Unicode
ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ Xiaolei အမည်ရှိတဲ့ 7 နှစ်သားအရွယ်ကောင်လေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်လွန်းလှပါတယ် ။ အရင်ချိန်က မိဘအပြည့်အစုံနဲ့ နေရလို့ ပူပင်မှုမရှိခဲ့ပေမဲ့ တစ်ရက်မှာတော့ ဖခင်ဖြစ်သူမရှိတော့ဘူးဆိုတဲ့
သတင်းဟာ သူတို့သားအမိကို ကူကယ်ရာမဲ့ဖြစ်စေခဲ့ပါတယ် ။ ဖခင်ဖြစ်သူမရှိတော့ပေမဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်ဖြစ်သူကို အသေးစိတ် အိမ်မှုကိစ္စကအစ ဖခင်ဖြစ်သူ လုပ်ပေးခဲ့တဲ့ အလုပ်တွေအကုန်လုံးအထိကိုပါ မိခင်ဖြစ်သူအတွက် ကူလုပ်ပေးခဲ့ပါတယ် ။
မိခင်ဖြစ်သုကလည်း အလိုက်သိတတ်လွန်းပြီး မည ည်းညူဘဲ သူမအတွက်လုပ်ပေးနေတဲ့ သားလေးရဲ့ မျက်နှာလေးကိုကြည့်ပြီး အတတ်နိုင်ဆုံးအားတင်းထားကာ
ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး အကောင်းဆုံး နေထိုင်ခဲ့ပါတယ် ။ ကိုယ်ဝန်နောက်ဆုံးလ ဆေးခန်းသွားပြတဲ့အချိန်တဲ့ မိခင်အနားရှိပေးခဲ့ကာ နောက်ဆုံးမိခင် မွေးခန်းအထိ လိုက်ပါ ပေးခဲ့ပါတယ် ။
ဒါ့အပြင် ဆရာဝန်တွေကို ‘ အမေ့ကို တတ်နိုင်သလောက် ငြင်ငြင်သာသာလေး လုပ်ပေးပါ ၊ နာမှာ ကြောက်လို့ပါ ‘ ဆိုပြီး ရင်ထဲလှုပ်ခတ်သွားလောက်တဲ့အထိ မှာကြားခဲ့ပါသေးတယ် ။
ကံကောင်းစွာနဲ့ မိခင်ဖြစ်သူလည်း သူ့အတွက် ညီမလေးကို ကျန်းမာစွာ မွေးဖွားပေးနိုင်ခဲ့ပါတယ် ။ Xiaolei ကလည်း ညီမလေးကို ပွေ့ချီပြီး အပျော်ကြီးပျော်နေခဲ့တာပါ ။
မိခင်ဖြစ်သူကတော့ အစအဆုံး ကူညီပေးခဲ့တဲ့ သားဖြစ်သူကြောင့် အားအင်အပြည့်နဲ့ ရှေ့ဆက်သွားဖို့ ကြိုးစားနေလျက်ရှိပါတယ် ။
crd
Zawgyi
ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Xiaolei အမည္ရွိတဲ့ 7 ႏွစ္သားအ႐ြယ္ေကာင္ေလးဟာ အ႐ြယ္နဲ႔မလိုက္ေအာင္ သိတတ္နားလည္လြန္းလွပါတယ္ ။ အရင္ခ်ိန္က မိဘအျပည့္အစုံနဲ႔ ေနရလို႔ ပူပင္မႈမရွိခဲ့ေပမဲ့ တစ္ရက္မွာေတာ့ ဖခင္ျဖစ္သူမရွိေတာ့ဘူးဆိုတဲ့
သတင္းဟာ သူတို႔သားအမိကို ကူကယ္ရာမဲ့ျဖစ္ေစခဲ့ပါတယ္ ။ ဖခင္ျဖစ္သူမရွိေတာ့ေပမဲ့ ကိုယ္ဝန္ေဆာင္ထားရတဲ့ မိခင္ျဖစ္သူကို အေသးစိတ္ အိမ္မႈကိစၥကအစ ဖခင္ျဖစ္သူ လုပ္ေပးခဲ့တဲ့ အလုပ္ေတြအကုန္လုံးအထိကိုပါ မိခင္ျဖစ္သူအတြက္ ကူလုပ္ေပးခဲ့ပါတယ္ ။
မိခင္ျဖစ္သုကလည္း အလိုက္သိတတ္လြန္းၿပီး မည ည္းညဴဘဲ သူမအတြက္လုပ္ေပးေနတဲ့ သားေလးရဲ႕ မ်က္ႏွာေလးကိုၾကည့္ၿပီး အတတ္ႏိုင္ဆုံးအားတင္းထားကာ
ကိုယ္ဝန္ေဆာင္တစ္ေလွ်ာက္လုံး အေကာင္းဆုံး ေနထိုင္ခဲ့ပါတယ္ ။ ကိုယ္ဝန္ေနာက္ဆုံးလ ေဆးခန္းသြားျပတဲ့အခ်ိန္တဲ့ မိခင္အနားရွိေပးခဲ့ကာ ေနာက္ဆုံးမိခင္ ေမြးခန္းအထိ လိုက္ပါ ေပးခဲ့ပါတယ္ ။
ဒါ့အျပင္ ဆရာဝန္ေတြကို ‘ အေမ့ကို တတ္ႏိုင္သေလာက္ ျငင္ျငင္သာသာေလး လုပ္ေပးပါ ၊ နာမွာ ေၾကာက္လို႔ပါ ‘ ဆိုၿပီး ရင္ထဲလႈပ္ခတ္သြားေလာက္တဲ့အထိ မွာၾကားခဲ့ပါေသးတယ္ ။
ကံေကာင္းစြာနဲ႔ မိခင္ျဖစ္သူလည္း သူ႔အတြက္ ညီမေလးကို က်န္းမာစြာ ေမြးဖြားေပးႏိုင္ခဲ့ပါတယ္ ။ Xiaolei ကလည္း ညီမေလးကို ေပြ႕ခ်ီၿပီး အေပ်ာ္ႀကီးေပ်ာ္ေနခဲ့တာပါ ။
မိခင္ျဖစ္သူကေတာ့ အစအဆုံး ကူညီေပးခဲ့တဲ့ သားျဖစ္သူေၾကာင့္ အားအင္အျပည့္နဲ႔ ေရွ႕ဆက္သြားဖို႔ ႀကိဳးစားေနလ်က္ရွိပါတယ္ ။
crd