Unicode
လက်ဘနွန်နိုင်ငံ ဘေရုမြို့ ၌ အမျိုးသမီးတဦးသည် ဘဏ်တခုထဲသို့ဝင်ရောက်ပြီး အရုပ်သေနတ်ဖြင့် ခြိမ်းခြောက်ကာ ထုတ်မရဘဲ ပိတ်မိနေသည့် ၎င်း၏ဘဏ်အပ်ငွေ ဒေါ်လာ ၁၃၀၀၀ ကို ထုတ်ယူခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။
ကင်ဆာရောဂါသည် ညီမဖြစ်သူ ဆေးကုသမှုခံယူရန် ငွေလိုအပ်နေကြောင်း ဘဏ်ထဲတွင် အရုပ်သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဆာလီ ဟာဖက်က ဒေသခံ Al-Jadeed TV သို့ ပြောဆိုခဲ့သည်။ ဘဏ်သို့ အကြိမ်ကြိမ်သွားရောက်ပြီး ဘဏ်အပ်ငွေများကို ထုတ်ယူလိုကြောင်း
ပြောဆိုခဲ့သော်လည်း တလလျှင် ဒေါ်လာ ၂၀၀ တန်ဖိုးနှင့်ညီမျှသော လက်ဘနွန်နိုင်ငံသုံးငွေပမာဏကိုသာ ထုတ်ယူခွင့်ရှိကြောင်း ဘဏ်မန်နေဂျာက ပြောဆိုခဲ့သည်ဟု ဟာဖက်က ရုပ်သံဌာနသို့ပြောဆိုခဲ့သည်။
“ကျွန်မရဲ့ ဘဏ်စာအုပ်ထဲက ငွေတွေ ထုတ်ယူပါရစေဆိုပြီး ဘဏ်ခွဲမန်နေဂျာကို အသနားခံခဲ့ပါတယ်။ ညီမဖြစ်သူက သေကောင်ပေါင်းလဲဖြစ်နေပြီ၊ နေရဖို့ အချိန်
ဘယ်လောက်မှ မကျန်တော့ဘူးလို့ ပြောခဲ့ပါတယ်၊ ပြောရမတဲ့အဆုံး မထူးဘူးဆိုပြီး လုပ်ခဲ့တာပါ”ဟု ဟာဖက်က ရုပ်သံဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
လက်ဘနွန်ရှိဘဏ်များသည် ၂၀၁၉ ခုနှစ်မှစ၍ နိုင်ငံခြားငွေထုတ်ယူမှုနှင့်ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ခဲ့သောကြောင့် လူသန်းပေါင်းများစွာသည်
အပ်နှံငွေများကို ပြန်လည်ထုတ်ယူရန် အခက်အခဲတွေ့ခဲ့သည်။ လက်ဘနွန်နိုင်ငံ၏စီးပွားရေး ကျဆင်းမှုကြောင့် လူဦးရေ၏လေးပုံံသုံးပုံသည် ဆင်းရဲမွဲတေသူ ဘဝရောက်ခဲ့သည်။
သူမဘဏ်အကောင့်ထဲတွင် ထုတ်ခွင့်မရသည့် ငွေပမာဏ ဒေါ်လာ ၂၀၀၀၀ ခန့်ရှိခဲ့ကြောင်း ဟာဖက်က ပြောသည်။ အသက် ၂၃ နှစ်အရွယ် ညီမဖြစ်သူ ကင်ဆာရောဂါအတွက်
ဆေးကုသမှုခံယူရန် ပိုင်ဆိုင်သည့် ပစ္စည်းများကို ရောင်းချခဲ့ပြီးဖြစ်ကာ နောက်ထပ်လိုအပ်သည့် ငွေများအတွက် ကျောက်ကပ်ရောင်းချရန် စဉ်းစားနေကြောင်း ဟာဖက်က ပြောဆိုခဲ့သည်။
အကျပ်အတည်းကြုံနေရသည့် လက်ဘနွန်တွင် နိုင်ငံသားအများစုသည် ဝင်ငွေထွက်ငွေမျှစေရန် မနည်းပင်ကြိုးပမ်းနေရပြီး ဘဏ်အပ်ငွေများကို ပြန်ထုတ်ခွင့်ရရေး
