသည် ဟိုက်ဒရိုဂျင် အက်တမ်၏ နယူကလိယတွင်ပါရှိပြီး ယင်းမှာ လျှပ်စစ် +e ( e= အီလက်ထရွန်ဒြပ်မှုန်တစ်ခုတွင်ရှိသောလျှပ်စစ်ပမာဏ) ရှိသည်။ ဒြပ်ထုကတော့ အီလက်ထရွန် ဒြပ်ထုထက်

၁၈၃၀ ဆမျှရှိတာကို တွေ့ရသည်။ နယူထရွန်မှာ လျှပ်စစ်ဓာတ်မရှိပဲ ပရိုတွန်ထက် အနည်းငယ်ပိုပြီး လေးည် ။ ပရိုတွန် နဲ့ နယူထရွန် ၂ မျိုးခြုံပြီး နယူကလီယွန် (neucleons) လို့ခေါ်လေ့ရှိကြပါသည်။ နယူကလိယ အမျိုးမျိုးမှာ

ပရိုတွန်နဲ့ နယူထရွန်အရေအတွက် အချိုးအဆ အမျိုးမျိုး ပေါင်းစပ်ပါဝင်နေကြသည်။အရေအတွက် အချိုးတစ် ခုရှိတဲ့ ပရိုတွန်-နယူထရွန် အဖွဲ့အစည်းကို နယူကလိုက်( nuclide ) လို့ခေါ်တယ်။ ဒီနေရာမှာ မှတ်ထားရမှာကတော့

နယူကလိုက်တစ်ခုဟာ အက်တမ်မဲ့နယူကလိယ ဖြစ်ချင်မှဖြစ်မယ်ဆိုတာပါပဲ။ တွေ့ရှိပြီး နယူကလိုက် ၁၄၄၀ ကျော်ထဲမှာ အခြေခိုင်တဲ့ အမျိုးအစားနဲ့ အခြေမခိုင်တဲ့ရေဒီ ယိုသတ္တိကြွ ( radioactive ) မှုရှိတဲ့ အမျိုးအစာဆိုပြီး ၂ မျိုးရှိပါသည်။ အရပ်ဘက်နျူကလီးယားဖြစ်စေ၊

စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိကထွက်တဲ့ နိုင်ငံများမှာ သြစေတြးလျ၊ ကေနဒါ၊ တရုတ်၊
ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ ၊

ရုရှား၊ ဥဇဘက်ကစ္စတန်တို့ဖြစ်ပြီး မြန်မာပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့အခါ စွမ်းအင် ထွက်လာပါတယ်။

ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူးကလီယားဗုံးလုပ်သည့်အခါယူရေနီယမ် (၂၃၅) ကို သုံးရပါသည်။ သို့မဟုတ် ယူရေနီယမ် (၂၃၈)ကို ပလူတိုနီယမ်ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်သည်။

(ဟီရိုးရှီးမားမြို့တွင် ကျဲချခဲ့သော နျူးကလီယားဗုံးသည် ယူရေနီယမ် (၂၃၅)ဖြင့် လုပ်ထားခြင်း ဖြစ်ပြီး နဂါစကီတွင် ကျဲချသော နျူးကလီယားဗုံးသည် ပလူတိုနီယမ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။) ထို့ကြောင့် အဏုမြူဓာတ်ပါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အဏုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေဖြင့်

ယူရေနီယမ် (၂၃၅) ထုတ်လုပ်ရန် ဦးစွာကြိုးပမ်းရမှာဖြစ်ပါသည်။ သဘာဝသတ္တုရိုင်းထဲမှ အချိုးအစားအလွန်နည်းပါးစွာပါသော ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အနက်မှ အထိရောက်ဆုံး၊ အသုံးအများဆုံးနှင့်

စရိတ်အသက်သာဆုံးနည်းမှာ ဗဟိုဆွဲအားစက်များကိုအသုံးပြုခြင်းပဲ ဖြစ်ပါသည်။ ယူရေနီယမ်ဓာတ်ငွေ့တို့ကို ဆလင်ဒါပြွန်လုံးရှည်ကြီးအတွင်းသို့ထည့်ပြီး လှည့်လိုက်သောအခါ (၂၃၈) က ပြွန်လုံးဘေးနံရံတွင် ကပ်ပြီး(၂၃၅) များကမူ အလယ်တွင်

