Unicode
ဥပဓိရုပ်ကကောင်းတော့ ပုလင်းခွန် ပလုံကောက်တဲ့ ကလေးက ဇွဲထက်မှာကြော်ငြာရိုက်ဖို့ ခေါ်ခံရတယ်…
အမှိုက်ကောက်တဲ့ ကလေးလေးကို photographer ညီမတစ်ယောက်က FB လူမှုကွန်ယက်ပေါ် ဓာတ်ပုံရိုက်တင်လိုက်တယ်…
ကလေးဥပဓိရုပ်ကကောင်းတော့ လူသိထင်ရှားဖြစ်သွားခဲ့လေတယ်…
မကြာမီမှာပဲ ဇွဲထက်ရွှေဆိုင်က ကလေးမိဘတွေထံ ခွင့်ပန်ပြီး ကလေးကို ကြော်ငြာရိုက်ဖို့ ခေါ်ခဲ့တယ်..
ကြော်ငြာကလည်း ထင်မှတ်မထားရလောက်အောင် Like and View တွေ ထောင်ပေါင်းများစွာ တက်လာခဲ့တယ်….
ရဲတိုက်နဲ့ ချွတ်စွပ်နီးပါးတူတဲ့ ကုလားဆင် ဒီကလေးငယ်လေးရဲ့ စန်းရှိပုံနဲ့ Photographer ရဲ့ စေတနာတွေပေါင်းလိုက်တော့
ဆင်းရဲသားမိသားစုလေးရဲ့ဘဝက အနာဂတ်မှာ တောက်ပလာဖို့ အလားအလာရှိခဲ့ပါတယ်….
မိမိရဲ့ အပန်းမကြီးတဲ့ ဓာတ်ပုံရိုက်ချက်လေးတစ်ချို့က ကလေးငယ်လေးနဲ့သူ့မိသားစုရဲ့ အနာဂတ်ဘဝလေးတွေကို
ပြောင်းလဲစေနိုင်ခဲ့တဲ့အတွက် Photographer နှမငယ်လေးအတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဗျာ
crd
Zawgyi
crd