တောင်းဆိုနေရသည်။ ကိုယ့်စုဆောင်းငွေများ ပြန်လည်ရရှိရေးအတွက် အလားတူလုပ်ဆောင်ရန် ဟာဖက်က အခြားသူများအား တိုက်တွန်းထားသည်။
ဟာဖက်နှင့် ‘ဘဏ်တွင် ငွေအပ်နှံသူများ၏မကျေမနပ်သံ’ဟု အမည်ရသောအဖွဲ့မှ လှုပ်ရှားသူများသည် BLOM ဘဏ်၏ ဘဏ်ခွဲတခုသို့သွားရောက်ပြီး မန်နေဂျာရုံးခန်းထဲသို့
အတင်းဝင်ရောက်ခဲ့သည်။ ဟာဖက်နှင့်အပေါင်းအပါများသည် ဒေါ်လာ ၁၂၀၀၀ ကျော်နှင့် ဒေါ်လာ ၁၀၀၀ နှင့် တန်ဖိုးညီမျှသော လက်ဘနွန်ပေါင်ပမာဏတို့ကို ဘဏ်ဝန်ထမ်းများထံမှ အတင်းအကျပ်တောင်းယူခဲ့သည်။
ဘဏ်တွင်း ကျူးကျော်ဝင်ရောက်သူများသည် ဘဏ်တွင်း နေရာအနှံ့တွင် ဓာတ်ဆီလောင်းခဲ့ပြီး မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဘဏ်သို့ လာရောက်သူတဦးဖြစ်သည့် မျက်မြင်သက်သေတဦးဖြစ်သူ နာဒင်း နာခယ်ကပြောဆိုခဲ့သည်။ တောင်းသည့် ငွေကိုမရပါက
မန်နေဂျာကို သေနတ်ဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသမီးက ပြောဆိုခဲ့သည်ဟု နာခယ်က ပြောဆိုခဲ့သည်။
သူမ ဘဏ်ထဲသို့ယူဆောင်သွားသည့်သေနတ်သည် တူဖြစ်သူ၏အရုပ်သေနတ်ဖြစ်ကြောင်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။
အန္တရာယ်ပေးရန် အစီအစဉ်မရှိခဲ့ကြောင်း ဟာဖက်က ဖေ့စ်ဘုတ်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်တခုတွင် ရှင်းလင်းပြောဆိုခဲ့သည်။
“လူသတ်ချင်လို့ မီးရှို့ချင်လို့ ဘဏ်ထဲဝင်ခဲ့တာမဟုတ်ဘူး၊ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုဖို့လုပ်ခဲ့တာ”ဟု ဟာဖက်က ပြောဆိုခဲ့သည်။
လက်ဘနွန်ရှိ လူမှုမီဒီယာများတွင် ဟာဖက်ကို သူရဲကောင်းတဦးအဖြစ် ပြောဆိုရေးသားမှုများရှိနေပြီဖြစ်သည်။
လှုပ်ရှားသူတချို့သည် ဟာဖက်နှင့်အတူ ဘဏ်ထဲသို့ ဝင်ရောက်ခဲ့ပြီး အပြင်တွင် ကျန်ရစ်ခဲ့သူများကလည်း ဝင်ပေါက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဟာဖက်သည် နောက်ဆုံးတွင် ငွေများကို ပလတ်စတစ်အိတ်ဖြင့် ထည့်ကာပြန်ထွက်လာနိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။
