ဘရာဇီးကားအေရာင္းျပခန္းတစ္ခုမွာ အေရာင္းဝန္ထမ္းျဖစ္လာတဲ့ ေခြးေလး Tucson Prime

Unicode

ဘရာဇီးနိုင်ငံက ကားအရောင်းပြခန်းတစ်ခုမှာ ထူးခြားတဲ့အရောင်းဝန်ထမ်းသစ်လေးရှိပါတယ်။

အဲဒီဝန်ထမ်း သစ်လေးကတော့ အသက်တစ်နှစ်အရွယ်ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။ ခွေလေးရဲ့နာမည်ကတော့ Tucson Prime လို့ခေါ်ဝေါ်ပါတယ်။

ဘရာဇီးနိုင်ငံ၊ Espirito Santo မှာရှိတဲ့ Hyundai showroom တစ်ခုမှာ ခွေးလေး Tucson Prime ကို ဝန်ထမ်းသစ်အဖြစ် ဝန်ထမ်းကတ် အကျအနပြုလုပ်ပြီး ခန့်အပ်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Tucson Prime လေးနဲ့ အခုလို ကားအရောင်းပြခန်းဝန်ထမ်းလေး ဖြစ်လာရတဲ့ ဇာတ်လမ်းလေးဟာ အင်တာနက်သုံးစွဲသူတွေ ကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

Tucson လေးဟာ အရင်တုန်းက အဲဒီကားအရောင်းပြခန်းဝန်းကျင်မှာ ကျင်လည်ကျက်စားလေ့ရှိတဲ့

လမ်းဘေး ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ showroom မှာရှိတဲ့ ဝန်ထမ်းတွေဟာ သိတတ်လိမ္မာတဲ့ခွေးလေးကို အစာ ကျွေးရင်း ကစားရင်းနဲ့ တဖြည်းဖြည်း မိတ်ဆွေရင်းတွေလို မိသားစုဝင်တွေလို ရင်းနှီးလာပါတယ်။

အဲဒီလိုနဲ့ Tucson လေးဟာ ဝန်ထမ်းတစ်ဦးသဖွယ်ဖြစ်လာခဲ့ပြီး သူ့အတွက်ဝန်ထမ်းကတ်လေးတောင် သီးသန့်လုပ်ပေးခဲ့ကြပါတယ်။ အခုဆိုရင်တော့သူဟာ အဲဒီကားအရောင်းပြခန်းရဲ့ ဂုဏ်ထူးဆောင်အရောင်းဝန်ထမ်းလေးတစ်ဦး ဖြစ်နေပါပြီ။

ကားအရောင်းပြခန်းမှာ ဝန်ထမ်းအဖြစ်ခန့်အပ်ခံထားရတဲ့ ခွေးလေးရဲ့ဇာတ်လမ်းဟာ အခုနှစ်၊ မေလလောက် တုန်းက Twitter မှာတင်ပြီး လူသိများသွားခဲ့တာဖြစ်ပါတယ်။ ခွေးလေး Tucson Prime ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်နေ့က အဲဒီ showroom outlet ကနေ မွေးစားခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ အဲဒီ showroom က Instagram မှာ Tucson လေးအကြောင်း ပို့စ်တစ်ခု တင်လိုက်ရာကစလို့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှုပိုမိုမြင့်တက်လာခဲ့ပါတယ်။ အဲဒီ Intagram ပို့စ်မှာ Tucson လေးကို showroom ရဲ့မိသားစုဝင်တစ်ယောက်အဖြစ် ညွှန်းဆိုရေးသားထားပါ တယ်။

Crd

Zawgyi

ဘရာဇီးႏိုင္ငံက ကားအေရာင္းျပခန္းတစ္ခုမွာ ထူးျခားတဲ့အေရာင္းဝန္ထမ္းသစ္ေလးရွိပါတယ္။ အဲဒီဝန္ထမ္း သစ္ေလးကေတာ့ အသက္တစ္ႏွစ္အ႐ြယ္ေခြးေလးတစ္ေကာင္ ျဖစ္ပါတယ္။ ေခြေလးရဲ႕နာမည္ကေတာ့ Tucson Prime လို႔ေခၚေဝၚပါတယ္။

ဘရာဇီးႏိုင္ငံ၊ Espirito Santo မွာရွိတဲ့ Hyundai showroom တစ္ခုမွာ ေခြးေလး

Tucson Prime ကို ဝန္ထမ္းသစ္အျဖစ္ ဝန္ထမ္းကတ္ အက်အနျပဳလုပ္ၿပီး ခန႔္အပ္ထားတာျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ Tucson Prime ေလးနဲ႔ အခုလို ကားအေရာင္းျပခန္းဝန္ထမ္းေလး ျဖစ္လာရတဲ့ ဇာတ္လမ္းေလးဟာ အင္တာနက္သုံးစြဲသူေတြ ၾကားမွာ ေရပန္းစားလာခဲ့ပါတယ္။

Tucson ေလးဟာ အရင္တုန္းက အဲဒီကားအေရာင္းျပခန္းဝန္းက်င္မွာ က်င္လည္က်က္စားေလ့ရွိတဲ့ လမ္းေဘး ေခြးေလးတစ္ေကာင္ျဖစ္ပါတယ္။ showroom မွာရွိတဲ့ ဝန္ထမ္းေတြဟာ သိတတ္လိမၼာတဲ့ေခြးေလးကို အစာ ေကြၽးရင္း ကစားရင္းနဲ႔ တျဖည္းျဖည္း မိတ္ေဆြရင္းေတြလို မိသားစုဝင္ေတြလို ရင္းႏွီးလာပါတယ္။

အဲဒီလိုနဲ႔ Tucson ေလးဟာ ဝန္ထမ္းတစ္ဦးသဖြယ္ျဖစ္လာခဲ့ၿပီး သူ႔အတြက္ဝန္ထမ္းကတ္ေလးေတာင္

သီ.းသန႔္လုပ္ေပးခဲ့ၾကပါတယ္။ အခုဆိုရင္ေတာ့သူဟာ အဲဒီကားအေရာင္းျပခန္းရဲ႕ ဂုဏ္ထူးေဆာင္အေရာင္းဝန္ထမ္းေလးတစ္ဦး ျဖစ္ေနပါၿပီ။

ကားအေရာင္းျပခန္းမွာ ဝန္ထမ္းအျဖစ္ခန႔္အပ္ခံထားရတဲ့ ေခြးေလးရဲ႕ဇာတ္လမ္းဟာ အခုႏွစ္၊ ေမလေလာက္ တုန္းက Twitter မွာတင္ၿပီး လူသိမ်ားသြားခဲ့တာျဖစ္ပါတယ္။ ေခြးေလး Tucson Prime ကို ၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၂၁ ရက္ေန႔က အဲဒီ showroom outlet ကေန ေမြးစားခဲ့တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကေတာ့ အဲဒီ showroom က Instagram မွာ Tucson ေလးအေၾကာင္း ပို႔စ္တစ္ခု တင္လိုက္ရာကစလို႔ ဆိုရွယ္မီဒီယာသုံးစြဲသူေတြၾကားမွာ စိတ္ဝင္စားမႈပိုမိုျမင့္တက္လာခဲ့ပါတယ္။ အဲဒီ Intagram ပို႔စ္မွာ Tucson ေလးကို showroom ရဲ႕မိသားစုဝင္တစ္ေယာက္အျဖစ္ ၫႊန္းဆိုေရးသားထားပါ တယ္။

Crd