အားသြင္းႀကိဳးေတြကို အႏၲရာယ္ကင္းကင္းနဲ႔ သန႔္ရွင္းေရးလုပ္နိုင္မယ့္နည္းလမ္း (၃)ခု

Unicode

ဖုန်းအားသွင်းကြိုး၊ ကွန်ပျူတာအားသွင်းကြိုးနဲ့ အခြားသောအားသွင်းကြိုးတွေဟာ အသုံးပြုတဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အရင်လောက် မသန့်ရှင်းတော့ပါဘူး။

အားသွင်းကြိုးတွေပေါ်မှာ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေတတ်ပါတယ်။ အားသွင်းကြိုးတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

အားသွင်းကြိုးကို သန့်ရှင်းရေးမလုပ်ခင်

– ပေါက်နေတဲ့အားသွင်းကြိုးကို သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ သန့်ရှင်းရေးမလုပ်ခင်မှာ အားသွင်းကြိုးက ပေါက်နေလား၊ ကြိုးစတွေ ဖွာထွက်နေလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။

– အားသွင်းကြိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ကြိုးရဲ့အစွန်းနှစ်ဖက်ကို ရေမထိအောင် ဂရုစိုက်ပါ။

နည်းလမ်း ၁

ဆပ်ပြာရည်နဲ့ ရေနွေးတို့ကို ပန်းကန်လုံးထဲမှာ ရောမွှေပါ။ ဆပ်ပြာရည်နဲ့ ရေမြှုပ်ကို အသုံးပြုပြီး အားသွင်းကြိုးကို သန့်ရှင်းရေးလုပ်ပါ။ ဖော့ကို ရေတွေ ပြောင်အောင် ညှစ်ချပြီးမှသာ ကြိုးကို သန့်ရှင်းပေးပါ။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အားသွင်းကြိုးကို အဝတ်စအခြောက်နဲ့ ပွတ်တိုက်ပေးပါ။

နည်းလမ်း ၂

မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ရေအနည်းငယ်ကို ရောပြီး အနှစ်ရအောင်မွှေပါ။ သွားတိုက်တံပေါ်မှာ မွှေလို့ရလာတဲ့အနှစ်ကို တင်ပြီး အားသွင်းကြိုးပေါ်မှာ ပွတ်တိုက်ပေးပါ။

အဲဒီနောက် ရေမြှုပ်နဲ့ ထပ်မံသုတ်ပါ။ ကြိုးကို ခြောက်သွေ့အောင်ထားပြီး အဝတ်စအခြောက်နဲ့ နောက်တစ်ကြိမ် ပွတ်တိုက်ပါ။

နည်းလမ်း ၃

နောက်တစ်နည်းကတော့ wet tissue နဲ့ သန့်ရှင်းရေးလုပ်တာပါ။ အားသွင်းကြိုးပေါ်ကို wet tissue နဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

ချက်ချင်းမခြောက်သွေ့သွားရင် အဝတ်စအခြောက်နဲ့ သုတ်ပေးပါ။ ဒီနည်းလမ်းကတော့ အလွယ်ဆုံးနဲ့အထိရောက်ဆုံးပါပဲ။

လေးစားစွာဖြင့် Credit – Zombie (lovemedia)

Zawgyi

ဖုန္းအားသြင္းႀကိဳး၊ ကြန္ပ်ဴတာအားသြင္းႀကိဳးနဲ႔ အျခားေသာအားသြင္းႀကိဳးေတြဟာ အသုံးျပဳတဲ့ အခ်ိန္ကာလ ၾကာျမင့္လာတာနဲ႔အမၽွ အရင္ေလာက္ မသန႔္ရွင္းေတာ့ပါဘူး။

အားသြင္းႀကိဳးေတြေပၚမွာ ဖုန္ေတြ၊ အညစ္အေၾကးေတြ ကပ္ေနတတ္ပါတယ္။ အားသြင္းႀကိဳးေတြကို သန႔္ရွင္းေရးလုပ္ေတာ့မယ္ဆိုရင္ ဒီနည္းလမ္းေလးေတြကို အသုံးျပဳနိုင္ပါတယ္။

အားသြင္းႀကိဳးကို သန႔္ရွင္းေရးမလုပ္ခင္

– ေပါက္ေနတဲ့အားသြင္းႀကိဳးကို သန႔္ရွင္းေရးမလုပ္သင့္ပါဘူး။ သန႔္ရွင္းေရးမလုပ္ခင္မွာ အားသြင္းႀကိဳးက ေပါက္ေနလား၊ ႀကိဳးစေတြ ဖြာထြက္ေနလားဆိုတာကို ေသခ်ာစစ္ေဆးသင့္ပါတယ္။

– အားသြင္းႀကိဳးကို သန႔္ရွင္းေရးလုပ္မယ္ဆိုရင္ ႀကိဳးရဲ့အစြန္းႏွစ္ဖက္ကို ေရမထိေအာင္ ဂ႐ုစိုက္ပါ။

နည္းလမ္း ၁

ဆပ္ျပာရည္နဲ႔ ေရေႏြးတို႔ကို ပန္းကန္လုံးထဲမွာ ေရာေမႊပါ။ ဆပ္ျပာရည္နဲ႔ ေရျမႇုပ္ကို အသုံးျပဳၿပီး အားသြင္းႀကိဳးကို သန႔္ရွင္းေရးလုပ္ပါ။ ေဖာ့ကို ေရေတြ ေျပာင္ေအာင္ ညႇစ္ခ်ၿပီးမွသာ ႀကိဳးကို သန႔္ရွင္းေပးပါ။ သန႔္ရွင္းေရးလုပ္ၿပီးတဲ့အခါ အားသြင္းႀကိဳးကို အဝတ္စအေျခာက္နဲ႔ ပြတ္တိုက္ေပးပါ။

နည္းလမ္း ၂

မုန႔္ဖုတ္ဆိုဒါအနည္းငယ္နဲ႔ ေရအနည္းငယ္ကို ေရာၿပီး အႏွစ္ရေအာင္ေမႊပါ။ သြားတိုက္တံေပၚမွာ ေမႊလို႔ရလာတဲ့အႏွစ္ကို တင္ၿပီး အားသြင္းႀကိဳးေပၚမွာ ပြတ္တိုက္ေပးပါ။

အဲဒီေနာက္ ေရျမႇုပ္နဲ႔ ထပ္မံသုတ္ပါ။ ႀကိဳးကို ေျခာက္ေသြ႕ေအာင္ထားၿပီး အဝတ္စအေျခာက္နဲ႔ ေနာက္တစ္ႀကိမ္ ပြတ္တိုက္ပါ။

နည္းလမ္း ၃

ေနာက္တစ္နည္းကေတာ့ wet tissue နဲ႔ သန႔္ရွင္းေရးလုပ္တာပါ။ အားသြင္းႀကိဳးေပၚကို wet tissue နဲ႔ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။

ခ်က္ခ်င္းမေျခာက္ေသြ႕သြားရင္ အဝတ္စအေျခာက္နဲ႔ သုတ္ေပးပါ။ ဒီနည္းလမ္းကေတာ့ အလြယ္ဆုံးနဲ႔အထိေရာက္ဆုံးပါပဲ။

ေလးစားစြာျဖင့္ Credit – Zombie (lovemedia)