လာရောက်စုစည်းပါသည်။ အလယ်တွင် စုနေသည့် (၂၃၅) များကို ပိုက်များဖြင့် စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်များထဲသို့ပို့လွှတ်ကာ ဗဟိုဆွဲအားနည်းဖြင့် ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါသည်။ အဏုမြူဓာတ်ပေါင်းဖိုများတွင် အသုံးပြုရန် (၂၃၅) ငါးရာခိုင်နှုန်းခန့်အထိ ဖြစ်လာရင်

သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ (၂၃၅) ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးရှည် ထောင်နှင့်ချီ လိုပါသည်။ ထို့ကြောင့် ဗဟိုဆွဲအားစက်ရုံများတွင် ပြွန်လုံးရှည်ကြီးများ ထောင်နှင့်ချီ တပ်ဆင်ထားရသည့် အတွက်

သိသာမြင်သာလောက်အောင် ထင်ရှားသော စက်ရုံကြီးများကို မဖြစ်မနေ တည်ဆောက်ရပါသည်။ ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ ပေါင်း(၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပါတယ်။

ယနေ့ကမ္ဘာမှာနျူကလီးယားနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေကို အင်တိုက်အားတိုက် လုပ်ကိုင်နေတဲ့ အမေရိကန်သည် ဓါတ်ပေါင်းဖိုပေါင်း (၁၃၀)ကျော်ပိုင်ဆိုင်ထားပြီး ဆက်လက်တည်ဆောက်ဆဲဖြစ်နေပါသည်။အမေရိကန်မှ၎င်းနှင့် စစ်ဖက်ဆိုင်ရာ စီးပွားဖက်ဆိုင်ရာ

မူဝါဒသေဘာထားကိုက်ညီသည့် နိုင်ငံများကို သုတေသနဓါတ်ပေါင်းဖိုများဆောက်လုပ်မှု့တွင် ကူညီပြီး ယင်းနှင့်သဘာထားမတူသည့် နိုင်ငံများတွင် ဓါတ်ပေါင်းဖိုတည်ဆောက်ခြင်းနှင့်အခြားသော ဆက်စပ်ကိစ္စများကို ကန့်ကွက်ပိတ်ဆို့ခဲ့သည်။ညောင်းလာပြီ

ပြီးမှဆက်ရေးတော့မယ်ရခိုင်ဘက်ကို အလည်သွားဦးမယ်နောချစ်ခြင်း မုန်းခြင်း ကင်းစွာဖြင့်မိုးပွင့်ဖြူ

Crd

Zawgyi

န်ဴကလီယား ဆိုသည္မွာန်ဴယူကလီယဖြဲ႕စည္းပုံတြင္အလယ္မွအနီေရာင္ ပရိုတြန္ ႏွင့္ အျပာေရာင္ နယူထရြန္ အက္တမ္ တစ္ခု၏ န်ဴကလိယသည္ အလြန္ သိပ္သည္းေသာ ေနရာျဖစ္ၿပီး န်ဴကလီယြန္ (ပရိုတြန္ ႏွင့္ အီလက္ထရြန္) တို့ ပါဝင္ပါသည္။

န်ဴယူကလီယ တို့၏ သေဘာသဘာဝႏွင့္ အရည္အခ်င္းမ်ားကို မေလ့လာမွီ ယင္းတို့တြင္ပါရွိေသာ ျဒပ္မွုန္တြအေၾကာင္း အၾကမ္းဖ်င္းေလ့လာ ၾကည့္လၽွင္ နယူကလီယ တို့တြင္ ပရိုတြန္( proton ) ႏွင့္ နယူထရြန္(neutron) ဆိုတဲ့

အေျခခံမွုန္ ၂ မ်ိဳးနဲ႔ ဖြဲ႕စည္းထားၾကသည္။ ပရိုတြန္တစ္ခုသည္ ဟိုက္ဒရိုဂ်င္ အက္တမ္၏ နယူကလိယတြင္ပါရွိၿပီး ယင္းမွာ လၽွပ္စစ္ +e ( e= အီလက္ထရြန္ျဒပ္မွုန္တစ္ခုတြင္ရွိေသာလၽွပ္စစ္ပမာဏ) ရွိသည္။ ျဒပ္ထုကေတာ့ အီလက္ထရြန္ ျဒပ္ထုထက္

၁၈၃၀ ဆမၽွရွိတာကို ေတြ႕ရသည္။ နယူထရြန္မွာ လၽွပ္စစ္ဓာတ္မရွိပဲ ပရိုတြန္ထက္ အနည္းငယ္ပိုၿပီး ေလးည္ ။ ပရိုတြန္ နဲ႔ နယူထရြန္ ၂ မ်ိဳးျခဳံၿပီး နယူကလီယြန္ (neucleons) လို့ေခၚေလ့ရွိၾကပါသည္။ နယူကလိယ အမ်ိဳးမ်ိဳးမွာ