ဘဏ်အပြင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေနတ်တလက်ကိုင်ဆောင်ထားသည့် အမျိုးသားတဦးအပါအဝင် လှုပ်ရှားသူအများအပြားကို ဖမ်းဆီးခဲ့သည်။ ထိုအမျိုးသားကိုင်ဆောင်သည့် သေနတ် အရုပ်သေနတ်ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးချေ။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းအကြာကလည်း စားသောက်ကုန်ပစ္စည်းပို့ဆောင်သည့် ယာဉ်မောင်းတဦးသည် ဘေရွတ်ရှိ ဘဏ်ခွဲတခုတွင်း ဝင်ရောက်ပြီး လူ ၁၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ၎င်း၏ထုတ်မရဘဲပိတ်မိနေသည့် ဘဏ်စုငွေများကို ထုတ်ပေးရန် တောင်းဆိုခဲ့သေးသည်။ အဆိုပါယာဉ်မောင်းကို နိုင်ငံသားများက သူရဲကောင်းအဖြစ် ပြောဆိုခဲ့ကြသည်။
“အစိုးရလည်းမရှိဘူး၊ စီးပွားရေးပြန်လည်ဦးမော့ဖို့လည်းမရှိဘူး၊ အရန်ငွေလည်းမရှိဘူး”ဟု ‘ဘဏ်တွင် ငွေအပ်နှံသူများ၏မကျေမနပ်သံ’ အဖွဲ့ခေါင်းဆောင်က ပြောသည်။ လူများသည် ကိုယ့်တရားကိုယ်စီရင်ရုံမှ လွဲ၍ ရွေးချယ်စရာမရှိတော့ကြောင်း ၎င်းကပြောဆိုခဲ့သည်။
သက်အေး
Crd
Zawgyi
လက္ဘႏြန္ႏိုင္ငံ ေဘ႐ုၿမိဳ႕ ၌ အမ်ိဳးသမီးတဦးသည္ ဘဏ္တခုထဲသို႔ဝင္ေရာက္ၿပီး အ႐ုပ္ေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ ထုတ္မရဘဲ ပိတ္မိေနသည့္ ၎၏ဘဏ္အပ္ေငြ ေဒၚလာ ၁၃၀၀၀ ကို ထုတ္ယူခဲ့ေၾကာင္း ေအပီသတင္းဌာနက ေဖာ္ျပခဲ့သည္။
ကင္ဆာေရာဂါသည္ ညီမျဖစ္သူ ေဆးကုသမႈခံယူရန္ ေငြလိုအပ္ေနေၾကာင္း ဘဏ္ထဲတြင္ အ႐ုပ္ေသနတ္ျပကာ ၿခိမ္းေျခာက္ခဲ့သည့္ ဆာလီ ဟာဖက္က ေဒသခံ Al-Jadeed TV သို႔ ေျပာဆိုခဲ့သည္။ ဘဏ္သို႔ အႀကိမ္ႀကိမ္သြားေရာက္ၿပီး ဘဏ္အပ္ေငြမ်ားကို ထုတ္ယူလိုေၾကာင္း
ေျပာဆိုခဲ့ေသာ္လည္း တလလွ်င္ ေဒၚလာ ၂၀၀ တန္ဖိုးႏွင့္ညီမွ်ေသာ လက္ဘႏြန္ႏိုင္ငံသုံးေငြပမာဏကိုသာ ထုတ္ယူခြင့္ရွိေၾကာင္း ဘဏ္မန္ေနဂ်ာက ေျပာဆိုခဲ့သည္ဟု ဟာဖက္က ႐ုပ္သံဌာနသို႔ေျပာဆိုခဲ့သည္။
“ကြၽန္မရဲ႕ ဘဏ္စာအုပ္ထဲက ေငြေတြ ထုတ္ယူပါရေစဆိုၿပီး ဘဏ္ခြဲမန္ေနဂ်ာကို အသနားခံခဲ့ပါတယ္။ ညီမျဖစ္သူက ေသေကာင္ေပါင္းလဲျဖစ္ေနၿပီ၊ ေနရဖို႔ အခ်ိန္
