ေနေရာင္မထိုးေအာင္ ကာကြယ္ႏိုင္စြမ္းရွိတဲ့ အာဖရိကက်ားသစ္(Cheetah) မ်က္ရည္စီးေၾကာင္းရာ

Unicode

အာဖရိကကျားသစ်တွေရဲ့ မျက်ရည်စီးကြောင်းရာဟာ သူ့မျက်လုံးတွေကို နေမထိုးအောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ (အမေရိကန်ဖွတ်ဘော ကစားသမားတချို့ မျက်လုံးအောက်မှာ အနက်ရောင်ခြယ်သကြတာ အဲဒါကြောင့်ပါပဲ)

အာဖရိကကျားသစ်တွေဟာ နေ့ဘက်မှာ အမဲလိုက်ထွက်လေ့ရှိပြီး ညဘက်ထက်စာရင် နေ့ဘက်မှာ အမြင်အာရုံ ပိုအားကောင်းပါတယ်။

ဘာကြောင့်လဲဆိုတော့ အာဖရိကကျားသစ်တွေဟာ တခြားကြောင်မျိုးစိတ်ဝင်တွေနဲ့ နှိုင်းယှဉ်ရင် သူတို့ရဲ့ မြင်လွှာမှာ ပုံရိပ်ဖမ်းယူတဲ့ ထုချွန်ပုံပုံရိပ်ဖမ်းဆဲလ် (အလင်းရောင်ရချိန်မှာ အလုပ်လုပ်) ပိုများပြီး၊ တုတ်ချောင်းပုံ ပုံရိပ်ဖမ်းဆဲလ် (အမှောင်မှာ အလုပ်လုပ်) ပိုနည်းလို့ပါပဲ။

နေ့ဘက်မှာဆို အာဖရိကကျားသစ်တွေက သားကောင်ကို ၅ ကီလိုမီတာ ( ၃.၁ မိုင်) အကွာအဝေးကနေတောင် လှမ်းမြင်နိုင်ပြီး သူတို့ရဲ့မြင်ကွင်းအကျယ်အဝန်းက ၂၁၀ ဒီဂရီအထိ (လူသားတွေရဲ့မြင်ကွင်းကျယ်ဝန်းမှုက ၁၄၀ ဒီဂရီသာ ရှိ) ရှိပါတယ်။

Ref: For Cheetahs Speed Is Important, but So Is Eyesight

Crd

Zawgyi

အာဖရိကက်ားသစ္ေတြရဲ႕ မ်က္ရည္စီးေၾကာင္းရာဟာ သူ႔မ်က္လုံးေတြကို ေနမထိုးေအာင္ ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။ (အေမရိကန္ဖြတ္ေဘာ ကစားသမားတခ်ိဳ႕ မ်က္လုံးေအာက္မွာ အနက္ေရာင္ျခယ္သၾကတာ အဲဒါေၾကာင့္ပါပဲ)

အာဖရိကက်ားသစ္ေတြဟာ ေန႔ဘက္မွာ အမဲလိုက္ထြက္ေလ့ရွိၿပီး ညဘက္ထက္စာရင္ ေန႔ဘက္မွာ အျမင္အာ႐ုံ ပိုအားေကာင္းပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အာဖရိကက်ားသစ္ေတြဟာ တျခားေၾကာင္မ်ိဳးစိတ္ဝင္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ သူတို႔ရဲ႕ ျမင္လႊာမွာ ပုံရိပ္ဖမ္းယူတဲ့ ထုခြၽန္ပုံပုံရိပ္ဖမ္းဆဲလ္ (အလင္းေရာင္ရခ်ိန္မွာ အလုပ္လုပ္) ပိုမ်ားၿပီး၊ တုတ္ေခ်ာင္းပုံ ပုံရိပ္ဖမ္းဆဲလ္ (အေမွာင္မွာ အလုပ္လုပ္) ပိုနည္းလို႔ပါပဲ။

ေန႔ဘက္မွာဆို အာဖရိကက်ားသစ္ေတြက သားေကာင္ကို ၅ ကီလိုမီတာ ( ၃.၁ မိုင္) အကြာအေဝးကေနေတာင္ လွမ္းျမင္ႏိုင္ၿပီး သူတို႔ရဲ႕ျမင္ကြင္းအက်ယ္အဝန္းက ၂၁၀ ဒီဂရီအထိ (လူသားေတြရဲ႕ျမင္ကြင္းက်ယ္ဝန္းမႈက ၁၄၀ ဒီဂရီသာ ရွိ) ရွိပါတယ္။

Ref: For Cheetahs Speed Is Important, but So Is Eyesight

Crd