ဘ႐ုစ္လီ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆုံးပါးသြားရတဲ့အဓိကအေၾကာင္းအရင္း

Unicode

ဘရုစ်လီ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရတဲ့အဓိကအကြောင်းအရင်း

ဘရုစ်လီ ဘာကြောင့် ေ.သ.ဆုံးခဲ့တာလဲ?

ဘရုစ်လီဟာ အမေရိကန်မှာမွေးတဲ့ဟောင်ကောင်လူမျိုး ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ သိုင်းပညာရှင်နဲ့ အတွေးအခေါ် ပညာရှင်ဖြစ်ပါတယ်။

သူ့ကို ၁၉၄၀ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ Lee Jun-fan 李振藩 ဖြစ်ပါတယ်။

ဘရုစ်လီဟာ ဟောင်ကောင်ရော အမေရိကန် နိုင်ငံသားပါ ဖြစ်ပါတယ်။ Dual-citizenship ရထားသူပါ။

သူဟာ ဂျစ်ကွမ်ဒို ဆိုတဲ့သိုင်းကို တီထွင်သူလည်း ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာ ဟောင်ကောင်နိုင်ငံ Kowloon Tong မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်သာရှိပါသေးတယ်။

သူ့သေဆုံးမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အခုထိ ရှိနေဆဲပါ။ တချို့က သူနဲ့ သူ့မိသားစုအပေါ် Triads လို့ ခေါ်တဲ့ ရာဇဝတ်ဂိုဏ်းရဲ့ လက်ချက်ကြောင့်လို့ ဆိုပါတယ်။

တချို့ကလည်း လျှို့ဝှက် ဆန်းကြယ် ကိစ္စရပ်တွေ၊ ကျိန်စာတွေနဲ့ ဆက်စပ်ပြီး ယူဆတာတွေ ရှိပါတယ်။

တချို့ကလည်း လူသတ်မှုလို့ ပြောကြပါတယ်။ ဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးတဲ့ မှတ်တမ်းအရတော့ ဦးနှောက် ရုတ်တရက် ရောင်ရမ်းခြင်း (Acute cerebral edema) လို့ သိရပါတယ်။

အဲဒီလို ဖြစ်ရခြင်းက Equagesic လို့ခေါ်တဲ့ ဘိန်းအနွယ်ဝင် အပြင်းစား အကိုက်အခဲ ပျောက်ဆေး တစ်မျိုးကြောင့် ဖြစ်ရတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လာမယ့် သြဂုတ်လ ၂၅ ရက်မှာ ဘရုစ်လီရဲ့ ဘဝ တစ်စိတ်တစ်ပိုင်း အကြောင်း ဖြစ်ရပ်မှန် တချို့နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ Birth of the Dragon ဇာတ်ကားလည်း ထွက်လာတော့မှာပါ။

အောက်ပါပုံကတော့ ဘရုစ်လီနဲ့ သူ့ဆရာ IP Man တို့ တွဲရိုက်ထားတဲ့ ရှားပါး မှတ်တမ်းဓာတ်ပုံ ဖြစ်ပါတယ်။

Credit

Zawgyi

ဘ႐ုစ္လီ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆုံးပါးသြားရတဲ့အဓိကအေၾကာင္းအရင္း

ဘ႐ုစ္လီ ဘာေၾကာင့္ ေ.သ.ဆုံးခဲ့တာလဲ?

ဘ႐ုစ္လီဟာ အေမရိကန္မွာေမြးတဲ့ေဟာင္ေကာင္လူမ်ိဳး ႐ုပ္ရွင္မင္းသား၊ ဒါ႐ိုက္တာ၊ သိုင္းပညာရွင္နဲ႔ အေတြးအေခၚ ပညာရွင္ျဖစ္ပါတယ္။

သူ႔ကို ၁၉၄၀ ခုႏွစ္ ႏိုဝင္ဘာ ၂၇ ရက္မွာ ေမြးဖြားခဲ့ပါတယ္။ နာမည္အရင္းကေတာ့ Lee Jun-fan 李振藩 ျဖစ္ပါတယ္။

ဘ႐ုစ္လီဟာ ေဟာင္ေကာင္ေရာ အေမရိကန္ ႏိုင္ငံသားပါ ျဖစ္ပါတယ္။ Dual-citizenship ရထားသူပါ။

သူဟာ ဂ်စ္ကြမ္ဒို ဆိုတဲ့သိုင္းကို တီထြင္သူလည္း ျဖစ္ပါတယ္။ ၁၉၇၃ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္မွာ ေဟာင္ေကာင္ႏိုင္ငံ Kowloon Tong ၿမိဳ႕မွာ ကြယ္လြန္သြားခဲ့ပါတယ္။

ကြယ္လြန္ခ်ိန္မွာ အသက္ ၃၂ ႏွစ္သာရွိပါေသးတယ္။

သူ႔ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အျငင္းပြားစရာေတြ အခုထိ ရွိေနဆဲပါ။ တခ်ိဳ႕က သူနဲ႔ သူ႔မိသားစုအေပၚ Triads လို႔ ေခၚတဲ့ ရာဇဝတ္ဂိုဏ္းရဲ႕ လက္ခ်က္ေၾကာင့္လို႔ ဆိုပါတယ္။

တခ်ိဳ႕ကလည္း လွ်ိဳ႕ဝွက္ ဆန္းၾကယ္ ကိစၥရပ္ေတြ၊ က်ိန္စာေတြနဲ႔ ဆက္စပ္ၿပီး ယူဆတာေတြ ရွိပါတယ္။

တခ်ိဳ႕ကလည္း လူသတ္မႈလို႔ ေျပာၾကပါတယ္။ ဆရာဝန္ရဲ႕ ရင္ခြဲစစ္ေဆးတဲ့ မွတ္တမ္းအရေတာ့ ဦးေႏွာက္ ႐ုတ္တရက္ ေရာင္ရမ္းျခင္း (Acute cerebral edema) လို႔ သိရပါတယ္။

အဲဒီလို ျဖစ္ရျခင္းက Equagesic လို႔ေခၚတဲ့ ဘိန္းအႏြယ္ဝင္ အျပင္းစား အကိုက္အခဲ ေပ်ာက္ေဆး တစ္မ်ိဳးေၾကာင့္ ျဖစ္ရတယ္လို႔ မွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

လာမယ့္ ၾသဂုတ္လ ၂၅ ရက္မွာ ဘ႐ုစ္လီရဲ႕ ဘဝ တစ္စိတ္တစ္ပိုင္း အေၾကာင္း ျဖစ္ရပ္မွန္ တခ်ိဳ႕နဲ႔ ေပါင္းစပ္ၿပီး ႐ိုက္ကူးထားတဲ့ Birth of the Dragon ဇာတ္ကားလည္း ထြက္လာေတာ့မွာပါ။

ေအာက္ပါပုံကေတာ့ ဘ႐ုစ္လီနဲ႔ သူ႔ဆရာ IP Man တို႔ တြဲ႐ိုက္ထားတဲ့ ရွားပါး မွတ္တမ္းဓာတ္ပုံ ျဖစ္ပါတယ္။

Credit