စိန္ ဘာေၾကာင့္ မာေက်ာသလဲဆိုတာ အေျဖထုတ္ေပးခဲ့တဲ့ ႏိုဗယ္ဆုရွင္ သားအဖ

Unicode

စိန်ဟာ ကမ္ဘာပေါ်မှာ အမာကျောဆုံး အရာတစ်ခုလို့ သိထားကြပါတယ်။ ဘာကြောင့် မာကျောမှု မြင့်မားရသလဲဆိုရင် 3D ရာဇမတ်ကွက်ပုံစံ

(lattice structure) ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ကာဗွန်အက်တမ်တွေကြောင့်ပါ။ X-ray diffraction နည်းပညာ အသုံးပြု ခွဲခြမ်းစိတ်ဖြာမှုမှာ ပထမဆုံး ထွက်ပေါ်လာတာ စိန်ရဲ့ပုံဆောင်ခဲဖွဲ့စည်းပုံပါပဲ။

ပုံဆောင်ခဲထဲမှာ အက်တမ်တွေ ဘယ်လိုဖြစ်တည်နေလဲဆိုတာ သိရဖို့ X-ray ရိုက်ကြည့်တဲ့ နည်းပညာကို X-ray diffraction လို့ ခေါ်ပါတယ်။

အဲဒီနည်းပညာကို ဝီလျံဘရက်ဂျ်နဲ့ လောရင့်ဘရက်ဂျ်တို့ သားအဖနှစ်ယောက်က စတင်တီထွင်ခဲ့တာပါ။

၁၉၁၃ ခုနှစ် ဇူလိုင်လကုန်မှာ သူတို့က စိန်ရဲ့ပုံဆောင်ခဲဖြစ်တည်မှုကို ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။ သူတို့ရဲ့တွေ့ရှိမှုဟာ

အဲဒီခေတ်တုန်းက ဒြပ်ထုပစ္စည်းတွေထဲက ဓာတုဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ အမြင်တွေကို တော်လှန်ပြောင်းလဲနိုင်ခဲ့ပါတယ်။

သူတို့သားအဖေဟာ ပုံဆောင်ခဲဖြစ်တည်မှုကို X-ray နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်အောင် ကြံဆောင်ခဲ့တဲ့အတွက် ၁၉၁၅ ခုနှစ်မှာ ရူပဗေဒ နိုဗယ်ဆု ဆွတ်ခူးခဲ့ပါတယ်။

Ref: The Structure of the Diamond

NZ (ရိုးရာလေး)

Crd

Zawgyi

စိန္ဟာ ကမာၻေပၚမွာ အမာေက်ာဆုံး အရာတစ္ခုလို႔ သိထားၾကပါတယ္။ ဘာေၾကာင့္ မာေက်ာမႈ ျမင့္မားရသလဲဆိုရင္ 3D ရာဇမတ္ကြက္ပုံစံ

(lattice structure) ဖြဲ႕စည္းျဖစ္ေပၚေနတဲ့ ကာဗြန္အက္တမ္ေတြေၾကာင့္ပါ။ X-ray diffraction နည္းပညာ အသုံးျပဳ ခြဲျခမ္းစိတ္ျဖာမႈမွာ ပထမဆုံး ထြက္ေပၚလာတာ စိန္ရဲ႕ပုံေဆာင္ခဲဖြဲ႕စည္းပုံပါပဲ။

ပုံေဆာင္ခဲထဲမွာ အက္တမ္ေတြ ဘယ္လိုျဖစ္တည္ေနလဲဆိုတာ သိရဖို႔ X-ray ႐ိုက္ၾကည့္တဲ့ နည္းပညာကို X-ray diffraction လို႔ ေခၚပါတယ္။

အဲဒီနည္းပညာကို ဝီလ်ံဘရက္ဂ်္နဲ႔ ေလာရင့္ဘရက္ဂ်္တို႔ သားအဖႏွစ္ေယာက္က စတင္တီထြင္ခဲ့တာပါ။

၁၉၁၃ ခုႏွစ္ ဇူလိုင္လကုန္မွာ သူတို႔က စိန္ရဲ႕ပုံေဆာင္ခဲျဖစ္တည္မႈကို ပုံႏွိပ္ေဖာ္ျပခဲ့ၾကပါတယ္။ သူတို႔ရဲ႕ေတြ႕ရွိမႈဟာ

အဲဒီေခတ္တုန္းက ျဒပ္ထုပစၥည္းေတြထဲက ဓာတုဖြဲ႕စည္းပုံနဲ႔ပတ္သက္တဲ့ အျမင္ေတြကို ေတာ္လွန္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

သူတို႔သားအေဖဟာ ပုံေဆာင္ခဲျဖစ္တည္မႈကို X-ray နဲ႔ ခြဲျခမ္းစိတ္ျဖာႏိုင္ေအာင္ ႀကံေဆာင္ခဲ့တဲ့အတြက္ ၁၉၁၅ ခုႏွစ္မွာ ႐ူပေဗဒ ႏိုဗယ္ဆု ဆြတ္ခူးခဲ့ပါတယ္။

Ref: The Structure of the Diamond

NZ (႐ိုးရာေလး)

Crd