
Unicode

နှစ်မြုပ်နေတဲ့သင်္ဘောပေါ်က ကြောင်လေးတွေကို ကူကယ်ပေးခဲ့တဲ့အပြင် မွေးစားပေးခဲ့ကြသူများ

မတ်လ 2 ရက်နေ့က ထိုင်းရေတပ်အရာရှိတွေဟာ ဓာတ်ဆီယိုဖိတ်မှုကြောင့် ငါးဖမ်း သင်္ဘောတစ်စီးမီးလောင်ကျွမ်းခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့တယ်ဆိုတဲ့သတင်းကိုလက်ခံရရှိပြီးနောက် အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့ချိန်မှာတော့ သင်္ဘောဟာရေပြင်အထက် 3 မီတာအကွာတာနစ်မြုပ်ဖို့ ကျန်ရစ်နေခဲ့တာပါ ။

အံ့သြဖို့ကောင်းတာကတော့ အဆိုပါ သင်္ဘောရဲ့ကျန်ရှိနေတဲ့အပိုင်းလေးပေါ်မှာ ကြောင်လေး 4 ကောင်က တွဲခိုနေပြီး အကူအညီတောင်းခံနေခဲ့လို့ပါပဲ ။

ရေတပ်သားတွေကလည်း အထူးတလည်ဘားမှမစဉ်းစားတော့ဘဲ ရေထဲခုန်ဆင်းကာ အဆိုပါကြောင်လေးတွေကို အကုန်သွားရောက်ကယ်တင်ပေးခဲ့ကြပါတယ် ။ ကြောင်လေးတွေက ထိခိုက်ဒဏ်ရာရရှိခြင်းမျိုးမရှိလဲ ကျန်းမာရေးအခြေအနေကောင်းမွန်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

အဆိုပါ ငါးဖမ်းသင်္ဘောပေါ်မှာပါရှိခဲ့တဲ့ သင်္ဘောသား8 ဦးမှာလည်း ရေတပ်သားတွေ မရောက်လာခင် သင်္ဘောနစ်မြုပ်ပြီဆိုတာနဲ့ ရေထဲခုန်ချခဲ့ကြတာဖြစ်ကြောင်း နှင့် ၎င်းတို့ကိုတော့ ဖြတ်သွားဖြတ်လာ ငါးဖမ်းသင်္ဘောတစ်စီးက ကယ်တင်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

လက်ရှိမှာတော့ အဆိုပါကြောင်လေးတွေကို ရေတပ်သားတွေက ကယ်တင်ပေးခဲ့ကြပြီး ၊ ပြုစုစောင်ရှောက်ထားကာ အပြီးတိုင်မွေးစားခဲ့ပြီဖြစ်ကြောင်း သိရပါတယ် ။ ကြောင်လေးတွေကလည်း ရေတပ်သားတွေနဲ့ အတော်လေးခင်မင်ရင်းနှီးနေပြီး တစ်ကယ့်ကို အချွဲစိန်လေးတွေဖြစ်နေကြပါပြီ ။

Crd

Zawgyi







Crd