ပရိုတြန္နဲ႔ နယူထရြန္အေရအတြက္ အခ်ိဳးအဆ အမ်ိဳးမ်ိဳး ေပါင္းစပ္ပါဝင္ေနၾကသည္။အေရအတြက္ အခ်ိဳးတစ္ ခုရွိတဲ့ ပရိုတြန္-နယူထရြန္ အဖြဲ႕အစည္းကို နယူကလိုက္( nuclide ) လို့ေခၚတယ္။ ဒီေနရာမွာ မွတ္ထားရမွာကေတာ့

နယူကလိုက္တစ္ခုဟာ အက္တမ္မဲ့နယူကလိယ ျဖစ္ခ်င္မွျဖစ္မယ္ဆိုတာပါပဲ။ ေတြ႕ရွိၿပီး နယူကလိုက္ ၁၄၄၀ ေက်ာ္ထဲမွာ အေျခခိုင္တဲ့ အမ်ိဳးအစားနဲ႔ အေျခမခိုင္တဲ့ေရဒီ ယိုသတၱိႂကြ ( radioactive ) မွုရွိတဲ့ အမ်ိဳးအစာဆိုၿပီး ၂ မ်ိဳးရွိပါသည္။ အရပ္ဘက္န်ဴကလီးယားျဖစ္ေစ၊

စစ္ဘက္န်ဴကလီးယားျဖစ္ေစ အေျခခံကုန္ၾကမ္းက ယူေရနီယမ္ ျဖစ္ပါတယ္။ ဒီ ယူေရနီယမ္ သတၱဳကို ေျမကီးထဲက တူးယူရပါတယ္။ ကမၻာမွာ ယူေရနီယမ္ အဓိကထြက္တဲ့ နိုင္ငံမ်ားမွာ ၾသေစၾတးလ်၊ ေကနဒါ၊ တ႐ုတ္၊
ကာဇက္စတန္၊ နမီးဘီးယား၊ နိုင္ဂ်ာ ၊

႐ုရွား၊ ဥဇဘက္ကစၥတန္တို့ျဖစ္ၿပီး ျမန္မာျပည္မွာေတာ့ ပင္းပက္၊ သပိတ္က်ဥ္း၊ ပုံေတာင္ပုံညာ၊ ဖားကန္႔၊ တနိုင္း၊ မိုးမိတ္တို့မွာ ထြက္ပါတယ္။ယူေရနီယမ္ အႏုျမဴတခ်ိဳ့ကို ဆက္တိုက္ခြဲစိတ္တဲ့အခါ စြမ္းအင္ ထြက္လာပါတယ္။

ဒီျဖစ္စဥ္ကို န်ဴကလီးယား ခြဲစိတ္မွု nuclear fission လို့ ေခၚပါတယ္။ န်ဴးကလီယားဗုံးလုပ္သည့္အခါယူေရနီယမ္ (၂၃၅) ကို သုံးရပါသည္။ သို့မဟုတ္ ယူေရနီယမ္ (၂၃၈)ကို ပလူတိုနီယမ္ျဖစ္ေအာင္ ေျပာင္းလဲၿပီး သုံးနိုင္သည္။

(ဟီရိုးရွီးမားၿမိဳ့တြင္ က်ဲခ်ခဲ့ေသာ န်ဴးကလီယားဗုံးသည္ ယူေရနီယမ္ (၂၃၅)ျဖင့္ လုပ္ထားျခင္း ျဖစ္ၿပီး နဂါစကီတြင္ က်ဲခ်ေသာ န်ဴးကလီယားဗုံးသည္ ပလူတိုနီယမ္ျဖင့္ ျပဳလုပ္ျခင္းျဖစ္ပါသည္။) ထို့ေၾကာင့္ အဏုျမဴဓာတ္ပါင္းဖို တည္ေဆာက္ဖို့ျဖစ္ေစ၊ အဏုျမဴဗုံးလုပ္ဖို့ျဖစ္ေစ အစကနဦးအေနျဖင့္

ယူေရနီယမ္ (၂၃၅) ထုတ္လုပ္ရန္ ဦးစြာႀကိဳးပမ္းရမွာျဖစ္ပါသည္။ သဘာဝသတၱဳရိုင္းထဲမွ အခ်ိဳးအစားအလြန္နည္းပါးစြာပါေသာ ယူေရနီယမ္ (၂၃၅) ကို စုယူနိုင္ရန္အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးရွိသည့္အနက္မွ အထိေရာက္ဆုံး၊ အသုံးအမ်ားဆုံးႏွင့္

