ဆိုင္ယာႏိုက္ထက္ အဆ ၁၂၀၀ အဆိပ္ပိုျပင္းတဲ့ ငါးပူတင္း

Unicode

ငါးပူတင်း (Fugu or blowfish)ဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး ငါးတစ်မျိုးဖြစ်ပြီး ဆိုင်ယာနိုက်ထက် အဆ ၁၂၀၀ ပိုပြီး အဆိပ်ပြင်းပါတယ်။

ငါးပူတင်းတစ်ကောင်မှာ ငါးသားဥက အဆိပ်အပြင်းဆုံးဖြစ်ပြီး အရေခွံ၊ အသည်း၊ အူတွေမှာလည်း အဆိပ်ပါပါတယ်။ Tetrodotoxin အဆိပ်မိရင်

ပါးစပ်တစ်ဝိုက် ထုံလာမှာဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားမရဖြစ်ကာ အသက်ဆုံးရှုံးတတ်ပါတယ်။

ငါးပူတင်းတစ်ကောင်မှာ လူ ၃၀ သေစေနိုင်လောက်တဲ့ အဆိပ်ပမာဏ ပါဝင်ပြီး ငါးပူတင်းအဆိပ်မိရင် ဖြေဆေးလည်း မရှိပါဘူး။

နာရီဝက်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုသမှု ခံယူမှသာ အသက်ဘေးက လွတ်မြောက်နိုင်ခြေ ရှိပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံမှာ ငါးပူတင်းဟင်းလျာ ချက်ပြုတ်ပြင်ဆင်မယ့် စားဖိုမှူးတွေဟာ ငါးပူတင်းကို လှီးဖြတ်ပြင်ဆင်ဖို့ ၄ နှစ်ကနေ ၆ နှစ်ကြား လေ့ကျင့်သင်ယူရပြီး ငါးပူတင်းချက်ပြုတ်ခွင့်လိုင်စင် လျှောက်ထားရပါတယ်။

ငါးပူတင်း ချက်ပြုတ်ခွင့်လိုင်စင်ရှိတဲ့ စားဖိုမှူးတွေဟာ တစ်နှစ်လုပ်ခ ဂျပန်ယန်း ၃ သန်းကနေ ၅ သန်းကြား (မြန်မာငွေ သန်း ၄၀ ကနေ သန်း ၇၀ ကြား) ရရှိပါတယ်။

Crd

Zawgyi

ငါးပူတင္း (Fugu or blowfish)ဟာ ကမာၻ႔အဆိပ္အျပင္းဆုံး ငါးတစ္မ်ိဳးျဖစ္ၿပီး ဆိုင္ယာႏိုက္ထက္ အဆ ၁၂၀၀ ပိုၿပီး အဆိပ္ျပင္းပါတယ္။

ငါးပူတင္းတစ္ေကာင္မွာ ငါးသားဥက အဆိပ္အျပင္းဆုံးျဖစ္ၿပီး အေရခြံ၊ အသည္း၊ အူေတြမွာလည္း အဆိပ္ပါပါတယ္။ Tetrodotoxin အဆိပ္မိရင္

ပါးစပ္တစ္ဝိုက္ ထုံလာမွာျဖစ္ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းေတြ လႈပ္ရွားမရျဖစ္ကာ အသက္ဆုံးရႈံးတတ္ပါတယ္။

ငါးပူတင္းတစ္ေကာင္မွာ လူ ၃၀ ေသေစႏိုင္ေလာက္တဲ့ အဆိပ္ပမာဏ ပါဝင္ၿပီး ငါးပူတင္းအဆိပ္မိရင္ ေျဖေဆးလည္း မရွိပါဘူး။

နာရီဝက္အတြင္း အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကုသမႈ ခံယူမွသာ အသက္ေဘးက လြတ္ေျမာက္ႏိုင္ေျခ ရွိပါတယ္။

ဒါေၾကာင့္ ဂ်ပန္ႏိုင္ငံမွာ ငါးပူတင္းဟင္းလ်ာ ခ်က္ျပဳတ္ျပင္ဆင္မယ့္ စားဖိုမႉးေတြဟာ ငါးပူတင္းကို လွီးျဖတ္ျပင္ဆင္ဖို႔ ၄ ႏွစ္ကေန ၆ ႏွစ္ၾကား ေလ့က်င့္သင္ယူရၿပီး ငါးပူတင္းခ်က္ျပဳတ္ခြင့္လိုင္စင္ ေလွ်ာက္ထားရပါတယ္။

ငါးပူတင္း ခ်က္ျပဳတ္ခြင့္လိုင္စင္ရွိတဲ့ စားဖိုမႉးေတြဟာ တစ္ႏွစ္လုပ္ခ ဂ်ပန္ယန္း ၃ သန္းကေန ၅ သန္းၾကား (ျမန္မာေငြ သန္း ၄၀ ကေန သန္း ၇၀ ၾကား) ရရွိပါတယ္။

Crd