Unicode
လူသားတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် မှိုများသည် နေရာအနှံမှာပေါက်ရောက်ကြပြီး စားလို့ရတဲ့မှိုနဲ့ စားသုံးဖို့မသင့်သောမှိုများဆိုတာရှိ၍ အမျိုးမျိုးသောပုံစံတွေနဲ့ ကွဲပြားစွာ ပေါက်ရောက်လေ့ရှိသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွေရှိ Umbrella Ginsengမှိုအမျိုးအစားသည် သာမန်မှိုတွေပေါက်ရောက်ပုံနဲ့မတူပဲ ပုရွတ်ဆိတ်များရဲ့ အသိုက်တွေမှာ ပေါက်ရောက်လေ့ရှိသည်။
မှိုရဲ့ပုံသဏ္ဌာန်မှာ လုံးဝန်းနေပြီး အမည်းရောင်၊မီးခိုရောင်နဲ့ အချင်း၇စင်တီမီတာရှိ၍ မိုးရွာသည့်အခါ မိုးချိန်းသည့်အခါတွေမှာ ထွက်ပေါ်လာတတ်ပြီး အပြင်ဖက်အခွံသည် အလွန်မာကျောလျက်ရှိသည်။
မှိုရဲ့အပြင်ဖက်ကသာ မည်းနက်နေသော်လည်း အတွင်းပိုင်းသားလေးကတော့ ဖြူဖွေးနေကာ အိပ်မပျော်ခြင်း၊သွေးတိုးခြင်းနဲ့ ကျန်းမာရေးကို
ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိ၍ အရည်အသွေးကောင်းမွန်သည့် ဆေးဖက်ဝင်တစ်မျိုးဖြစ်ပြီး ဗီယက်နမ်ငွေ သန်းနဲ့ချီတဲ့ထိပေါက်ဈေးရှိခဲ့သည်။
Rain (For Ialinks)
Crd
Zawgyi
လူသားတို႔ေနထိုင္ရာ ပတ္ဝန္းက်င္တြင္ မႈိမ်ားသည္ ေနရာအႏွံမွာေပါက္ေရာက္ၾကၿပီး စားလို႔ရတဲ့မႈိနဲ႔ စားသုံးဖို႔မသင့္ေသာမႈိမ်ားဆိုတာရွိ၍ အမ်ိဳးမ်ိဳးေသာပုံစံေတြနဲ႔ ကြဲျပားစြာ ေပါက္ေရာက္ေလ့ရွိသည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ ေက်းလက္ေဒသေတြရွိ Umbrella Ginsengမႈိအမ်ိဳးအစားသည္ သာမန္မႈိေတြေပါက္ေရာက္ပုံနဲ႔မတူပဲ ပု႐ြတ္ဆိတ္မ်ားရဲ႕ အသိုက္ေတြမွာ ေပါက္ေရာက္ေလ့ရွိသည္။
မႈိရဲ႕ပုံသဏၭာန္မွာ လုံးဝန္းေနၿပီး အမည္းေရာင္၊မီးခိုေရာင္နဲ႔ အခ်င္း၇စင္တီမီတာရွိ၍ မိုး႐ြာသည့္အခါ မိုးခ်ိန္းသည့္အခါေတြမွာ ထြက္ေပၚလာတတ္ၿပီး အျပင္ဖက္အခြံသည္ အလြန္မာေက်ာလ်က္ရွိသည္။
မႈိရဲ႕အျပင္ဖက္ကသာ မည္းနက္ေနေသာ္လည္း အတြင္းပိုင္းသားေလးကေတာ့ ျဖဴေဖြးေနကာ အိပ္မေပ်ာ္ျခင္း၊ေသြးတိုးျခင္းနဲ႔ က်န္းမာေရးကို
ထိန္းညႇိေပးႏိုင္တဲ့ အာနိသင္ရွိ၍ အရည္အေသြးေကာင္းမြန္သည့္ ေဆးဖက္ဝင္တစ္မ်ိဳးျဖစ္ၿပီး ဗီယက္နမ္ေငြ သန္းနဲ႔ခ်ီတဲ့ထိေပါက္ေစ်းရွိခဲ့သည္။
Rain (For Ialinks)
Crd