စရိတ္အသက္သာဆုံးနည္းမွာ ဗဟိုဆြဲအားစက္မ်ားကိုအသုံးျပဳျခင္းပဲ ျဖစ္ပါသည္။ ယူေရနီယမ္ဓာတ္ေငြ႕တို့ကို ဆလင္ဒါႁပြန္လုံးရွည္ႀကီးအတြင္းသို့ထည့္ၿပီး လွည့္လိုက္ေသာအခါ (၂၃၈) က ႁပြန္လုံးေဘးနံရံတြင္ ကပ္ၿပီး(၂၃၅) မ်ားကမူ အလယ္တြင္

လာေရာက္စုစည္းပါသည္။ အလယ္တြင္ စုေနသည့္ (၂၃၅) မ်ားကို ပိုက္မ်ားျဖင့္ စုပ္ထုတ္ၿပီး ေနာက္ထပ္ ႁပြန္လုံးရွည္မ်ားထဲသို့ပို့လႊတ္ကာ ဗဟိုဆြဲအားနည္းျဖင့္ ထပ္ခါထပ္ခါ စစ္ထုတ္စုယူရပါသည္။ အဏုျမဴဓာတ္ေပါင္းဖိုမ်ားတြင္ အသုံးျပဳရန္ (၂၃၅) ငါးရာခိုင္ႏွုန္းခန္႔အထိ ျဖစ္လာရင္

သုံးလို့ရၿပီး အဏုျမဴလက္နက္ ထုတ္လုပ္ဖို့ဆိုရင္ေတာ့ (၂၃၅) ကိုးဆယ္ရာခိုင္ႏွုန္းေက်ာ္အထိ သန္႔စင္ဖို့လိုတဲ့အတြက္ ဗဟိုဆြဲအား ဆလင္ဒါ ႁပြန္လုံးရွည္ ေထာင္ႏွင့္ခ်ီ လိုပါသည္။ ထို့ေၾကာင့္ ဗဟိုဆြဲအားစက္႐ုံမ်ားတြင္ ႁပြန္လုံးရွည္ႀကီးမ်ား ေထာင္ႏွင့္ခ်ီ တပ္ဆင္ထားရသည့္ အတြက္

သိသာျမင္သာေလာက္ေအာင္ ထင္ရွားေသာ စက္႐ုံႀကီးမ်ားကို မျဖစ္မေန တည္ေဆာက္ရပါသည္။ ဒီကေန႔ ကမၻာေပၚမွာ န်ဴကလီးယားဓာတ္အားေပး႐ုံ ေပါင္း(၄၀၀) ေက်ာ္ရွိေနၿပီး တကမၻာလုံးသုံးတဲ့ လၽွပ္စစ္ပမာဏရဲ့ (၁၇) ရာခိုင္ႏွုန္းကို ထုတ္လုပ္ေပးေနပါတယ္။

ယေန႔ကမၻာမွာန်ဴကလီးယားနဲ႔ပတ္သက္ၿပီး ထိန္းခ်ဳပ္မွုေတြကို အင္တိုက္အားတိုက္ လုပ္ကိုင္ေနတဲ့ အေမရိကန္သည္ ဓါတ္ေပါင္းဖိုေပါင္း (၁၃၀)ေက်ာ္ပိုင္ဆိုင္ထားၿပီး ဆက္လက္တည္ေဆာက္ဆဲျဖစ္ေနပါသည္။အေမရိကန္မွ၄င္းႏွင့္ စစ္ဖက္ဆိုင္ရာ စီးပြားဖက္ဆိုင္ရာ

မူဝါဒေသဘာထားကိုက္ညီသည့္ နိုင္ငံမ်ားကို သုေတသနဓါတ္ေပါင္းဖိုမ်ားေဆာက္လုပ္မွု့တြင္ ကူညီၿပီး ယင္းႏွင့္သဘာထားမတူသည့္ နိုင္ငံမ်ားတြင္ ဓါတ္ေပါင္းဖိုတည္ေဆာက္ျခင္းႏွင့္အျခားေသာ ဆက္စပ္ကိစၥမ်ားကို ကန္႔ကြက္ပိတ္ဆို့ခဲ့သည္။ေညာင္းလာၿပီ

ၿပီးမွဆက္ေရးေတာ့မယ္ရခိုင္ဘက္ကို အလည္သြားဦးမယ္ေနာခ်စ္ျခင္း မုန္းျခင္း ကင္းစြာျဖင့္မိုးပြင့္ျဖဴ

Crd