ဘယ္ေလာက္မွ မက်န္ေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္၊ ေျပာရမတဲ့အဆုံး မထူးဘူးဆိုၿပီး လုပ္ခဲ့တာပါ”ဟု ဟာဖက္က ႐ုပ္သံဌာနႏွင့္ ျပဳလုပ္ေသာ ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျပာဆိုခဲ့သည္။
လက္ဘႏြန္ရွိဘဏ္မ်ားသည္ ၂၀၁၉ ခုႏွစ္မွစ၍ ႏိုင္ငံျခားေငြထုတ္ယူမႈႏွင့္ပတ္သက္၍ တင္းက်ပ္ေသာ စည္းမ်ဥ္းမ်ားကို ခ်မွတ္ခဲ့ေသာေၾကာင့္ လူသန္းေပါင္းမ်ားစြာသည္
အပ္ႏွံေငြမ်ားကို ျပန္လည္ထုတ္ယူရန္ အခက္အခဲေတြ႕ခဲ့သည္။ လက္ဘႏြန္ႏိုင္ငံ၏စီးပြားေရး က်ဆင္းမႈေၾကာင့္ လူဦးေရ၏ေလးပုံံသုံးပုံသည္ ဆင္းရဲမြဲေတသူ ဘဝေရာက္ခဲ့သည္။
သူမဘဏ္အေကာင့္ထဲတြင္ ထုတ္ခြင့္မရသည့္ ေငြပမာဏ ေဒၚလာ ၂၀၀၀၀ ခန႔္ရွိခဲ့ေၾကာင္း ဟာဖက္က ေျပာသည္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ညီမျဖစ္သူ ကင္ဆာေရာဂါအတြက္
ေဆးကုသမႈခံယူရန္ ပိုင္ဆိုင္သည့္ ပစၥည္းမ်ားကို ေရာင္းခ်ခဲ့ၿပီးျဖစ္ကာ ေနာက္ထပ္လိုအပ္သည့္ ေငြမ်ားအတြက္ ေက်ာက္ကပ္ေရာင္းခ်ရန္ စဥ္းစားေနေၾကာင္း ဟာဖက္က ေျပာဆိုခဲ့သည္။
အက်ပ္အတည္းႀကဳံေနရသည့္ လက္ဘႏြန္တြင္ ႏိုင္ငံသားအမ်ားစုသည္ ဝင္ေငြထြက္ေငြမွ်ေစရန္ မနည္းပင္ႀကိဳးပမ္းေနရၿပီး ဘဏ္အပ္ေငြမ်ားကို ျပန္ထုတ္ခြင့္ရေရး
ေတာင္းဆိုေနရသည္။ ကိုယ့္စုေဆာင္းေငြမ်ား ျပန္လည္ရရွိေရးအတြက္ အလားတူလုပ္ေဆာင္ရန္ ဟာဖက္က အျခားသူမ်ားအား တိုက္တြန္းထားသည္။
ဟာဖက္ႏွင့္ ‘ဘဏ္တြင္ ေငြအပ္ႏွံသူမ်ား၏မေက်မနပ္သံ’ဟု အမည္ရေသာအဖြဲ႕မွ လႈပ္ရွားသူမ်ားသည္ BLOM ဘဏ္၏ ဘဏ္ခြဲတခုသို႔သြားေရာက္ၿပီး မန္ေနဂ်ာ႐ုံးခန္းထဲသို႔
အတင္းဝင္ေရာက္ခဲ့သည္။ ဟာဖက္ႏွင့္အေပါင္းအပါမ်ားသည္ ေဒၚလာ ၁၂၀၀၀ ေက်ာ္ႏွင့္ ေဒၚလာ ၁၀၀၀ ႏွင့္ တန္ဖိုးညီမွ်ေသာ လက္ဘႏြန္ေပါင္ပမာဏတို႔ကို ဘဏ္ဝန္ထမ္းမ်ားထံမွ အတင္းအက်ပ္ေတာင္းယူခဲ့သည္။
ဘဏ္တြင္း က်ဴးေက်ာ္ဝင္ေရာက္သူမ်ားသည္ ဘဏ္တြင္း ေနရာအႏွံ႔တြင္ ဓာတ္ဆီေလာင္းခဲ့ၿပီး မီးရႈိ႕မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း ဘဏ္သို႔ လာေရာက္သူတဦးျဖစ္သည့္ မ်က္ျမင္သက္ေသတဦးျဖစ္သူ နာဒင္း နာခယ္ကေျပာဆိုခဲ့သည္။ ေတာင္းသည့္ ေငြကိုမရပါက
မန္ေနဂ်ာကို ေသနတ္ျဖင့္ ပစ္ခတ္မည္ျဖစ္ေၾကာင္း ေသနတ္ကိုင္ေဆာင္ထားသည့္ အမ်ိဳးသမီးက ေျပာဆိုခဲ့သည္ဟု နာခယ္က ေျပာဆိုခဲ့သည္။
သူမ ဘဏ္ထဲသို႔ယူေဆာင္သြားသည့္ေသနတ္သည္ တူျဖစ္သူ၏အ႐ုပ္ေသနတ္ျဖစ္ေၾကာင္း ၎က ဝန္ခံေျပာဆိုခဲ့သည္။
အႏၲရာယ္ေပးရန္ အစီအစဥ္မရွိခဲ့ေၾကာင္း ဟာဖက္က ေဖ့စ္ဘုတ္မွတဆင့္ တိုက္႐ိုက္ထုတ္လႊင့္သည့္ ဗီဒီယိုဖိုင္တခုတြင္ ရွင္းလင္းေျပာဆိုခဲ့သည္။
“လူသတ္ခ်င္လို႔ မီးရႈိ႕ခ်င္လို႔ ဘဏ္ထဲဝင္ခဲ့တာမဟုတ္ဘူး၊ ကိုယ့္အခြင့္အေရး ကိုယ္ေတာင္းဆိုဖို႔လုပ္ခဲ့တာ”ဟု ဟာဖက္က ေျပာဆိုခဲ့သည္။
လက္ဘႏြန္ရွိ လူမႈမီဒီယာမ်ားတြင္ ဟာဖက္ကို သူရဲေကာင္းတဦးအျဖစ္ ေျပာဆိုေရးသားမႈမ်ားရွိေနၿပီျဖစ္သည္။
လႈပ္ရွားသူတခ်ိဳ႕သည္ ဟာဖက္ႏွင့္အတူ ဘဏ္ထဲသို႔ ဝင္ေရာက္ခဲ့ၿပီး အျပင္တြင္ က်န္ရစ္ခဲ့သူမ်ားကလည္း ဝင္ေပါက္တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ ဟာဖက္သည္ ေနာက္ဆုံးတြင္ ေငြမ်ားကို ပလတ္စတစ္အိတ္ျဖင့္ ထည့္ကာျပန္ထြက္လာႏိုင္ခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာဆိုခဲ့သည္။
ဘဏ္အျပင္ဘက္ရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေသနတ္တလက္ကိုင္ေဆာင္ထားသည့္ အမ်ိဳးသားတဦးအပါအဝင္ လႈပ္ရွားသူအမ်ားအျပားကို ဖမ္းဆီးခဲ့သည္။ ထိုအမ်ိဳးသားကိုင္ေဆာင္သည့္ ေသနတ္ အ႐ုပ္ေသနတ္ဟုတ္မဟုတ္ကို အတည္မျပဳႏိုင္ေသးေခ်။
လြန္ခဲ့ေသာ ရက္သတၱပတ္အနည္းအၾကာကလည္း စားေသာက္ကုန္ပစၥည္းပို႔ေဆာင္သည့္ ယာဥ္ေမာင္းတဦးသည္ ေဘ႐ြတ္ရွိ ဘဏ္ခြဲတခုတြင္း ဝင္ေရာက္ၿပီး လူ ၁၀ ဦးကို ဓားစာခံအျဖစ္ ဖမ္းဆီးကာ ၎၏ထုတ္မရဘဲပိတ္မိေနသည့္ ဘဏ္စုေငြမ်ားကို ထုတ္ေပးရန္ ေတာင္းဆိုခဲ့ေသးသည္။ အဆိုပါယာဥ္ေမာင္းကို ႏိုင္ငံသားမ်ားက သူရဲေကာင္းအျဖစ္ ေျပာဆိုခဲ့ၾကသည္။
“အစိုးရလည္းမရွိဘူး၊ စီးပြားေရးျပန္လည္ဦးေမာ့ဖို႔လည္းမရွိဘူး၊ အရန္ေငြလည္းမရွိဘူး”ဟု ‘ဘဏ္တြင္ ေငြအပ္ႏွံသူမ်ား၏မေက်မနပ္သံ’ အဖြဲ႕ေခါင္းေဆာင္က ေျပာသည္။ လူမ်ားသည္ ကိုယ့္တရားကိုယ္စီရင္႐ုံမွ လြဲ၍ ေ႐ြးခ်ယ္စရာမရွိေတာ့ေၾကာင္း ၎ကေျပာဆိုခဲ့သည္။
သက္ေအး
Crd